Chapter -60
7.9K 1K 37
Zawgyi
"ရေးလ်" ဒန်နာရီအမိန့်သံကြားသည်နဲ့ ရေးလ်ဟာ ရှေ့တက်လာတော့သည်၊ရွေးချယ်သူတွေရဲ့စိတ်ဟာ ရှင်းလင်းပြတ်သားလှသည်၊သူတို့ဟာ ဘုရားသခင်ရဲ့ရွေးချယ်ခံသူရဲကောင်းတွေဖြစ်တာ​ကြောင့် ပုံရိပ်ယောင်မှော်တွေဟာ ထိုသူတွေအပေါ်အလုပ်မလုပ်ပေ၊
ဒါပေမယ့် တစ်ဖက်လူတွေဟာ သိပုံမရဘဲ ရေးလ်လို ကလေးတစ်ယောက်ထွက်လာချိန်မှာ လှောင်ရီကာကြည့်နေတော့သည်၊မကြာခင်မှာ ရူးရူးနှမ်းနှမ်းနဲ့လိုက်လံပြီး ဓားနဲ့ရမ်းတော့မည့်ပုံကို တွေးမိရုံနဲ့ နိုရှုရယ်အဖွဲ့ဟာ ပြုံးနေတော့သည်၊ဒါပေမယ့် သူတို့ထင်ထားသလို ဖြစ်မလာပေ၊
ရေးလ်ဟာ 'ဆိတ်ငြိမ်သက်ခြင်း'တောအုပ်ကနေ အေးဆေးထွက်လာပြီး ဓားကို ဆွဲထုတ်လိုက်သည်၊ဓားအိမ်စွန်းနဲ့ဓားသွား ထိကာ မြည်လာတဲ့အသံကိုပင် ရေးလ်ဟာ ကြားလိုက်ရသည်၊ ထိုနောက်မှာတော့ နိုရှုရယ်အဖွဲ့ကိုကြည့်လိုက်ပြီး
"အသက်မသေချင်ရင် ငါ့သခင်ပြောတာကို နားထောင်လိုက်"ပြောလိုက်တော့ နိုရှုရယ်အဖွဲ့ဟာ ဒေါသကြောင့်မဲသဲသွားတော့သည်၊
"သောက်ကလေးကများ အဲ့ကောင်ကို သတ်ပစ်လိုက်!" ရီလာနိုစကားကြောင့် အနားရှိအစောင့်ရှောက်တစ်ယောက်ဟာလည်း ဓားကို ထုတ်လိုက်ပြီး ရီမောကာပြောလိုက်သည်၊
"မင်းသား ဒီကလေးစုတ်ကို ကျွန်တော်မျိုးဖြေရှင်းလိုက်မယ်"
ထိုနောက်မှာတော့ အစောင့်ရှောက်ဟာ ရေးလ်ကိုကြည့်ရင်း
"ကလေးစုတ် မင်းကိုယ်မင်းပဲ အပြစ်တင်တော့" ပြောလိုက်ပြီးနောက်မှာ ဓားကိုယမ်းလိုက်တော့သည်၊
*ချွင်*
ရေးလ်ကလည်း တစ်ဖက်လူရဲ့အထင်သေးစွာတိုက်ခိုက်မှုကိုကြည့်ရင်း မျက်လုံးထဲမှာ လှောင်ရီမှုများပြည့်သိပ်သွားတော့သည်၊ထိုနောက်မှာ သူရဲ့ဓားကို လက်နှစ်ဖက်နဲ့ဆုပ်ကိုင်လိုက်ပြီး အနောက်ကို ခြေသုံးလှမ်းဆုတ်လိုက်သည်၊ ခန္ဓာကိုယ်ကို အနည်းငယ်ကိုင်းလိုက်ပြီး ခြေထောက်တစ်ဖက်ကိုလည်း အနောက်ဆုတ်လိုက်ပြီးနောက်မှာ ပစ်မှတ်ဆီကို ဦးတည်ပြီး အရှိန်နဲ့ဝင်ချတော့သည်၊