Arc1.4

12K 1K 37
                                    

သေစမ်း ရှောင်ကျန့် ဇာတ်လိုက်မကိုမှသွားတိုက်မိရတယ်လို့
''တောင်းပန်ပါတယ် မမြင်လိုက်မိလို့ပါ''
''မမြင်တာလား တမင်ဝင်တိုက်တာလား အဟက်''

ရှောင်ကျန့်လည်း ထိုဘဝင်မြင့်နေတဲ့မိန်းမကို ပညာပေးချင်တာနဲ့
''အဟင့် တကယ်တောင်းပန်တာပါ မရည်ရွယ်ပါဘူး ကျန့်ကျန့်ကလေ တမင်မလုပ်ပါဘူး အမရယ် ဟင့် ရွှတ် ''
''နင် နင် ဘာတွေ drama ခင်းနေတာလဲ''
''ဘာခင်းခင်းပေါ့ ခင်များနဲ့မဆိုင်ပါဘူး အဖွားကြီး''

ဇာတ်လိုက်မက သူ့ကိုရိုက်ဖို့ ပြင်နေတုန်း သူလည်း ဇာတ်လိုက်လာနေတာမြင်တော့ လက်ဝါးရာမမိခင် ကြမ်းပြင်ပေါ်ကို လှဲချလိုက်တယ်
''ရှောင်ကျန့် ဘာဖစ်သွားသေးလဲ''
''အဟင့် ချူရှင်း သူကလေ ငါ့ကိုပါးရိုက်တယ် သူ့ကိုဝင်တိုက်လို့တဲ့ အဟင့်''

''ဘာ မင်းကဘာမို့လို့လဲ မမြင်လို့ဝင်တိုက်တာဘဲကို လက်ပါစရာလိုလား''
''မဟုတ် မဟုတ်ပါဘူး သူက ကျမကို ...''

''တိတ် တိတ် အပိုတွေမကြားချင်ဘူး လာကျန့်ကျန့်ထ ရလား''
''အဲ့တာဘာတွေဖစ်နေတာလဲ''
''ရိပေါ်'' ''ရိပေါ်''
'သူတို့ ခေါ်သံကြားလို့ လှည့်ကြည့်လိုက်တော့ အရပ်ရှည်ရှည် အသားဖြူဖြူ နဲ့ စမတ်ကျတဲ့ ကောင်လေးတစ်ယောက် ကြည့်ရတာ သူ့ဘက်ကကူပြောပေးမလို့နဲ့တူတယ်'

''မောင်လေး မမကလေ''
''တိတ် ခင်ဗျားကိုမေးတာမဟုတ်ဘူး အဒေါ်ကြီး''
(အဲ့မှာ မမလုပ်နေလိုက်😅😅)

''ဘာဖစ်သွားသေးလဲ ကိုကို''
ရှောင်ကျန့် လည်း ဟိုမိန်းမက သူ့ရိပေါ်လေးကို ocနေမှန်းလည်းသိရော
''အဟင့် ဟင့် နာတယ် မောင် သူကငါ့ကို ပါးရိုက်တယ် ရွှတ် အူးဝါး ဟင့်''

''နာသွားတာလား တိတ်နော် ကိုကို မောင်အာဘွားပေးမယ်'' ဟုဆိုကာ သူ့မျက်နှာလေးကိုကိုင်ပြီး ပါးနှစ်ဖက်ကို ရွှတ်ခနဲ မြည်အောင်မ်းပီး
''ရပီလား ဒီနှုတ်ခမ်းလေးရော နာလား''
''မနာ မနာပါဘူး ဘာ ဘာလို့နာရမှာလဲ မောင်ကလည်း''
'wtf ငါရိပေါ်ကို သဝန်တွေတိုပြီး မောင်လို့ခေါ်လိုက်တာလား သူနမ်းတာကိုလည်း ကျေနပ်နေတယ် ငါကလေ ငါဆိုတဲ့အဖြောင့်ကြီးကလေ'

ရှောင်ကျန့်လည်း လူတွေဝိုင်းကြည့်နေတာနဲ့ ရှက်ရှက်နဲ့ အတန်းထဲပြေးဝင်လာခဲ့တော့တယ် ရှောင်ကျန့်ပြေးသွားတော့ ချူရှင်းလည်း အတန်းထဲ ဝင်လာပီး ရိပေါ်က သူ့အတန်းသူ ပြန်မယ်လုပ်တော့ ဇာတ်လိုက်မက
''အဟငိး မောင်လေး မမနာမည်က လျို်ချင်းချင်း မောင်လေးနာမည်ကရောဟင်''(ငါးပိသံဖြင့် ဖတ်ရန်)

System 831(completed)Where stories live. Discover now