Zawgyi
သောတပိုင်တောအုပ်ဟာ ရှေးဟောင်းသစ်ပင်အိုကြီးတွေနဲ့ တောအတွင်း နေရောင်ခြည်မကျရောက်နိုင်တဲ့အထိ အုပ်ဆိုင်းနေပေမယ့် ထိုရှေးဟောင်းသစ်ပင်အိုကြီးတွေကနေ ထူးဆန်းတဲ့အလင်းရောင်တွေ ဖြာထွက်နေတော့သည်၊
"အီနာယိုသစ်ပင်လေ အီနာယိုသစ်ပင်က ထူးဆန်းတဲ့အလင်းစွမ်းအင်တစ်မျိုးကို ထုတ်လွှတ်ပေးပြီး တောအုပ်ထဲကို ကျူးကျော်လာတဲ့နတ်ဆိုးတွေရန်ကနေ ကာကွယ်ပေးတတ်ကြတယ်လေ"
အီနာယိုသစ်ပင်ဟာ ဒီသောတပိုင်နယ်မြေအတွင်းသာ အကျုံးဝင်ပြီး သောတပိုင်နယ်မြေအပြင်ဘက်ကို သယ်ဆောင်သွားသည်နဲ့ သာမန်သစ်ပင်၊သစ်ခက်များသာ ဖြစ်သွားလိမ့်မည်၊
တိုရာလ်ရဲ့ရှင်းပြမှုတွေကို အကုန်လုံးဟာနားထောင်ရင်း တောအတွင်းပိုင်းထိကို တဖြည်းဖြည်းဝင်ရောက်လာတော့သည်၊သောတပိုင်တောအုပ်ဟာ ဆိတ်ငြိမ်သက်ကာ သစ်ပင်များကြားလေတိုးသံဟာ နားဝင်ချိုသာစေတဲ့တေးသံစဉ်တစ်ပုဒ်ကို တီးခတ်သယောင်ပင်၊သူတို့ကို မြင်လို့ထွက်ပြေးသွားတဲ့သေးငယ်တဲ့မှော်သားရဲတွေကို ရံဖန်ရံခါတွေ့ရတတ်ပြီး တစ်ချို့မှော်သားရဲလေးတွေကတော့ အန္တရာယ်ဆိုတာ နားမလည်ဟန် ဒန်နာရီအဖွဲ့နားထိရောက်လာတာ ဘေးကနေ ခုန်ဆွခုန်ဆွနဲ့လိုက်ပါလာတော့သည်၊
"ရှေ့နားကျရင် သောတပိုင်တောအုပ်ရဲ့မြင့်မြတ်နယ်မြေကိုရောက်တော့မယ်"တိုရာလ်စကားကြောင့် အကုန်လုံးဟာ ရှေ့ကိုလှမ်းကြည့်လိုက်တော့ ကြီးမားတဲ့ကျောက်တိုင်ကြီးကိုတွေ့လိုက်ရတော့သည်၊
"ဒါက သောတပိုင်တောအုပ်ရဲ့အလယ်ဗဟိုပဲ" တိုရာလ်ဟာ ပြောရင်းရှေ့တက်သွားတာကြောင့် အကုန်လုံးဟာလည်း အနောက်ကနေလိုက်ချိန်မှာ ပြင်းထန်လှတဲ့မှော်ဖိအားတစ်ခုဟာ အားလုံးပေါ် ကျရောက်လာတော့သည်၊
ဒန်နာရီဟာမျက်မှောင်ကြုတ်လိုက်ပြီး ဖိအားကိုလျော့ကျရန် သူရဲ့မှော်စွမ်းအင်ကို အသုံးပြုလိုက်ပြီး တိုရာလ်ဆီကို အေးဆေးလျှောက်သွားတော့သည်၊ဒန်နာရီပင်မက ဟျူးယာဟာလည်း သန်းဝေကာလျှောက်လာတော့သည်၊ဒါက တိုရာလ်ကို အနည်းငယ်တော့ အံ့အားသင့်စေပြီး သူဟာ ခေါင်းငုံထားပြီး သူရဲ့အမူအရာကိုဖုံးလိုက်သည်၊
ESTÁS LEYENDO
FantasíaStarted date: 10.8.2021 End date: 1.3.2023 Own Creation Season-1 (The End) သူ့ချစ်သူက သူ့အပေါ် သစ္စာဖောက်ခဲ့တယ်... သူ့သက်တော်စောင့်ကလည်း သူ့အပေါ် နောက်ကျောဓားထိုးခံတယ်... သူရဲ့မိသားစုကလည်း သူအပေါ် မိသားစုတစ်ယောက်လို မဆက်ဆံခဲ့ဘူး... သူရဲ့ပညာတွေ .သူရ...