Arc5.5

5.9K 563 18
                                    

ကယ်ဗင် မနက်နိုးလာတော့ သူ့ကိုဖက်ပြီးအိပ်ပျော်နေတဲ့ ကိုကို့ကိုကြည့်နေလိုက်တယ်
'အရမ်းချောတာဘဲ ဘဝတိုင်းမှာ ငါ့ချစ်သူအချောဆုံးဘဲ ဟုတယ်မလား bunny'
(သူ့လင်ချောတာ လူလာကြွားနေသေးတယ် ငကြွားhost ဟွန်း)
'ချောပါတယ် host လင်ဘဲဟာ ဟွန့် '

'bunny ဒီမြို့က ထွက်နိုင်ရင် mission ပြီးပြီမလား'
'ပြီးပြီ host ဆက်နေချင်လည်း နေလို့ရပါတယ်'
'အင်း အင်း ငါဖြေဆေးရှာရမယ် ဒါမှ ကိုကိုနဲ့ မြန်မြန်တူတူနေရမှာ'

''နိုးနေပီလား ကလေး ကိုယ့်တော့မနိုးလိုက်ဘဲနဲ့ ''
''အင်း ကိုကိုအိပ်ပျော်နေလို့ မနိုးတော့တာ''
''ဟုတ်ပါပီ ကလေးရဲ့ လာအောက်ဆင်းရအောင် သူများတွေဘာလုပ်နေကြလဲလို့''

ကယ်ဗင်တို့ အောက်ဆင်းလာတော့ တခုခုကို တိုင်ပင်နေကြတဲ့ လူတစု
''ဘာတွေပြောနေကြတာလဲ''
''ဒီတိုင်းနေလို့ မဖစ်ဘူး ငါတို့ဖြေဆေးရှာမှရမယ် မဟုတ်ရင် အကုန်သေကုန်လိမ့်မယ်''
''ဒါပေမဲ့ ခက်တာက ဖြေဆေးကဘယ်မှာရှာရမှာလဲ မသိတာဘဲ''
''ဖြေဆေးက မြို့စွန်က တိုက်ပျက်ကြီးထဲမှာနေတဲ့ သိပ္ပံပညာရှင်ကို ဖော်ခိုင်းရင်ရတယ်''

''မင်းကို ဘသူပြောတာလဲ နောက်ပီး အဲ့တိုက်ပျက်ကြီးထဲမှာ zombieတွေ အများကြီးရှိနေရင် ဘလိုလုပ်မလဲ ''
''ခင်များတို့ ကျနော့်ကိုမယုံရင် မသွားနဲ့ပေါ့ ကျနော့်ဘာသာသွားပြီး ဖြေဆေးကိုဖော်ခိုင်းမယ် ပီးတော့ ကျနော်တစ်ယောက်ဘဲ သုံးမယ် ဘလိုလဲ ''
''မင်း ဒါတစ်ကိုယ်ကောင်းဆန်တာဘဲ''
''အို ခင်များတို့က စွန့်တော့မစွန့်စားချင်ဘူး သေမှာတော့ကြောက်တယ် ဘလိုလူတွေပါလိမ့် ''

''ကဲတော်ပီ ဖြေဆေးလိုချင်တဲ့သူတွေ လိုက်ခဲ့လို့ရတယ် မယုံတဲ့သူတွေနေခဲ့ကြပေါ့''
ရိန်းတို့လည်း မဲခွဲပီးဆုံးဖြတ်လိုက်တော့မှ အကုန်လုံးက သွားဖို့ဆုံးဖြတ်ကြတော့တယ်
အဟက် အလကားလူတွေ သတ္တိကြောင်နေကြတာ

ကယ်ဗင်တို့ လျှောက်ရင်းလျှောက်ရင်းနဲ့ မြို့စွန်ကိုရောက်လာခဲ့တယ်
'bunny တိုက်ပျက်ကြီးက ဘယ်မှာလဲ'
'အရှေ့ကိုတည့်တည့်သွားပီး ပထမလမ်းမှာ ညာဘက်ကိုကွေ့ တန်းတန်းဆက်သွားရင် အဖြှူရောင်တိုက်ကြီးကို တွေ့ရလိမ့်မယ် အဲ့တိုက်ကြီးဘဲ host'
'ok bunny'

System 831(completed)Where stories live. Discover now