ရှောင်ကျန့် ဒီဘက်ကမ္ဘာရောက်ရောက်ချင်း တွေ့လိုက်ရတာက zombie တအုပ်
'wtf bunnyနင်ပြေးစမ်း'
'သားမှမသိတာလို့ hostကလည်း ပြေးပီဟင့်'ကယ်ဗင်လည်း bunnyမြှင့်ပေးထားတဲ့ အစွမ်းကြောင့် သူလည်း တိုက်ခိုက်တာပိုတော်နေတယ် နောက်ပီး သူ့ကိုပေးထားတာ ဓားတစ်ချောင်း ဘသူမှမကိုင်နိုင်ဘူးတဲ့ ဒီဘက်ကမ္ဘာမှာ အရမ်းအင်အားကြီးတဲ့သူမှသာ ကိုင်နိုင်တာတဲ့ မဆိုးပါဘူး ဒီတခါ ငါ့bunnyလေးတော်သွားပီ ကယ်ဗင်လည်း ပုန်းဖို့နေရာရှာရတော့တယ် အနီးနားရှိတဲ့ supermarket ထဲ ဝင်ပြီးပုန်းနေလိုက်တယ်
''အား ဗိုက်ဆာလို့သေတော့မှာဘဲ ဘာရှိလဲ ကြည့်လိုက်အုံးမယ်''
ကယ်ဗင် မွှေနှောက်ရှာလိုက်တော့ ထွက်လာတဲ့ ခေါက်ဆွဲခြောက် ကိုဘဲပြုတ်စားပြီး ခနလောက် အိပ်နေလိုက်တယ်ဒီကမ္ဘာမှာက ငါဒီကနေထွက်နိုင်ရင် mission ပြီးပြီ ဇာတ်လိုက်တို့နဲ့ ပတ်သက်စရာမလိုဘူး ဒါပေမဲ့ ငါချစ်သူက ဘယ်မှာလဲ သူ့ကိုရှာရအုံးမယ် သူလည်း သူ့ချစ်သူကို ရှာဖို့ထွက်လာခဲ့တယ်
''bunny မင်းပြောကြည့်စမ်း ငါ့ချစ်သူသေတော့မသေသေးပါဘူးနော်''
''မသေပါဘူး host အနီးအနားမှာပါဘဲ ရှိတယ်''
''ဟုတ်လား အင်းနောက်ပီး ဖြေဆေးက ဘယ်မှာလဲ ဆိုတာငါ့ကိုစုံစမ်းပေး bunny''''hostအနား bunnyမရှိရင် hostဒုက္ခရောက်သွားမှာပေါ့''
''စိတ်မပူနဲ့ ငါ့မှာဓားရှိတယ် သွားတော့''
''ပီးတာဘဲ သွားပီ အာ့ဆိုရင်''တစ်ဖက်က ဇာတ်လိုက်မှာလည်း ပြေးရင်းလွှားရင်းနဲ့ ဇာတ်လိုက်မနဲ့တွေ့ပြီး အကြည်ဆိုက်နေကြတာကြောင့် သူလည်း အစာရှာဖို့ တစ်ယောက်တည်း ထွက်လာခဲ့တယ်
supermarket ထဲဝင်မယ်အလုပ် သူ့ရှေ့ကိုပြေးလာကြသော zombie တအုပ်
'လခွမ်း ငါတစ်ယောက်တည်းကို ဒီzombieတအုပ်ကြီးကို ဘလိုလုပ်နိုင်မှာလဲ 'သူလည်း အားတင်းပြီးတိုက်နေရင်း သူ့ရှေ့ကို ဖြတ်ခနဲပြေးသွားသော ဓားတစ်ချောင်း
''ခင်များ ရူးနေလား ဒီလောက်အများကြီးကို မပြေးဘဲနဲ့ တိုက်နေတယ်''
ကယ်ဗင်လည်း စကားပြောရင်းနဲ့ တိုက်နေတယ် ဟိုလူကို ကြည့်လိုက်တော့ အခုထိ သူ့ကိုကြောင်ကြည့်နေတာကြောင့် သူလည်း zombieတွေကို အမြန်ဖြတ်ပြီး ဟိုလူ့ကို လက်ဆွဲပြီး supermarket ထဲကို ခေါ်လာခဲ့တော့တယ်