Arc2

11.4K 830 5
                                    

''misssion သုံးခုလုံး အောင်မြင်တဲ့အတွက် ဂုဏ်ယူပါတယ် host''
''အင်း''

ရှောင်ကျန့် တကယ်တော့ ဝမ်းနည်းနေသေးတယ် ဘာလို့ဆို နောက်ကမ္ဘာတွေမှာ ရိပေါ်က ပါချင်မှပါတော့မှာလေ သူ့ကိုအရမ်းချစ်ပီး ဂရုစိုက်တဲ့ကောင်လေးကို သတိရသေးနေတာအမှန်ဘဲ သူလိုက်လာရင်သိပ်ကောင်းမှာဘဲ

''bunny ရိပေါ် ကရော သူရောလိုက်လာမှာလားဟင်''
''အဲ့တာတော့ bunnyမသိဘူး host သူကကျနော်တို့ system နဲ့ချိတ်ထားရင်တော့ ပါမှာပါ''

''အင်းပါ ''
''အာ့ဆို ဝိညဉ်စွမ်းအားတွက်ပေးမယ်နော်''

အမည် -xiao zhan

ဝိညဉ်စွမ်းအား-1/10

ပြီးမြောက်သောကမ္ဘာ -1

တတ်မြောက်သောစွမ်းရည်-မရှိ

''နောက်ကမ္ဘာအတွက် စွမ်းရည်တစ်ခုသင်လို့ရပါတယ် host

အတိုက်အခိုက်

ပန်းချီ

အချက်အပြုတ်

အက''

''အင်း အတိုက်အခိုက် သင်မယ် bunny ''

''ok host ဒါဆို bunny ဇာတ်ကြောင်းပြောမယ်နော်''
''အင်း ''

''ဒီကမ္ဘာက ဟန်မင်းဆက် အုပ်ချုပ်တုန်းက ကမ္ဘာပါ ဟန်နိုင်ငံရဲ့ ဘုရင် ဟန်ချောင်ဖုန်းက အကျင့်ပြတ်ချစားပြီး မိန်းမ အင်မတန်ပွေရှုပ်တဲ့ ဘုရင်တစ်ပါး သူ့မှာ ဟန်ယွင်ရှီး(ဇာတ်လိုက်) လို့ခေါ်တဲ့ သားတော်တစ်ပါးရှိတယ် ဒါပေမယ့် ဟန်ဘုရင်က သူ့သားတော်ကို ထီးနန်း လွှဲမပေးဘဲ သူကိုယ်တိုင်သာ အုပ်ချုပ်တယ် ဇာတ်လိုက်ကို အိမ်ရှေ့စံရာထူးတောင် တိုးမပေးဘဲ ဟန်မင်းသားအဖစ်သာ ထားစေတယ် ဒါကိုပြည်သူတွေကလည်း မကျေနပ်ကြဘူး အဲ့ဒါကြောင့် တစ်ရက်မှာ ဟန်မင်းသားက သူ့ခမည်းတော် ကိုပုန်ကန်ဖို့ ကြိုးစားခဲ့တယ် အဲ့တာကို ကြိုသိတဲ့ ဟန်ဘုရင်ဟာ သ့းသားတော်ရဲ့ ချစ်သူ (ဇာတ်လိုက်မ) ကျောက်မိန်ရှင်းကို မိဖုရားအဖစ်တင်မြှောက်ရန် ကျောက်အိမ်တော်ကို တောင်းခံခဲ့တယ် ကျောက်အိမ်တော်ကလည်း ဘုရင့်အမိန့်ကို မငြင်းဆန်ရဲတာကြောင့် သူ့သမီးကိုလွှတ်ဖို့ပြင်နေတုန်းမှာဘဲ ကျောက်အိမ်တော်ရဲ့ သားငယ် ကျောက်ယွမ်က သူ့အမအစား သူသွားဖို့ ဆုံးဖြတ်ခဲ့တယ် ဘာလို့လဲဆို သူ့အမနဲ့ သူနဲ့က ရုပ်ချင်းအရမ်းဆင်တဲ့အပြင် ဟန်ဘုရင်က သူ့အမကိုမမြင်ဖူးဘူးဆိုပြီး သွားခဲ့တယ် ဒါပေမယ့် မင်္ဂလာဦးည မှာဘဲ ဟန်ဘုရင်က ကျောက်ယွမ်ကို ရိပ်မိပြီး သိသွားတော့တယ် ကျောက်မိသားစု တစ်ခုလုံးကိုလည်း သတ်မိန့်ပေးခဲ့တယ် ဟန်မင်းသားကလည်း သူ့ချစ်သူသေရတာ သူ့ကြောင့်ဆိုပီး ကိုယ့်ကိုကိုယ်သတ်သေခဲ့တယ် ကျောက်ယွမ်ကတော့ ဟန်ဘုရင် ရဲ့ နှိပ်စက်မူတွေကြောင့် လက်ထပ်ပြီးတစ်နှစ်အကြာမှာဘဲ သေဆုံးခဲ့တယ်''

System 831(completed)Where stories live. Discover now