Zawgyi
ဒဲလ်အင်ပါယာကြီးအတွင်း၌ မွန်မြတ်သည့်နယ်မြေနှစ်ခုနဲ့အခြားနယ်မြေကြီးငါးခုနဲ့ဖွဲ့စည်းထားပြီး နယ်မြေငါးခုဆီမှာ အင်ပါယာကို ကာကွယ်ပေးသည့်ဂိတ်တံတားကြီး ငါးခုရှိသည်၊အင်ပါယာမင်းနေထိုင်ရာနယ်မြေကတော့ မွန်းထရီးနယ်မြေနဲ့တိုရစ်ရာနယ်မြေကြားက တော်ဝင်မြို့တော်ဖြစ်ပြီး လက်ရှိဒန်နာရီတို့သွားမည့်နေရာကတော့ မြောက်ပိုင်းရပ်ဝန်းမှာတည်ရှိသည့်ယူနိုရက်စ်နယ်မြေဖြစ်တယ်၊
ယူနိုရက်စ်နယ်မြေဟာ တစ်နှစ်ပတ်လုံးဆောင်းရာသီဖြစ်ပြီး နေရောင်ခြည်ကိုမြင်ရဖို့ပင် ရှားလှသည်၊ဒါကြောင့် ထိုနေရာမှာ ဆိုးသွမ်းတဲ့မှော်ဆရာတွေသာမက နတ်ဆိုးတစ်ချို့ပင် ရှိနေတတ်ပြီး တစ်နှစ်ပတ်လုံး မိစ္ဆာတွေနဲ့တိုက်ခိုက်နေရတာကြောင့် ငရဲဂိတ်လို့ ခေါ်တွင်ကျသည်၊
လက်ရှိမှာတော့ သူတို့ဟာ သရီးနိုရက်နယ်မြေကို ဆက်လက်ခရီးတွင်နေတော့သည်၊အကုန်လုံးဟာ ပင်ပန်းနေကျပေမယ့် ရက်နားခြင်းမရှိသွားနေတော့သည်၊ညဘက်ရောက်သည့်အခါမှာ ပိုမိုဆိုးဝါးလာနိုင်တာကြောင့် နေမဝင်ခင်မှာ ရောက်ရန် အတတ်နိုင်ဆုံးခရီးနှင်နေကျတော့သည်၊
ဒန်နာရီဟာ နာရီးနိစ်(summer spirit)ပေးထားတဲ့ ခရမ်းပြာနုရောင် ဂန္ဓမာပန်း(Lavender Chrysanthemum)ကိုထုတ်လိုက်ပြီးနောက်မှာ ပန်းခတ်သေးသေးလေးတွေ ချိုးယူလိုက်သည်၊နာရီးနိစ်ဟာ ထိုလိုအပြုအမူကို မကြိုက်နှစ်သက်ပေမယ့် ဒန်နာရီဟာ ရှင်းပြထားပြီးပြီဖြစ်သည်၊ဒီလမ်းခရီးဟာ ကြမ်းတမ်းလှတာကြောင့် သူတို့မှာ Manaပြန်ဖြည့်ချိန်ရှိမည်မဟုတ်တာကြောင့် ယခုလိုအသုံးပြုရခြင်ဖြစ်ကြောင်းကိုပေါ့၊နောက်တစ်နည်းကတော့ ပန်းခတ်တိုင်းမှာ အန်ဂနိုရာကျောက်ထဲရှိတဲ့အလင်းစွမ်းအားတွေ နည်းနည်းဆီထည့်သွင်းထားသည်၊ဒါဟာ အနည်းဆုံးတော့ အမှောင်စွမ်းအားတွေ တစ်ကြိမ်တော့ကာကွယ်ပေးနိုင်သည်၊
ဒန်နာရီဟာ သူ့အစ်ကိုကို အစောင့်အရှောက်တိုင်းကိုပေးခိုင်းလိုက်တော့သည်၊ဆိုရက်စ်ဟာလည်း ဒီပန်းရဲ့အကြောင်းနားလည်သဘောပေါက်သည်၊တော်ဝင်မင်းသားနဲ့လေ့ကျင်ရာကို လိုက်သွားတုန်းက ဒီပန်းကြောင့် သူဟာ အမြဲစွမ်းအားပြည့်နေသလိုခံစားရပြီး ဒီပန်းဟာ သူ့အားအမြဲစွမ်းအားဖြည့်စွတ်ပေးနေခဲ့သည်၊ဒါကြောင့် သူဟာ အစောင့်အရှောက်တွေကို ရှင်းပြလိုက်ပြီး ပန်းခတ်ကိုဆောင်ထားရန်ပြောလိုက်သည်၊
ESTÁS LEYENDO
FantasíaStarted date: 10.8.2021 End date: 1.3.2023 Own Creation Season-1 (The End) သူ့ချစ်သူက သူ့အပေါ် သစ္စာဖောက်ခဲ့တယ်... သူ့သက်တော်စောင့်ကလည်း သူ့အပေါ် နောက်ကျောဓားထိုးခံတယ်... သူရဲ့မိသားစုကလည်း သူအပေါ် မိသားစုတစ်ယောက်လို မဆက်ဆံခဲ့ဘူး... သူရဲ့ပညာတွေ .သူရ...