Arc5.3

6.5K 591 12
                                    

ရိန်း သူ့ရှ့ကနေ သူ့ကို ကိုကိုခေါ်ပီး ရှက်နေသော ကောင်လေးကို အသည်းတွေယားလွန်းလို့ နှုတ်ခမ်းလေးကို ဆွဲမွပလိုက်တယ်
(ဆိုင်လို့လားရှင်😆)

''အာ ဘာလုပ်တာလဲ ကိုကိုကလည်း''
''အသည်းယားလို့လေ ကလေးကလည်း လာပါအုံး နမ်းကြည့်ချင်လို့ နမ်းကောင်းလားလို့''
''ကိုကိုနော် တော်ပီ ဘာတွေပြောမှန်းမသိဘူး ဟွန့်''

ကယ်ဗင်လည်း ကိုကို့ကို ထားခဲ့ပြီး bunnyနဲ့ စကားပြောဖို့ ထွက်လာခဲ့တယ်
''bunny ဒီတစ်ခါ သွားတာကြာလှချည်လား''
''ရောက်နေတာကြာပါပီ bunnyနှာခေါင်းသွေးလျှံနေမှာစိုးလို့ အပြင်ကနေစောင့်နေတာ''
''အင်း အလိုက်သိတယ် ဘာတဲ့လဲ ဖြေဆေးက''

''မြို့စွန်က တိုက်ပျက်ကြီးထဲမှာ သိပ္ပံပညာရှင်တစ်ဦးရှ်တယ် သူ့ကိုရှာပြီး ဖြေဆေးဖော်ခိုင်းရင် ရတယ် host''
''ဟုတ်လား ဒါနဲ့ ဇာတ်လိုက်ကောင်ကို သတ်ရင်ရော ရလား''
''အင်း ကိုယ်တိုင်သတ်လို့တော့မရပါဘုး host mission ထဲမပါတာကြောင့် ဒါမဲ့ အငှါးလက်သုံးရင်တော့ရပါတယ်''

''အက်း ဟက်တွေ့ကြပီပေါ့ကွာ သေဖို့သာပြင်တော့''
ကယ်ဗင်လည်း bunnyနဲ့စကားပြောပြီး ဇာတ်လိုက်တို့ရှိရာဆီ ထွက်လာခဲ့လိုက်တယ် သူရောက်ကတည်းက ဇာတ်လိုက်မကို မတွေ့သေးဘူး ဘယ်မှာပါလိမ့် သူတွေးရင်းနဲ့လျှောက်လာလိုက်တာ လူတစ်ယောက်ကို ဝင်တိုက်မိတဲ့အထိဘဲ
''အင့် အာ တောင်းပန်ပါတယ်ဗျ မမြင်လိုက်လို့ပါ''
''ရပါတယ် မောင်လေးက အသစ်ရောက်လာတယ်ဆိုတဲ့ တစ်ယောက်လား''

''ဟုတ်ကဲ့ ဒါနဲ့ ဘသူ''
''သြော် အမနာမည်က ကတ်သရင်းပါ မောင်လေးကရော''
'ဟင် ဒါဇာတ်လိုက်မလား တော်တော်လှတာဘဲ ဇာတ်လိုက်ကောင်ကြိုက်တာလည်း မထူးဆန်းပါဘူးလေ'
''ဟိတ် မောင်လေးနာမည်ဘလိုခေါ်လဲလို့ ''
''အာ ကျနော့်နာမည် ကယ်ဗင်ပါ အမကတ်သရင်း''

''တို့ကို မမလို့ခေါ်ရင် ရပါပီကယ်ဗင်ရဲ့ ဒီဘက်ကို ထွက်လာတာ ဘာစားချင်လို့လဲ လာကြည့်လေ စားလို့ရတယ်''
''ဟုတ်လား ဗိုက်ဆာနေတာနဲ့ အတော်ဘဲဟီး''
ရိန်း ကယ်ဗင်ပျောက်သွားလို့ လိုက်ရှာနေတာ လတ်စသက်တော့ ဒီကလေးက အစားသောင်းကျန်းနေတာကိုး
''မပြောမဆိုနဲ့ ဘာလို့ထွက်သွားတာလဲ ကလေး''
''ဗိုက်ဆာလို့လေ ကိုကိုရဲ့ ဟီး''
''ညီအကိုတွေလား ကယ်ဗင်တို့က''
''မဟုတ်ဘူးဗျ မမသိလား စတီဗင်ဆိုတာလေ ''

System 831(completed)Where stories live. Discover now