Arc2.1

9.6K 847 7
                                    

ရှောင်ကျန့် လည်း ကျောက်သခင်ကြီး နဲ့ သခင်မကြီးဆီ အရင်သွားလိုက်တယ်
''သား အားယွမ် ဘာပြောစရာရှိလို့လဲ''
''အမေနဲ့ အဖေကို သားပြောစရာတခုကျန်ခဲ့လို့ ကျဲကျဲကရောဟင် ကျဲကျဲကိုပါ ခေါ်ပေးပါ''

''သား မမက စိတ်မကောင်းဖစ်နေတာ သားကိုမလွှတ်ချင်ဘူးတဲ့ စိတ်မချဘူးတဲ့လေ အမေတို့လည်း မလွှတ်ချင်ပါဘူးကွယ် အမေတို့သေရင်သေပါစေ သားတို့ နှစ်ယောက်ကို အန္တရာယ်မဖစ်စေချင်ဘူး ''

''စိတ်မပူပါနဲ့ အမေ ကျနော်အဆင်ပြေပါတယ် ကျဲကျဲ ကိုခေါ်ပေးပါနော် ''
''ကျဲရောက်ပီ အားယွမ် ဟင့် မမမောင်လေး ကလေးလေး မမတောင်းပန်ပါတယ် မမအသုံးမကျလို့ မောင်လေးက အနစ်နာခံရတယ်''

''အင့် မငိုပါနဲ့ မမငိုတော့ ကျနော်လည်းငိုချင်တယ် ဟင့်''
''မငိုနဲ့ အားယွမ် မမလည်းမငိုတော့ဘူးနော် မမကိုဘာပြောမလို့လဲ''

''အင်း ကျနော်သွားရင် မမရော အဖေနဲ့အမေရောကို ထွက်ပြေးစေချင်တယ် ဟန်ဘုရင်သာ အဖစ်မှန်သိရင် မမတို့ကို လွှတ်ပေးမှာ မဟူတ်ဘူး မမလည်း မမချစ်သူကို ဆက်သွယ်ပြီး သူ့ကိုအကူအညီတောင်းပြီး လုံခြုံတဲ့နေရာရှာပီး ပုန်းနေပါ ကျနော်အခြေအနေကြည့်ုပြီးမှ မမကို အကြောင်းပြန်မယ် ပြီးတော့ ကျနော့်ကို စိတ်မပူပါနဲ့ မမတို့သာဂရုစိုက်ကြပါနော်''

''ဒါပေမယ့် မမ ''
''ကျနော်ပြောတာသာ နားထောင်ပါ မမ ကျနော့်ကိုချစ်တယ်မလား နားထောင်နော်''

''အင်း မောင်လေး စိတ်မပူရအောင် မမနေပါ့မယ် ကိုကို့ကို ဂရုစိုက်ပါနော် အရမ်းချစ်တယ်မောင်လေး''
''ဟုတ်ကဲ့ ကျနော်လည်းမမကိုချစ်တယ် အဖေနဲ့အမေရောဘဲ ဂရုစိုက်ကြပါ အားယွမ် ကန်တော့ခဲ့ပါတယ်''

ရှောင်ကျန့် လည်းဟန်ဘုရင်ပို့လာတဲ့ ဝေါ်ယာဉ်နဲ့ လိုက်လာခဲ့တယ် လမ်းခုလတ်တစ်ခုရောက်တော့ သူတို့ဝေါ်ယာဉ်တားပြီး လာတိုက်ခိုက်တဲ့ လူတစ်စု
'ဘာလဲ သူတို့ကဘသူတွေလဲ ဘာလို့လာတိုက်နေရတာလဲ ဓားမြတွေများလား'
ရှောင်ကျန့် လည်းဓားသံတွေကြားရပြီးနောက် ဟန်ဘုရင်လာခေါ်သမျှလူတွေ အကုန်သေကုန်ပြီမှန်းသိလိုက်တယ်

System 831(completed)Where stories live. Discover now