ဟန်ရှင်း သူ့လူယုံပြောလာတဲ့ သတင်းကြောင့် ချာတိတ်ဆီကို အမြန်ထွက်လာခဲ့ရတယ် ချာတိတ်တို့ ရန်ဖစ်ကြတာတဲ့ မျက်နှာတွေလည်း စုတ်ပြတ်လို့ ဆိုတဲ့ အသံကြားကြားချင်း သူ့မှာရင်တွေပူပီး မီးပွိုင့်တွေတောင် မမြင်ဘဲ အမြန်မောင်းလာခဲ့တာ သူရောက်တော့ အချိန်မှီရုံလေးတင် ချာတိတ်ကို ရိုက်ဖို့ရွယ်နေတဲ့ ဆရာတွေကြောင့် သူလည်းစိတ်တိုတိုနဲ့ တံခါးကိုကန်ပီး ဝင်လာလိုက်တယ်
''မင်းဘသူလဲ ဘာလို့ဒီလိုခွင့်ပြုချက်မရဘဲ ဝင်လာရတာလဲ''
''ဒါဆို ခင်များကရော ကျုပ်ခွင့်ပြုချက်မရဘဲ ကလေးကိုရိုက်ဖို့ပြင်ရတာလဲ''
''ဟို မစ္စတာဝမ် ခွင့်လွှတ်ပါဗျာ သူကလူသစ်မို့ပါ ဒါနဲ့ မစ္စတာဝမ်က ဒီကို ဘာကိစ္စ ရှိလို့လဲမသိဘူး''
''လူကြီး ရောက်လာပီလား''
''အွန်း ချာတိတ် ဘာဖစ်သွားသေးလဲ ပြစမ်း သွေးတွေကိုအများကြီးဘဲ''''ဘလိုဖစ်တာလဲ ကိုယ့်ကိုပြော ချာတိတ်''
''ဟို အဲ့ကလေးမကအရင် ပါးရိုက်လိုဖစ်တာပါ''
''တိတ်စမ်း ခင်များကိုမေးသလား ကျုပ်ကလေးကိုမေးနေတာ ခင်များက ကလေးလား''
''သူတို့က ကျနော်တို့သွားမဲ့လမ်းကို ပိတ်ပီး သားပြောမယားပြောတွေ ပြောနေတာနဲ့ လင်းရန်ကစိတ်တိုပီး ပါးရိုက်လိုက်တာ''
''မဟုတ်ဘူး သူတို့လိမ်နေတာ မယုံနဲ့''
''သက်သေရှိလား ငါတို့လိမ်နေတယ်လို့ ''''ဟို အဲ့တာက ဟို''
''မရှိဘူးမလား မရှိရင်နေ ငါ့မှာတော့ မင်းတို့လိမ်နေတယ်ဆိုတာ သက်သေရှိတယ်''
'bunny ငါရိုက်ခိုင်းထားတဲ့ vedioပြလိုက်'
'ok host'
ပရိုဂျက်တာပေါ်မှာ ပေါ်လာတဲ့ vedioကိုကြည့်ပီး စိတ်တိုနေတဲ့ လူကြီးက သူ့ကိုမိဘမဲ့လိုလှောင်တဲ့ကောင်ရဲ့ မျက်ခွက်ကို ဖြတ်ကန်လိုက်တယ်
''မင်းကများ ငါ့ကလေးကို ပြောရဲတယ်ပေါ့ သေချင်နေတာလား''
''မဟုတ်ပါဘူး ခွင့်လွှတ်ပါ လွှတ်ပေးပါ''''သူတို့ကို ကျောင်းထုတ်ပလိုက် နောက်ပီး ဘယ်ကျောင်းမှတက်မရအောင် လုပ်လိုက် ပါမောက္ခကြီးကတော့ သုံးလစာယူပီးအလုပ်ထွက်ချင်သလား ဒါမှမဟုတ် ထောင်ထဲဝင်မလား''
''မလုပ်ပါနဲ့ မစ္စတာဝမ်ရယ် ကျုပ်အလုပ်ဘဲထွက်ပါ့မယ်''
''ဟက် ကောင်းပီ ခင်များတို့က မထိသင့်တဲ့လူကို လာထိတာကိုး လာခဲ့ ချာတိတ် ကိုယ်နဲ့ လိုက်ခဲ့ဟိုကလေးမရောဘဲ''