ဟန်ရှင်း ဂျူလီယာ ပြန်ရောက်နေတယ်လို့ phဆက်သံကြားတာနဲ့ company ကိုချက်ချင်း ထွက်လာခဲ့တယ် ကလေးကိုတော့ နောက်မှချော့တော့မယ်လို့ စိတ်ကူးထားတယ် ဂျူလီယာ နဲ့သူက ငယ်ငယ်လေးကတည်းက သူငယ်ချင်း တွေမိဘတွေသဘောတူထားတဲ့သူဆိုလည်း မမှားဘူး အရင်ကဆို သူမိဘတွေသဘောကျ ဂျူလီယာ ကိုလက်ထပ်မိမှာဆိုပေမယ့် အခုကကလေးရှိနေပီဆိုတော့ စေ့စပ်မယ့်ကိစ္စကို ငြင်းမှဖစ်မယ်
''ရောက်လာပီလား ဟန် တို့်စောင့်နေတာကြာလှပီ ''
''အင်းပါ လီယာရဲ့ ငါနောက်ကျသွားတယ် sryဘဲ''
''အွန်း လေယာဉ် ကဆင်းဆင်းချင်း နင့်ဆီတန်းလာခဲ့တာ ဘာမှမစားရသေးဘူး ''
''ဒါဆို တခုခုသွားစားရအောင်လေ''
''အွန်း သွားမယ်''ဟုဆိုကာ သူ့လက်ကိုလာချိတ်တဲ့ လီယာကြောင့် သူ့မှာဖြုတ်ရခက်နေတယ် ဖြုတ်ရင်လည်း မိန်းကလေးမို့ အရှက်ရမှာစိုးရိမ်တာကြောင့် ဒီတိုင်းဘဲထားလိုက်တယ်သူမသိတာက ဒီတိုင်းထားလိုက်ခြင်းက သူ့ကိုပိုအရှက်ရစေခြင်းပင်
ရှောင်ရန် ကြည့်လိုက်တော့ လူကြီးလက်ကိုချိတ်ပီး ထွက်လာတဲ့ သူမက အမကြီးတွေပြောသလို လိုက်ဖက်ပါတယ်လို့ ပြောမယ်ထင်နေသလား
'ဂါး ငါယိုးမလူကြီး အတော်ပျော်နေတယ်ပေါ့လေ ဟိုမိန်းမကလည်း မိတ်ကပ်တစ်ပိသာ လောက်လိမ်းထားပီး ငါ့လင်ကိုလာမြူဆွယ်နေတယ်ပေါ့ တွေ့ကြသေးတာပေါ့ကွာ'ရှောင်ရန်လည်း သူ့ကိုမမြင်သေးတဲ့ လူကြီးကြောင့် သူလည်း လူကြီးရှေ့ကိုသွားပီး
''လူကြီး အလောတကြီးထွက်သွားတာ အဲ့မမနဲ့ တွေ့ဖို့လားဟင် ''
''ကလေးက ဒီကိုဘလိုလုပ်ပီးတော့''
''တောင်းပန်ပါတယ် နှောင့်ယှက်မိသွားရင် ကျနော့်ကို ခွင့်ပြုပါဦး ''ဟန်ရှင်း ဂျူလီယာ နဲ့ထွက်လာတော့ ရောက်နေတဲ့ ကလေးကြောင့် သူ့မှာဘာလုပ်လို် ဘာကိုင်ရမှန်းမသိဖစ်နေမိတယ် ဂျုလီယာနဲ့ တွေ့ဖို့ထွက်လာတာလားလို့ အမေးကို အာရုံမရဘဲ ကလေးဘာနဲ့လာတာလဲကိုဘဲ အာရုံရောက်နေတာကြောင့် နည်းနည်းအော်လိုက်မိတော့ မျက်ရည်တွေဝိုင်းပီး ထွက်သွားတဲ့ကလေးကြောင့် သူလည်း ဂျူလီယာ လက်ကိုဖြုတ်ချထားပီး ကလေးနောက်ကို လိုက်သွားတော့တယ်