Arc6.7

6.2K 607 9
                                    

ချန်မင်လည်း အဘွားကြီးနဲ့ စကားပြောနေရင်း နားထဲမှာ bunnyပြောတဲ့ hostအဖေလာနေပီဆိုတဲ့ စကားကိုကြားရတာနဲ့ သူလည်း ကိုယ့်ကိုကိုယ်ပြန်ပီး ပါးရိုက်လိုက်တယ် ကြောင်ကြည့်နေတဲ့ အဘွားကြီး ကိုကောက်ျစ်စွာပြုံးပြရင်း
''တောင်းပန်ပါတယ် အန်တီ ညီမလေး ကိုမရိုက်ပါနဲ့ ''
''ဖြောင်း ဖြောင်း အ့ တောင်းပန်ပါတယ် တကယ်တောင်းပန်ပါတယ်''
''အဲ့တာဘာတွေဖစ်နေတာလဲ ရွှမ်းမေ သားလေး လုလု''
''ဟင့် ပါးပါး အန်တီ့ကိုပြောပေးပါအုံး ညီမလေးကို မရိုက်ဖို့''

''ဘာပြောတယ် ရွှမ်းမေ မင်းဒါဘာလုပ်တာလဲ''
''မဟုတ်ဘူး ကို သူလိမ်နေတာ ''
''အဟင့် ပါးပါး သားမလိမ်ပါဘုး ညီမလေးမျက်နှာလည်း ကြည့်အုံး သားကတားတော့ သားကိုလည်း ရိုက်တယ်ပါးပါး ဒီမှာကြည့်''
လင်းချန်ကြည့်လိုက်တော့ မောင်နှမနှစ်ယောက်လုံးရဲ့ ပါးပြင်နုနုလေးတွေမှာ လက်ဝါးရာတွေအထင်းသား
''ဟုန်ရွှမ်းမေ မင်းကိုငါသတိပေးထားတယ်မလား ငါ့သားသမီးတွေကို မထိဖို့ မဟုတ်ရင် ငါအရင်ကပြောထားတာတွေကို ပြန်စဥ်းစားရလိမ့်မယ်''
''မဟုတ်ဘူး အဲ့လိုလုပ်လို့မရဘူး လင်းချန်''
''ဘာလို့မရရမှာလဲ ငါ့ကလေးတွေ ကြီးလာပီ ရွှမ်းမေ သူတို့ကိုသူတို့ကာကွယ်နိုင်ပီ ငါသေလည်းကိစ္စမရှိဘူး သူတို့အရွယ်ရောက်လာတဲ့အထိ ငါနေခဲ့ပီးပီ ငါကျေနပ်ပီ ရွှမ်းမေ''

''ဟင့်အင်း အဲ့လိုလုပ်လို့မရဘူး ငါက အဲ့လိုဖစ်ခွင့်ပေးမှာမဟုတ်ဘူး ''လို့ပြောကာ ပြေးထွက်သွားသော သူမကို ကြည့်ရင်း လင်းချန် သက်ပြင်းသာချမိသည်
'မင်းအခုထိ လောဘတွေကြီးတုန်းဘဲလား ရွှမ်းမေ မင်းအသိတရားရသင့်ပီ ငါအခုထိမင်းကို ခွင့်လွှတ်ခဲ့တာ ချစ်လို့ဆိုတာ မသိလေရော့သလားကွယ်'

ချန်မင်လည်း ရွှမ်းလု ကို ခေါ်ပီး
''နင်ငါ့ကိုပြောစမ်း ရွှမ်းလု နင့်အမေက နင့်ကို ဘာတွေအကျပ်ကိုင်ထားတာလဲ''
''နင်ဘာလို့ ငါ့ကိုကူညီတာလဲ''
''ငါ့ညီမမို့လို့ ငါ့အဖေကမွေးတဲ့ ငါ့ညီမမို့လို့ ငါနင့်ကိုကာကွယ်ပေးမယ် လုလုနင့်ငါ့ကိုအကုန်ပြောပြ''
''ဘလိုယုံရမှာလဲ နင့်ကို ငါ့ကိုမွေးထားတဲ့ ငါ့အမေကတောင် ငါ့ကိုခိုင်းစားချင်လို့ မွေးထားတာကို နင်လို ငါဒီအိမ်စရောက်ကတည်းက မုန်းနေတဲ့သူကို ဘလိုယုံရမှာလဲ ''

System 831(completed)Where stories live. Discover now