ရှဲ့ယွင် ပြိုင်ပွဲကို ရင်တမမနဲ့ကြည့်နေရတာပင် အချစ်ကို ယုံပေမယ့် အမတ်ကြီးကောက်ကျစ်မှန်းသိနေတော့ စိတ်ပူရပြန်တယ် ဒါပေမယ့် စင်ပေါ်ရောက်တော့ ညစ်ကျယ်ကျယ် ပြုံးနေတဲ့ အချစ်ကြောင့် အလုံးကြီးကျသွားတော့တယ် ထင်ထားသလိုဘဲ အချစ်ကအနိုင်ရခဲ့တယ်
''ဘလိုလဲ အရှင် ကျနော်တော်တယ်မလား''
''တော်တယ် အရမ်းတော်တာဘဲ ဘသူ့အချစ်ပါလိမ့်''''ha ha အရှင်ကလည်း ဘာဆုချမှာလဲ ''
''အငိး ကိုယ့်ကြင်ယာတော်အဖြစ် ဆုချမယ်လေ မကြိုက်ဘူးလား မင်္ဂလာပွဲကို ခမ်းခမ်းနားနားလုပ်ပေးမယ်''
''ဟင့်အင်း တိုက်ပွဲပြီးမှ လုပ်ရအောင်ပါ မင်္ဂလာကနောက်မှ ဆောင်လည်း ဘာမှမဖစ်ဘူး အရင်ဆုံး မင်းသားဟန်နဲ့ သွားတွေ့ရအောင်''''ဟူး အင်းပါ အချစ်သဘော''
''ဟီး ဟုတ်ကဲ့''
ဘာလို့ ဒီကောင်လေးဒီလောက်တောင် ဟန်ဘုရင်ကိုသတ်မယ့်အရေးမှာ အားကြိုးမာန်တက်ကြိုးစားချင်နေရလဲမသိပါဘူး ထားပါတော့ အချစ်ကဖစ်စေချင်မှတော့ ကိုယ်ကလုပ်ပေးရမှာပေါ့'bunny မင်းသားဟန်က အခုဘယ်မှာလဲ'
'အခု မြို့ထဲမှာ လှည့်ပတ်စစ်ဆေးနေပါတယ် host '
'ဟန်ဘုရင်ရဲ့ လူတွေလွတ်ထားတာရှိလား ကြည့်ပေးအုံး'
'မရှိပါဘူး host ကျနော်သေချာကြည့်ခဲ့ပါပြီ'
'အင်း bunny ကျေးဇူးဘဲ မင်းသာမရှိရင် ငါမဖစ်လောက်ဘူး'
'ကျနော့်တာဝန်ကို လုပ်ရုံပါဘဲ host ကျေးဇူးမတင်ပါနဲ့'ကျောက်ယွမ်လည်း ဟန်နိုင်ငံကို တိတ်တဆိတ် ထွက်ခွာပြီး မင်းသားဟန်ဆီကို လာခဲ့လိုက်တယ် မကြာပါဘူး နောက်ယောင်ခံလိုက်မှန်း သိတဲ့ မင်းသားဟန်က သူ့ကို အိမ်တစ်အိမ်ထဲ ဆွဲခေါ်သွားတယ်
''မင်းဘသူလဲ ဘာကြောင့် ငါ့နောက်လိုက်နေရတာလဲ''
''ကျနော်ပါ မင်းသားဟန် ကျောက်ယွမ်ပါ ကျောက်မိန်ရှင်းရဲ့မောင်ပါ''''သြော် မင်းကိုး ငါက ခမည်းတော်လူတွေထင်လို့ ဘာပြောစရာရှိလို့လဲ''
ကျောက်ယွမ် လည်းတိုက်ခိုက်မယ့် အစီအစဉ်တွေကို ပြောပြလိုက်တယ် လန်အရှင်နဲ့ ပူးပေါင်းပြီး နိုင်ရင် ဟန်နိုင်ငံရဲ့ ထီးနန်းကို မင်းသားဟန်ကိုသာ ပေးမည်ဖြစ်ကြောင်း ပြောပြလိုက်တယ်