ဟိန်းမင်းခန့် မနက်ကphကြည့်နေရင်း သူတွေ့လို်က်တဲ့ postတခုကြောင့် ခေါင်းတောင်မူးသွားတယ် ဘာတဲ့ ကောင်လေးတစ်ယောက်က ငါ့ကိုကြိုက်နေကြောင်းတင်ထားတဲ့ postတင်တဲ့သူကလည်း တခြားတစ်ယောက် သူ့ကိုကြိုက်တယ်ဆိုတဲ့ကောင်လေးကို ကြည့်တော့လည်း သူတခါမှတောင်မမြင်ဖူးတဲ့သူ သူယောက်ျားလေးချင်းအချစ်ဆိုတာကို မယုံတာတော့ မဟူတ်ဘဲ ဒီတိုင်းမကြုံဖူးလို့ အံသြရုံသက်သက် သူတွေးနေရင်းနဲ့ အခန်းထဲကို ဝုန်းဒိုင်းကြဲဝင်လာသော ချာတိတ် သူမေးလိုက်တာက
'ဒီ postတင်တာဘသူလဲတဲ့'သူလည်း သေချာကြည့်လိုက်တော့မှ သူ့ကိုကြိုက်တဲ့ ကောင်လေးဖစ်နေတာကြောင့် ရှက်ရှက်နဲ့ ခေါင်းငုံ့နေလိုက်တယ် ဘသူလုပ်တာလဲ မေးပီး ကျေးဇူးတင်လို့တဲ့ celeဖစ်အောင်လုပ်ပေးလို့ရယ် သူသဘောကျတဲ့သူကို သိအောင်လုပ်ပေးလို့ရယ်ဆိုပီး မကြာပါဘူး သူ့ရှေ့ကိုရောက်လာပီး သူ့ကိုပြောလိုက်တာက
''ငါမင်းကို ချစ်တယ် ဟိန်းမင်းခန့်''သူပြောတဲ့စကားတစ်ခွန်းလည်း ကြားပီးရော ရင်ထဲမှာ ရထားအစင်းတစ်ရာလောက် ခုတ်မောင်းသွားသလိုဘဲ ခံစားရတယ် သူကောင်လေးကို စေ့စေ့ကြည့်လိုက်တော့ နှာခေါင်းလုံးလုံး မီးခိုးရောင်မျက်ကပ်မှန်လေးနဲ့ ဆံပင်ခပ်အုပ်အုပ်လေးက သူ့ကိုပိုပီးချစ်ဖို့ကောင်းစေတယ်
'ဟင် စိတ်ထိန်းစမ်း ဟိန်းမင်းခန့် မင်းပြောနေတာ ယောကျာ်းလေးကွ'သူလည်း ဘာလုပ်ရမှန်းမသိ ကြောင်နေတုန်း သူ့ရှေ့ကပျောက်သွားတဲ့ ကောင်လေးကြောင့် သူဝေ့ဝိုက်ကြည့်လိုက်တော့ သူနဲ့ မျက်စောင်းထိုးကခုံမှာထိုင်ပြီး သူ့ကိုပြုံးပြနေတဲ့ကောင်လေး
'လှလိုက်တာ ပါးချိုင့်လေးနဲ့ကောင်လေးရဲ့ အပြုံးက'ရှိုင်း သူချစ်တယ်ပြောပီးမှ ရှက်လို့ လွတ်နေတဲ့ခုံသွားပီး ဝင်ထိုက်ပလိုက်တယ် ခနနေတော့ သူ့ကိုလှည့်ပတ်ရှာနေတဲ့ ဇာတ်လိုက်ကောင်ကြောင့် ပြုံးပြလိုက်တော့ ပြန်လှည့်သွားတဲ့ ဇာတ်လိုက်ကောင်
'ဒီလောက်ဆို mission complete ဖို့ နီးကပ်လာပါပီ'
'side mission ရှိပါတယ် host'
'ဘာလဲ လုပ်ရမှာက '
'ဇာတ်လိုက်ကောင်ရဲ့ အချစ်ကိုရယူရန်နဲ့ ဇာတ်လိုက်ကောင်နဲ့ တစ်သက်လုံးလက်တွဲသွားနိုင်ရန်ပါ'
'ချီး ခက်လိုက်တာ bunny မအောင်မြင်ရင်ရော'
'ပြစ်ဒဏ်သင့်မှာပါ host အောင်မြင်ရင်တော့ ပိုင်ဆိုင်မူအနေနဲ့ စွမ်းရည်တခုပေးမှာပါ'
'ဟူး မတတ်နိုင်ဘူး လုပ်ရမှာဘဲ'