Zawgyi
ဒန်နာရီရဲ့သတင်းဟာ ထိုနေ့မှာ ပိုမိုကျော်ကြားလာကာ အင်ပါယာကလူတွေဟာ မျှော်လင့်ချက်ကြီးစွာထားနေတော့သည်၊သုံးမြွှာမှော်ဆရာဆိုတာ သမိုင်းမှာပင်ရှားပါးလှပြီး လက်ရှိမှာ တော်ဝင်မှော်ကျောင်းတော်ကြီးမှာပင် သုံးဦးသာပေါ်ထွက်ခဲ့သည်၊
ပြီးတော့ သူတို့ရဲ့အင်ပါယာတွေလည်း ပထမဦးဆုံးအကြိမ် ပေါ်ထွက်လာခြင်းဖြစ်တာကြောင့် လူတိုင်းဟာပျော်ရွှင်နေကျတော့သည်၊
ဒန်နာရီကတော့ သူရဲ့ကိုယ်ပိုင်အခန်းထဲမှာ ထိုင်နေကာ 𝑆𝑝𝑖𝑟𝑖𝑡
လောကနဲ့ မည်သို့လုပ်သင့်လည်း တွေးတောလိုက်သည်၊နောက်ပြီးတော့𝑆𝑝𝑖𝑟𝑖𝑡ထိန်းချုပ်သည့်စွမ်းအင်ကို ရွေးချယ်လိုက်တာကြောင့် ရေခဲစွမ်းအားဟာ အဖျက်ဆီးခံလိုက်ရသည်၊အရင်ဘဝကဆို သူဝမ်းနည်းသွားနိုင်ပေမယ့် လက်ရှိမှာတော့ ထိုစွမ်းအားကို မလိုအပ်ပေ၊အရင်ဘဝက ထိုစွမ်းအားကို သူလိုချင်တပ်မက်ဆုံးဖြစ်ခဲ့သည်၊ကလီနာ အတင်းအကြပ်စွမ်းအားမျှင်ယူဆောင်လာသည့်ချိန်မှာ သူရဲ့စွမ်းအင်တွေဟာ ပိတ်လှောင်ခဲ့ကာ အတိတ်ဘဝကသူရဲ့ပါရမီက ယနေ့လိုအင်ပါရမီမမြင့်မားခဲ့ပေ၊ရေခဲစွမ်းအင်နဲ့𝑆𝑝𝑖𝑟𝑖𝑡ထိန်းချုပ်သူစွမ်းအင် တစ်ပြိုင်တည်းနိုးထလာချိန်မှာ ဒန်နာရီအံ့သြသွားပေမယ့် ရိုစဲဆလပ်အိမ်တော်ရဲ့စွမ်းအားကို ပြတ်သားစွာစွန့်ပစ်လိုက်သည်၊*အတိတ်ဘဝက အကြောင်းတွေက မင်းရဲ့ဘဝတစ်ခုလုံးနဲ့ရင်းပြီး ရခဲ့တဲ့သင်ခန်းစာတွေပဲ*
ဇီနိုဟာ ဒန်နာရီကိုပြောလိုက်သည်၊ ဒန်နာရီဟာလည်း ဇီနိုပြောသည်ကို သဘောပေါက်သည်၊ဒါကြောင့် သူဟာလည်း လက်ရှိပစ္စပ္ပုန်ကာလကိုသာ ကျော်ဖြတ်နိုင်ရန် တွေးတောလိုက်သည်၊ပထမဆုံး တိုက်ခိုက်ရေးစွမ်းအင်ရှိတဲ့𝑆𝑝𝑖𝑟𝑖𝑡နဲ့ပေါင်းစည်းဖို့ ကြိုးစားရမည်၊
𝑆𝑝𝑖𝑟𝑖𝑡တွေဟာ သက်ရှိတွေရဲ့စိတ်ဝိညာဉ်ကနေဖြစ်ပေါ်လာပြီး ပတ်ဝန်းကျင်ရဲ့နေရာတိုင်းမှာ တည်ရှိတတ်သည်၊လူတွေရဲ့ပတ်ဝန်းကျင်မှာတော့ သာမန်အနိမ့်စား𝑆𝑝𝑖𝑟𝑖𝑡များသာ နေထိုင်သည်၊
CITEȘTI
FantezieStarted date: 10.8.2021 End date: 1.3.2023 Own Creation Season-1 (The End) သူ့ချစ်သူက သူ့အပေါ် သစ္စာဖောက်ခဲ့တယ်... သူ့သက်တော်စောင့်ကလည်း သူ့အပေါ် နောက်ကျောဓားထိုးခံတယ်... သူရဲ့မိသားစုကလည်း သူအပေါ် မိသားစုတစ်ယောက်လို မဆက်ဆံခဲ့ဘူး... သူရဲ့ပညာတွေ .သူရ...