Zawgyi
ပါတီပွဲနေ့ရောက်လာတာတောင် သူနဲ့ဇီနိုကြားက ဆက်သွယ်မှုတွင် တစ်ထောင်ပုံတစ်ပုံတောင် ရှိသေးသည်ကို သိလိုက်ရသည်။ဒါပေမယ့် ထိုဆက်သွယ်မှုကနေ သူ့ကိုကာကွယ်နိုင်သေးသည်ကို သိပေမယ့် ဒန်နာရီစိုးရိမ်နေဆဲပေ၊သူဟာ အစီအစဉ်များစွာ လုပ်ချင်ပေမယ့် ဇီနိုဟာ လက်မခံပေ၊ဇီနိုဟာ သူ့အပေါ်အပြည့်အဝယုံကြည်ရန်လည်း ပြောလာခြင်းဖြစ်သည်။
"သခင်လေးပွဲအတွက် ပြင်ဆင်သင့်ပြီ" အန်နာဟာ အခန်းထဲဝင်လာတာမြင်မှ ဒန်နာရီ သူအတွေးတွေရပ်လိုက်ပြီး အန်နာကို ပြုံးပြကာ
"ပါတီက မကြာခင်စတင်တော့မှာမို့လို့လား"လို့ မေးလိုက်တော့ အန်နာဟာ ခေါင်းညိတ်လိုက်ပြီး သူ့ကို ရေမိုးချိုးရန်ပြင်ဆင်ပေးရင်း အဝတ်အစားရွေးထုတ်နေတော့သည်။ ဒန်နာရီ သန့်စင်လို့ပြီးသွားပေမယ့် အန်နာဟာ ဝတ်စုံရွေးချယ်လို့ မပြီးသေးပေ၊ အန်နာဟာ စိတ်မကောင်းသည့်အမူအရာဖြင့်
"အိမ်တော်က သခင်လေးတိုင်းက တစ်လကို ဝတ်စုံနှစ်စုံဆီလက်ဆောင်ရရဲ့နဲ့ သခင်လေးတစ်ယောက်တည်း ခြောက်လတစ်ကြိမ်ရရှိတယ်" လို့ စိတ်မကောင်းသည့်အသံဖြင့် ပြောလာတော့ ဒန်နာရီဟာ ဘာမှမဖြစ်သလိုနဲ့ သူရဲ့ဝတ်စုံထဲက တစ်ခုကို ရွေးချယ်လိုက်သည်။
"ဒါကျွန်တော်နဲ့မသက်ဆိုင်သည့်ပွဲတစ်ပွဲလေ အန်နာ ဒီဝတ်စုံပဲ ဝတ်ကျတာပေါ့" အပေါ်ကုတ်အနက်ရောင်ကိုမှ လည်စည်းနဲအောက်ခံအင်္ကျီအနီရောင်ပါပြီး အပေါ်ကုတ်ရဲ့အနားမျဉ်းသားတွေဟာလည်း အနီများရောစပ်ထားသည့်ဝတ်စုံကို ဒန်နာရီပြလိုက်ပြီး အန်နာကို ပြောလိုက်သည်။သူမှတ်မိသလောက်ဆိုရင် ဒီဝတ်စုံ သူမဝတ်ရသေးပေ၊
"ကောင်းပြီ သခင်လေး"
ထိုနောက် ဒန်နာရီဟာ အဝတ်အစားဝတ်ဆင်ပြီးနောက်မှာ အန်နာမသိခင် ဇီနိုရှိနေသည့် အလင်းကျောက်ကို သူရဲ့ဘောင်းဘီအိတ်ကပ်ထဲ ကောက်ထည့်လိုက်ပြီးနောက်မှာတော့ ပါတီကျင်းပမည့် အဓိကအိမ်တော်ရဲ့ခန်းမဆောင်ကို အန်နာနဲ့အတူ ရောက်လာတော့သည်။
ဒန်နာရီဟာ သူရောက်လာသည့်ချိန် ပင်မအိမ်တော်က ပြောလာသည့်ချိန်ပေမယ့် တမင်လုပ်ကြံခံရမှန်းသိလိုက်သည်။ဟိုရောက်တော့ အထိန်းတော်ဟာ သူ့ကို အနှောက်အယှက်လို ကြည့်လာပြီး
YOU ARE READING
FantasyStarted date: 10.8.2021 End date: 1.3.2023 Own Creation Season-1 (The End) သူ့ချစ်သူက သူ့အပေါ် သစ္စာဖောက်ခဲ့တယ်... သူ့သက်တော်စောင့်ကလည်း သူ့အပေါ် နောက်ကျောဓားထိုးခံတယ်... သူရဲ့မိသားစုကလည်း သူအပေါ် မိသားစုတစ်ယောက်လို မဆက်ဆံခဲ့ဘူး... သူရဲ့ပညာတွေ .သူရ...