လီရှင်း သူစီစဉ်ထားတဲ့ အစီအတိုင်း လုပ်ဖို့bunnyကိုပြောထားလိုက်တယ် ဟက်မကြာပါဘူး အားလုံးရဲ့ဇာတ်သိမ်းခန်းကို ရောက်တော့မှာ
''ပြိုင်ပွဲဝင်တွေအားလုံး ဒီနေ့ပြိုင်ရမှာကတော့''
''မပြိုင်တော့ဘူး ငါကြင်ယာတော်ရွေးပီးသွားပီဖစ်လို့''''ဘလို အိမ်ရှေ့စံ ကကြင်ယာတော်ရွေးပီးသား''
''ဘလိုဖစ်တာလဲ ဒါဆိုငါတို့က ဘာလုပ်ရတော့မှာလဲ''
''အားလုံးတိတ်ကြ အိမ်ရှေ့စံ ရှင်းပြလိမ့်မယ်''
''မနေ့ညနေက လီရှင်း မသမာသူတချို့ရဲ့ ဖမ်းဆီးဆေးခတ်တာကို ခံခဲ့ရတယ် ဒါပေမယ့် ငါကိုယ်တော်က အချိန်မှီ ရောက်ခဲ့လို့ ကယ်နို်င်ပေမယ့် ငါကိုယ်တော်တာဝန်ယူခဲ့တာကြောင့် လီရှင်းကို ကြင်ယာတော် မြှောက်ပြီး ဒီပြိုင်ပွဲကို ရပ်တန့်စေမယ်''''လက်မခံနိုင်ဘူး အိမ်ရှေ့စံ ဘလိုဘဲမှားခဲ့တယ်ဆိုဦးတော့ ကျန်တဲ့သူတွေအတွက် မတရားဘူးမလား''
''ဟုတ်တယ် မင်းသမီးပြောတာမှန်ပါတယ် အိမ်ရှေ့စံ ကျနော့်ကိုတာဝန်ယူစရာမလိုပါဘူး မျှတစွာနဲ့ဘဲ ပြိုင်ပွဲကို ဆက်ပြိုင်ပါရစေ''''မလိုဘူး ငါကိုယ်တော့် အမိန့်တော် ငြင်းဆန်ပိုင်ခွင့်မရှိဘူး ကန့်ကွက်တဲ့သူသေဒဏ်ပေးခံရမယ်''
''ဟာ '' ''ဘလိုလဲဟ''
လီရှင်းလည်း မင်းသမီးနားကို တိုးသွားပီး
''ဘလိုလဲ မင်းသမီး ကြင်ယာတော်ဖစ်ချင်တုန်းဘဲလား အဟက် ဒီတသက်ဝေးဦးမယ်ထင်ပါရဲ့''
''နောက်ပီး မင်းသမီးရဲ့ ယုတ်မာတဲ့ အကြံညဏ်တွေအတွက် ကျနော့်မှာ သက်သေအပြည့်အစုံရှိတယ် ကျနော်သာ ဒီနေရာမှာ ချပြလိုက်ရင်''''နင့်ကို ဘသူကယုံမှာလဲ ငါနင့်ကို သတ်ဖို့ဘဲခိုင်းခိုင်း စော်ကားဖို့ဘဲခိုင်းခိုင်း ဘသူမှ ငါ့ကိုအရေးယူရဲမှာမဟုတ်ဘူး မယုံရင်ပြောကြည့်လိုက်လေ''
''ဘသူပြောလဲ အရေးမယူရဲဘူးလို့ ''
မေလင်း ဒေါသထွက်ထွက်နဲ့ ပြောလိုက်တာ သူနန်းရင်ပြင်မှာ ရောက်နေမှန်းသတိမထားမိလိုက်ဘူး ဖစ်သွားတယ်
''မဟုတ်ဘူး သူ သူ ဖိအားပေးလို့ မေလင်းပြောရတာပါ ဟင့် မေလင်းလုပ်တာမဟုတ်ပါဘူး''''ဟူး သက်သေတွေအကုန်ခေါ်ခဲ့ ''
''ပြောစမ်း မင်းတို့ကို ကျန်တဲ့ပြိုင်ပွဲဝင်တွေနဲ့ လီရှင်းကို ထိခိုက်အောင်လုပ်ခိုင်းတဲ့သူက ဘသူလဲဆိုတာ
''ဟို ဟို မင်းသမီးမေလင်းပါ ကျနော်တို့ကို ခိုင်းတာ ''
''မဟူတ်ဘူး နင်တို့လိမ်နေတာ ငါမှမသိဘဲ နင်တို့ကို ဖစ်နိုင်တာက နင်တို့လူမှားတာဘဲဖစ်မယ် အမတော် ဟုတ်တယ် အမတော်ခိုင်းတာဘဲဖစ်ရမယ် သူက ငါ့ကိုအရမ်းချစ်တော့ မှားလုပ်မိသွားတာနေမှာ''