Arc1.9

10K 822 2
                                    

ရိပေါ်လည်း ကိုကိုအိပ်ပျော်နေတုန်း သန့်ရှင်းပြီး အဝတ်အစားများလဲပေးထားလိုက်တယ် ကိုကိုနိုးလာလို့ သူ့ကိုမတွေ့ရင် ရှာနေမှာစိုးလို့ သူလည်း ကိုကိုအိပ်နေတုန်း ချူရှင်းကောဆီုမန်မြန်ထွက်လာခဲ့တယ်
''ကော ဟိုကောင်တွေရော''
''မြေအောက်ခန်းထဲမှာ ဝမ်လေး''

''အင်းကျနော်တို့ သွားရအောင်''
''အဟက် အိပ်ကောင်းနေကြတယ်ပေါ့လေ နိုးလို်က်ကြစမ်း ရေအေးနဲ့ မဟုတ်ဘူးနော် ရေနွေးနဲ့ လောင်းလိုက် သူတို့ကို''

''ဖြန်း ထစမ်း သေမင်းဆီ ရောက်နေတာတောင် အိပ်နိုင်သေးတယ်''
''မင်း မင်း ကဘသူလဲ ငါတို့ကို ဘယ်ခေါ်လာတာလဲ''

''ငါလား ငါကသေမင်း မင်းတို့ကို သုသာန်ပို့ပေးမယ့် သေမင်းလေ ဟားဟား မင်းတို့ကများ ငါ့ကိုကို ကိုထိရဲတယ် ဟုတ်လား ''
''မဟုတ်ပါဘူး ငါတို့လည်း ခိုင်းလို့လုပ်ရတာပါ လုပ် လုပ်ချင်လို့မဟုတ်ပါဘူး''

''ပြော ဘသူခိုင်းတာလဲ''
''ဟို ဟို ''
''ရတယ်လေ မပြောနဲ့ သုသာန်ဘဲသွားလိုက်ကြတော့''
''မလုပ်ပါနဲ့ ပြောပါ့မယ် ပိုင် ပိုင်ချင်းချင်းပါ သူမ လူပ်ခိုင်းတာ မင်းကောင်လေးက သူ့ဘဝကိုဖျက်စီးလို့ ငါတို့ကို ပြန်လုပ်ခိုင်းတာပါ တောင်းပန်ပါတယ် ခွင့်လွှတ်ပါ''

''ဒါပေါ့ ခွင့်လွှတ်ရမှာပေါ့ ကော သူတို့ကို ခွင့်လွှတ်တဲ့အနေနဲ့ အိတ်ထဲထည့်ပီး မြစ်ထဲမြောလိုက်''
''မလုပ်ပါနဲ့ မလုပ်ပါနဲ့ ငါတို့မှာ မိသားစုရှိပါသေးတယ်''

''ကောင်းပြီ ဒါဆို ဒီလိုလုပ် မင်းတို့လုပ်ကြောင်း ရဲစခန်းမှာဝန်ခံလိုက် နောက်ပီး သူမနာမည်ပါ တခါတည်း ထွက်ဆို အဲ့တာဆို ငဲ့ညှာတဲ့အနေနဲ့ မင်းတို့မိသားစုတွေကို ထောက်ပံ့ပေးမယ်''
''ဝန်ခံပါ့မယ် ကျေးဇူးတင်ပါတယ် သခင်လေး ကျေးဇူးတင်ပါတယ် ''

''ကော သူတို့ကို ရဲစခန်းပို့လိုက် သက်သေတွေရော အကုန်ယူသွား ကျနော် ကိုကို့ဆီ သွားလိုက်အုံးမယ် ''
''အင်း ဝမ်လေး ကျန့်ကျန့်ကော သက်သာတယ်မလား''

''အင်း သက်သာမှာပါ ကော ကျနော်သွားပီ''
ရိပေါ်လည်း ကိုကို့ဖို့ ကြက်ကြော်ဝင်ဝယ်ရင်း နောက်ကျနေလို့ အမြန်ပြန်လာခဲ့ရတယ် အခန်းထဲရောက်တော့ ငိုနေတဲ့ကိုကို
''ကိုကို ဘာလို့လဲ နာလို့လား ဘယ်နားကနေမကောင်းလို့လဲဟင် ကိုကိုပြောပါဦး ဘာလို့ငိုနေတာလဲလို့''

System 831(completed)Onde histórias criam vida. Descubra agora