sean မနက်အိပ်ယာထတော့ သူစဉ်းစားနေတာ ဇာတ်လိုက် နောင်တရအောင် ဘလိုလုပ်မလဲ ဆိုတာဘဲ ငါဘလိုလုပ်ရင် သူနောင်တရမလဲ သူ့ကိုထောက်ပံ့ထားတာတွေလည်း ရပ်ပီးပီ နောက်ဘာဆက်လုပ်ရမလဲ မသိတော့ဘူး ဒီကမ္ဘာက လွယ်မလိုနဲ့ ခက်နေရော မသိတော့ဘူး ငါ့dadyဆီဘဲ သွားတော့မယ်
sean အောက်ထပ်ကို ဆင်းလာတော့ daddy ကိုမတွေ့ သူလည်း အန်တီကြီးကိုမေးကြည့်လိုက်တော့
''အန်တီ daddy ကဘယ်သွားတာလဲဟင်''
''companyသွားပါတယ် သခင်လေး ချက်ချင်းပြန်လာမယ် မကြာဘူးလို့ ပြောသွားပါတယ်''
''သြော် ဟုတ် ''sean လည်း စားစရာရှိတာစားပီး daddy ဆီလိုက်သွားလိုက်တယ် ကိုယ့် company ကိုမသွားဘူးလား လာမမေးနဲ့နော် ငါမသွားလည်း သူ့ဟာသူဖစ်ပီးသားမို့ ဟဲဟဲ sean လည်း company ရောက်တော့
''ဟိုဟာ ceo leoနဲ့တွေ့ချင်လို့ပါဗျ''
''ကြိုချိန်းထားလား ''
''မချိန်းထားပါဘူး ဒါမဲ့ ကျနော်လာတယ်လို့ပြောလိုက်ပါ ရပါတယ်''''ဟက် မင်းလို ကလေကချေနဲ့ အချိန်ဖြုန်းနေရအောင် bossကမအားဘူး''
'သေစမ်း ရှောင်ကျန့် ကလေးလိုလို ဘာလိုလို ဝတ်လာမှတော့ ဘသူကအထင်ကြီးတော့မှာလဲ'''ဒီမှာ အန်တီ ကျနော်ကပြောဆိုပြောလိုက်ပေါ့ ဘာလို့လျှာရှည်နေတာလဲ ''
''မင်း မင်းကများ မိမဆုံးမ ဖမဆုံးမလေး''
''ခင်များက ကျနော့်ကို ပြောရဲတယ်ပေါ့ လညစမ်း ဖြောင်း အဲ့တာကျနော့်ကိုစော်ကားလို့ ရိုက်တာ မှတ်ထား''''အဲ့တာဘာတွေဖစ်နေတာလဲ ''
''daddy ဒီမိန်းမက''
''တိတ်စမ်း sean ဘာလို့လိုက်လာတာလဲ ပြသာနာလာရှာတာလား ဟုတ်လား''
''အဟက် ခင်များက အဲ့လိုထင်တယ်ဆိုလည်း အဲ့လိုပေါ့ ကျနော့်လို ပြသာနာကောင်ကြီးကို ခွင့်ပြုပါဦး ''seanလည်း ပြောပြီး ထွက်လာခဲ့တယ် တကယ်ဆို သူ့ဝန်ထမ်းတွေမှားတာ မသိဘဲနဲ့ လူကိုလာအော်နေတာ မုန်းတယ် သူတောင်းစားကြီး ဟင့်
leoလည်း စိတ်ဆိုးပြီး ထွက်သွားသော babyကိုကြည့်ပြီး သက်ပြင်းသာချလိုက်မိတော့သည် သူ့မှာမနက်ကတည်းက မနက်စာတောင်မစားရသေးဘဲ အရမ်းအလုပ်ရှုပ်နေတာ ပြသာနာတွေတက်နေရတဲ့ထဲ babyကပါ ပြသာနာလာရှာတော့ သူလည်း အော်မိသွားတာ ပုံမှန်လိုဆို ကိစ္စမရှိပေမယ့် အခုက အရမ်းဆိုးလွန်းတယ်မလား တဖက်သားကို ပါးရိုက်ရတဲ့ထိ လူတွေကို babyကိုဆိုးတယ်လို့ မထင်စေချင်ဘူး မင်းအတွက်ပါ babyရယ်