''ကိုကို ဘာဝင်စားအုံးမလဲ ''
''ဘာစားရင်ကောင်းမလဲ ရိပေါ်ကဝယ်ကျွေးမှာမို့လား''
''ကျွေးမှာပေါ့ ဒါပေမယ့် တခုတော့ရှိတယ် ''
''ဘာလဲဟင်''
''ရိပေါ်လို့ မခေါ်နဲ့ ကျောင်းမှာတုန်းကလို မောင်လို့ဘဲခေါ်''ရှောင်ကျန့်လည်း ရိပေါ်စကားကြောင့် မျက်နှာမှာ ပန်းရောင်လိုင်းလေး ဖြတ်ပြေးသွားတော့တယ်
''ရိပေါ်ကလည်း ဘာလို့ မောင်လို့ခေါ်ရမှာလဲ ဘာမှလည်းမဟုတ်ဘဲနဲ့ ရှက်စရာကြီး''
''ဘာမှမဟုတ်လို့ ရှက်တာပေါ့ ဟုတ်ရင်ရော ခေါ်မှာလား''
''ရိ ရိပေါ်ကလည်း ဘာတွေပြောနေမှန်းမသိဘူး မစနဲ့တော့ ဝယ်ကျွေးမှာဆိုကျွေး မကျွေးလည်းနေတော့''''ဘာလဲ ကိုကိုက စိတ်ကောက်တာလား အဲ့တာ မကောက်ပါနဲ့ ဝယ်ကျွေးမယ်နော်''
''အင်း အာ့ဆိုမောင်းတော့''
''ဘာစားမှာလဲ ကိုကိုက ''
''အင်း ဟော့ပေါ့ရယ် ပင်လယ်စာရယ် စားချင်တယ် ''
''ရစေရမယ်ဗျာ ဒါဆိုမောင်းပီနော် ''
''အွန်း အွန်း''
ထွက်သွားတဲ့ ကားလေးကိုကြည့်ရင်း ပိုင်ချင်းချင်းတစ်ယောက် 'မိုးကောင်းတုန်း ရွာထားအုံးပေါ့ ရှောင်ကျန့်ရာ အဲ့တာတွေအကုန်ငါ့အပိုင်ဖစ်စေရမယ် ဟက်'စားသောက်ပြီး ကားလေးပေါ် အိပ်ရင်းပါလာတဲ့ ကိုကိုကြောင့် ရိပေါ်လည်းမနှိုးတော့ဘဲ အိမ်ပေါ်ထိ တခါတည်း ပွေ့ချီသွားတော့တယ်
'ဘာလို့ ဒီလောက်ချစ်စရာကောင်းနေရတာလဲ ကိုကိုရာ ကြာရင် ကျနော် သိမ်းပိုက်မိတော့မယ်'
ရိပေါ်လည်း ကိုကို့ နဖူးလေးနဲ့ ပါးလေးကိုနမ်းပြီး ပြန်တော့မယ်အလုပ် ဆွဲဆောင်လွန်းနေတဲ့ နှုတ်ခမ်းလေးကိုပါ အသာလေး ဖိကပ်ပြီးနမ်းလိုက်တော့ အိစက်ပြီး ချိုနေတဲ့ နူတ်ခမ်းလေးကြောင့် အောက်နှုတ်ခမ်းလေးကို အသာလေးဆွဲစုပ်မိတော့ လူးလွန့်လာတဲ့ ကိုကို့ကြောင့် လွှတ်ပေးပြီး အိမ်ပြန်တော့တယ်'တကယ်တော့ ရှောင်ကျန့် ကားစရပ်ကတည်းကနိုးနေတာပါ တမင် အိပ်ချင်ယောင်ဆောင်နေတာ သူ့ကိုပွေ့ချီပီး အပေါ်ထိခေါ်လာတဲ့ ကောင်လေးကြောင့် အားတော့နာမိသား ဒါပေမယ့် အဲ့ကလေးက ပြန်မယ်လုပ်တော့ သူ့ကိုနေရာအနှံ့နမ်းပီး နောက်ဆုံးနှုတ်ခမ်းလေးကိုပါလာနမ်းတော့ သူ့မှာဖိုသို့ဖက်သပ်တွေဖစ်ကုန်တာနဲ့ဘဲ နိုးချင်ယောင်ဆောင်မှ ထွက်သွားတဲ့ ကောင်လေး
'ဟက် ချစ်စရာလေး'
'တစ်စိတ် ငါကွေးသွားပီလား အို ကွေးကွေး ဒီလောက်ချောပီး အလိုလိုက် အကြိုက်ဆောင်တဲ့ ကောင်လေးဆီမှာကွေးရတာဘဲ ကွေးပါစေဟိဟိ'