ချန်မင် ဟိုအဘွားကြီးဖစ်ပျက်နေပုံကို သေသေချာချာကြည့်ပြီး သဘောကျနေမိတယ်
''ဟို ရပါတယ် ပါးပါးရဲ့ အန်တီက မသိလို့နေမှာပါ ပါးပါးနားရအောင် သွားစို့လေ''
''အင်း ဒီတခါတော့ ထားလိုက်မယ် ရွှမ်းမေ နောက်တခါဆိုရင် မင်းမလွယ်ဘူး''
ချန်မင်လည်း အဘွားကြီးကို ကြိတ်ပြုံးပြလိုက်တယ် ဟက်စွေ့စွေ့ခုန်နေခဲ့စမ်း''သားမင်လေး နေရတာအဆင်မပြေရင် ပါးပါးကိုပြောနော်''
''ရပါတယ် ပါးပါးရဲ့ အဆင်ပြေပါတယ် သားတခုမေးချင်လို့''
''မေးလေ မင်လေး''
''ဟို ဟန်သခင်လေးနဲ့ စေ့စပ်ရမှာက သားမလားဟင် ပါးပါး''
''ဟင်း ဟုတ်တယ် သားဘဲ ပါးပါးက သားကိုစိတ်မချလို့ မပြောခဲ့တာ ရွှမ်းလုကလည်း သူစေ့စပ်မယ်လို့ ပြောလာတော့ လက်ခံခဲ့မိတာ''''သြော် အဲ့လိုကိုး''
''သားက ဟန်သခင်လေးကို သဘောကျလို့လား''
''ဟို သားက သဘောကျတယ်လည်း မဟုတ်ပါဘူး ပါးပါအဆင်ပြေသလိုလုပ်ပါ''
''ဟန်သခင်လေးကို ပါးပါးပြောလိုက်မယ် သားကသာ သူနဲ့စေ့စပ်ရမယ့်သူဆိုတာ''
''ကောင်းပါ့မလား ပါးပါးရဲ့ ရွှမ်းလုက ကျေနပ်မှာမဟုတ်ဘူး''
''ဘာမကျေနပ်စရာရှိလဲကွယ် နဂိုကတည်းက သားနဲ့စေ့စပ်ရမယ့်ဟာဘဲ ပါးပါးသားလေးအဆင်မပြေမှာစိုးလို့ မစီစဉ်တဲ့ဟာ စိတ်ချ ပါးပါးလုပ်ပေးမယ် ဟုတ်ပီလား''''ဟုတ်ကဲ့ ပါးပါး နောက်ရက်ကျရင် ပါးပါးcompanyလိုက်ချင်တယ် အလုပ်ကူချင်လို့''
''တကယ် ပြောနေတာလား သားလေး''
''တကယ်ပါ သားလည်း နားနေတာကြာနေပီလေ နောက်ဆိုရင် သားဘဲပါးပါးcompanyကို ဆက်ခံရမှာမလား အခုကတည်းက သင်ထားမှဖစ်မှာပေါ့''
''ဟုတ်ပါတယ် ပါးပါးလည်း သားကဝါသနာမပါဘူးလားလို့ မခိုင်းတာ အခုလိုလုပ်ချင်တယ်ဆိုတော့ ပါးပါးအရမ်းဝမ်းသာတာဘဲ''ပြုံးရင်းနဲ့ပြောလာတဲ့ ပါးပါးကိုကြည့်ပြီး ချန်မင်မှာလည်း ကြည်နူးရတယ် ချန်မင် မင်းကတကယ့်အဖေကောင်းကို ရထားတာဘဲ မင်းအဖေက မင်းကိုသိပ်ချစ်တာဘဲ ချန်မင်လည်း နောက်ဆက်လုပ်ရမဲ့အရာတွေကို တွေးရင်း
'ပထမ mission complete ဟက် ''ဘယ်ဟာက completeတာလဲ host'
'စေ့စပ်မယ့်ကိစ္စက complete တာပေါ့ bunnyရဲ့ ငါလင်ကြီးက ငါ့ကိုဘဲစေ့စပ်မယ်ဆိုတာ သေချာတယ်လေ ဟက်'
'companyက ဘလိုလုပ်မှာလဲ host'
'လေးလေးကို အကူအညီတောင်းထားတယ် ရှယ်ယာဝယ်ဖို့ကိစ္စကို နောက်ပီး ငါ့မားရဲ့ အမွေတွေက ငါ့ကိုပေးထားတာရှိတယ်လေ အဲ့ပိုက်ဆံသုံးလိုက်ရုံဘဲ'
'bunny ဟိုသားအမိနောက်ကို လိုက်ကြည့်ပြီး စုံစမ်းထားအုံး'
'ok host'