Arc5.7

5.6K 550 5
                                    

ကယ်ဗင် ကိုကို့ဆီ အမြန်သွားပီးကြည့်လိုက်တော့ ပုံစံစပြောင်းနေတဲ့ ကိုကို့ကြောင့်
''ဟင့်အင်း ကိုကို သတိထားပါအုံး အဲ့လိုမဖစ်ရဘူးလေ ကိုကို''
''သွား သွားတော့ ကလေး အ့ ကိုကို စိတ် မထိန်းနိင်ဘဲနေမယ် ''

ရိန်း သူ့ဆီပြေးလာသော ကလေးကို ထွက်သွားဖို့ပြောနေမိတယ် သူ့ကလေးကို ထိခိုက်အောင်လုပ်မိမှာ သူကြောက်တယ် သွားပါကလေးရယ် ကိုယ့်ကိုထားခဲ့ပါတော့
''မြန် မြန် သွားတော့ ကိုယ်တားထားမယ် ''
''ဟင့်အင်း မထားသွားဘူး မပြောနဲ့ ဘာမှ ''

ကယ်ဗင်တို့ စကားပြောနေတုန်း သူတို့ဆီကို ပြေးလာပြန်တဲ့ zombieတွေ သူထရပ်ပြီး တိုက်ဖို့ပြင်လိုက်တယ် သူကိုကို့ကိုကာကွယ်ပေးရမယ် ကိုကိုဘာမှမဖစ်စေရဘူး
''အား သေစမ်း သေကြစမ်း သွား ငါ့ကိုကိုနားကနေ ထွက်သွားကြ''

ရိန်း ဓားတစ်ချောင်းကိုင်ပြီး ပတ်ရမ်းနေတဲ့ ကလေးကိုကြည့်ရင်း မျက်ရည်တွေကျလာတယ် သူအသုံးမကျလို့ ကလေးကို မကာကွယ်နိုင်တော့ဘုး ခွင့်လွှတ်ပါ ကလေးရယ် သူတွေးနေရင်းနဲ့ပဲ သူသည် လုံးလုံး zombieတစ်ကောင် အဖစ်ပြောင်းလဲသွားတော့သည်

ကယ်ဗင်တိုက်နေရင်းနဲ့ ကိုကို့ကိုကြည့်လိုက်တော့ zombie ဖစ်သွားပီဖစ်တဲ့ ကိုကို
ကသူ့ဆီဦးတည်လာနေတယ် နေပါစေ mission မအောင်မြင်ရင်တောင်မှ ကိုကိုသတ်မယ်ဆို ငါသေရဲတယ် သတ်လိုက်ပါကိုကို ဒါပေမယ့် သူထင်ထားသလို ကိုကိုက သူ့ကိုမသတ်ဘဲ သူ့ဆီပြေးလာတဲ့ zombie တွေကိုသာ တစ်ကောင်ပြီးတစ်ကောင် ရိုက်ထုတ်နေတော့သည်
'ဟင့်ကိုကိုရယ် zombie ဖစ်သွားတာတောင် ကလေးကို ကာကွယ်နေတုန်းဘဲလား'

ကယ်ဗင်လည်း ကိုကိုနဲ့ အတူတူ တိုက်ခိုက်နေလိုက်တော့တယ် မကြာခင်မှာဘဲ အကုန်လုံး သေကုန်ကြတယ် ထွက်သွားဖို့ပြင်နေတဲ့ ကိုကို့နောက်ကျောကို ကယ်ဗင်ပြေးဖက်လိုက်တယ်
''မထားခဲ့ပါနဲ့လို့် ပြောထားတယ်လေ ကိုကိုမေ့နေတာလား ဟင့် မသွားပါနဲ့ အဟင့်''

သူလည်း ငိုပြီးပြောလိုက်ရော တုန့်ကနဲ ရပ်ပြီး သူ့မျက်ရည်တွေ လာသုတ်ပေးတဲ့ ကိုကို
ကိုကိုဟာ အရာအားလူံးကို မေ့နေရင်တောင်မှ သူမျက်ရည်ကျတာကိုတော့ လုံးဝမကြိုက်ပါ
ခနနေတော့ zombie တို့ရဲ့သဘောသဘာဝအတိုင်း သတ်ချင်ဖြတ်ချင်စိတ်တွေ ပေါ်လာတော့တယ် ဒါပေမဲ့ သူထွက်မပြေးမိဘူး

System 831(completed)Where stories live. Discover now