Arc2.8

8.3K 756 5
                                    

ဒီနေ့ ကျောက်ယွမ်တို့ ဟန်နိုင်ငံကို သွားပြီးတော့တိုက်ရမယ့်နေ့ ကျောက်ယွမ်အနည်းငယ်တော့ ကြောက်ရွံ့နေမိတယ် သူကတခါမှ လူမသတ်ဖူးဘူးလေ ဒါပေမယ့် ဘေးမှာ အရှင်ရောရှိနေမှာဆိုတော့ သိပ်တော့မကြောက်မိပါဘူး
''ကြောက်နေလား ကိုယ့်အချစ် ''
''ဟင့်အင်း အရှင်ရှိနေတာဘဲ မကြောက်ပါဘူး ''

''အင်း ဒီတိုက်ပွဲပြီးရင် ကိုယ်တို့ ခမ်းခမ်းနားနား မင်္ဂလာဆောင်ကြမယ်နော် အချစ်''
''အင်းပါ အရှင့်သဘော ''
''သွားကြမယ် ဟန်နိုင်ငံရဲ့ ဘုရင်ကို အပြတ်ချေမှုန်းကြမယ် ငါတို့ တိုက်ပွဲနိုင်ရမယ်''

လန်နို်င်ငံက စစ်သည် အလုံးအရင်းနဲ့ ဟန်နိုင်ငံကို ဝင်လာကြတယ် တစ်ဖက်က ဟန်ဘူရင်ကလည်း
''တောက်စ် အဲ့ မလောက်လေးမလောက်စားတွေက ငါ့နိုင်ငံကို ဘာလာလုပ်ကြတာလဲ အကုန်သေရမယ် ဟားဟား ငါ့ကိုသတ်ချင်ရင် မင်းတို့ပါသေစေရမယ် ''

တဖြည်းဖြည်း လန်နိုင်ငံကလူတွေရော ဟန်နိုင်ငံလူတွေရော တိုက်ရင်းတိုက်ရင်း ကျလာတော့တယ် ကျောက်ယွမ်လည်း အရှင့်ကိုထားခဲ့ပြီး ဟန်ဘုရင်ဆီကို ဦးတည်သွားလိုက်တော့တယ်

''မင်းလား ငါ့ကိုသတ်ချင်နေတာ ဟက် ခွေးပစ်တဲ့တုတ်လောက်ရှိတဲ့ ဟာလေးကများ လာလေ လာသတ်လှည့် ငါသေရင်မင်းရောအသေဘဲ ''
ကျောက်ယွမ် လည်းအားကုန်သုံးပြီး ဟန်ဘုရင်ကို တိုက်ခိုက်တော့တယ် ဒါပေမယ့် ဒီအဘိုးကြီးက အင်မတန် အတိုက်အခိုက်ကျွမ်းတော့ ကျောက်ယွမ်မှာ မနည်း ပြန်တိုက်နေရတယ်

တစ်ဖက်မှာ ရှဲ့ယွင်ကလည်း သူ့အချစ်ပျောက်သွားလို့ လိုက်ရှာနေရင်း မင်းသားဟန်နဲ့ဆုံတော့
''ယွမ်လေးကို တွေ့လိုက်လား မင်းသားဟန် ''
''သူ ခမည်းတော် နန်းဆောင်ဘက်သွားတာ တွေ့လိုက်တယ် လန်အရှင်''

ကျောက်ယွမ် မနည်းအားတင်းပြီး တိုက်နေပေမယ့် သူမခံနိုင်တော့ဘူး သူဒဏ်ရာတွေများနေပီ ဟန်အဘိုးကြီးလည်း ဒဏ်ရာတွေမနည်း နှစ်ယောက်လုံးအားကုန်နေတဲ့ အချိန်မှာ ရောက်လာတဲ့ အရှင်
''ယွမ်လေး တောက်စ် အဘိုးကြီးခင်များ''

အရှင်နဲ့ ဟန်အဘိုးကြီး အချိန်အတော်ကြာ တိုက်နေခဲ့တယ် ဟိုအဘိုးကြီးကတော်တော်နဲ့ ဒဏ်ရာမရ ကျောက်ယွမ်ကြည့်နေရင်းနဲ့ပင် ဝင်ပါဖို့ ဆုံးဖြတ်လိုက်တယ်
''ဟက် ဒီက လူအိုကြီးကို မင်းတို့ကနှစ်ယောက်တစ်ယောက် တိုက်ချင်လို့လား စိတ်ချ မင်းတို့နှစ်ယောက်ပေါင်းတိုက်ရင်တောင် မနိုင်စေရဘူး ငါဘုရင်ဖစ်လာတာလွယ်လွယ်နဲ့ မဟုတ်ဘူးကွ ငါသေမှ မင်းတို့ငါ့ထီးနန်းရမယ် ဟားဟား''

System 831(completed)Where stories live. Discover now