Zawgyi
မက်စ်ရဲ့အသွင်ပြောင်းသားရဲ ဘလက်စ်ဟာ ရိုစဲဆလပ်အိမ်တော်ရဲ့အိမ်နောက်ဘက်ကို ပျံသန်းသွားပြီး နံရံကြီးရှေ့မှာ ရပ်တန့်သွားတော့သည်၊ထိုနောက်မှာတော့ ကြောင်ပုံသဏ္ဍာန်ပြန်လည်ပြောင်းလဲသွားပြီး နံရံကိုကာ စူးစိုက်ကြည့်နေတော့သည်၊
ကလီနာဟာ စိုးရိမ်နေပေမယ့် အသံကို တည်ငြိမ်ငြိမ်ထားလိုက်ပြီး
"လမ်းက ပိတ်သွားပြီပဲ" လို့ပြောလာချိန်မှာ နံရံကိုဖြိုခွင်းသံကြားလိုက်ရတော့သည်၊မက်စ်ရဲ့လက်တွေဟာ အနက်ရောင်မီးတောက်များတောက်လောင်နေပြီး နံရံကိုထိုးလိုက်ခြင်းဖြစ်သည်၊ထိုနောက်မှာ ဘလက်စ်ဟာ ရှေ့ဆက်ဝင်သွားတော့သည်၊အနည်းငယ်မှောင်မဲနေပေမယ့် လူဝင်လာချိန်မှာတော့ နံရံကမီးတုတ်များဟာ အလိုလိုတောက်လာပြီး စင်္ကြံတောက်လျှောက်လင်းထိန်သွားတော့သည်၊
မက်စ်ဟာ ပတ်ဝန်းကျင်ကိုကြည့်လိုက်သည်၊ဒီနေရာဟာ သူမရှိတဲ့နောက်ပိုင်းမှ တည်ဆောက်ထားပုံရပြီး မက်စ်အတွက် နေရာစိမ်းပင်၊ဒါကြောင့် ချာမက်လက်စ်ဘက်ကို လှည့်ကာကြည့်လိုက်တော့လည်း ချာမက်လက်စ်ဟာလည်း မျက်မှောင်ကြုတ်နေပြီး ပတ်ဝန်းကျင်ကို ဂရုတစိုက်ကြည့်နေပုံအရဆိုရင် ချာမက်လက်စ်လည်း ဒီနေရာကို သိပုံမရပေ၊
"ချာမက်လက်စ်...ဒီနေရာက အရမ်းမှောင်လွန်းတယ်... ကျွန်မတို့ပြန်ရအောင်..." ကလီနာဟာ ဂနာမငြိမ်စွာဖြင့် ပြောဆိုလာတော့သည်၊သူမဟာ သူမလုပ်ရပ်တွေ ပေါ်သွားမှာကြောက်ရွံနေပုံရသည်၊
"ဒီနေရာက ရိုစဲဆလပ်အိမ်တော်ထဲမှာပဲလေ...အမတ်ကတော်က ဘာတွေကြောက်နေရတာလဲ... " မက်စ်ဟာ ခနဲ့ကာပြောလိုက်ပြီးနောက်မှာ အရှေ့ကို ပြန်လည်စူးစိုက်သွားတော့သည်၊ဘာလို့လဲဆိုတော့ ပြင်းထန်တဲ့သွေးညှီနံ့ဟာ သူရဲ့နှာခေါင်းထဲ ထောင်းခနဲပင်၊
"ဘယ်လောက်တောင် ဆိုးဝါးရတာလဲ" မက်စ်ဟာ တိုးတိုးတိတ်တိတ်ပြောလိုက်ပြီး ဓားကိုထုတ်လိုက်သည်၊သွေးညှီနံ့တွေရဲ့နောက်မှာ အန္တရာယ်ကိုခံစားနေရပြီး မြေကြီးဟာ အနည်းငယ်တုန်ယင်နေပုံရရင် တစ်ကောင်ကောင်က သူတို့ဆီ အရှိန်နဲ့ပြေးလွှားလာမှန်းသိသာလှသည်၊
VOCÊ ESTÁ LENDO
FantasiaStarted date: 10.8.2021 End date: 1.3.2023 Own Creation Season-1 (The End) သူ့ချစ်သူက သူ့အပေါ် သစ္စာဖောက်ခဲ့တယ်... သူ့သက်တော်စောင့်ကလည်း သူ့အပေါ် နောက်ကျောဓားထိုးခံတယ်... သူရဲ့မိသားစုကလည်း သူအပေါ် မိသားစုတစ်ယောက်လို မဆက်ဆံခဲ့ဘူး... သူရဲ့ပညာတွေ .သူရ...