Zawgyi
ရစ်နိုလ်ဟာ တံခါးကိုတွန်းဖွင့်ကာဝင်လာချိန်မှာ အခန်းပတ်ဝန်းကျင်ကို စူးစိုက်ကာကြည့်လိုက်သည်၊မနေ့ကထက် ပိုမိုထူးဆန်းနေတဲ့လေထုဟာ သူ့ကို စိတ်မသက်မသာဖြစ်စေလှသည်၊
ဒန်နာရီဟာ ရစ်နိုလ်အခြေအနေကို ကောင်းစွာရိပ်မိလိုက်တာကြောင့် သူဟာ ချောင်းဟန့်လိုက်ပြီး ဖြစ်ပျက်သမျှကို လိုရင်းတိုရှင်းနဲ့သာပြောပြလိုက်တော့သည်၊သေချာတာပေါ့ သူကယ်ခဲ့တဲ့သူဟာ ဒီတိုင်းပြည်ရဲ့အိမ်ရှေ့စံမင်းသားဖြစ်ကြောင်းကိုတော့ ချန်ရစ်ခဲ့လိုက်သည်။ရစ်နိုလ်ဟာ အနည်းငယ်စိုးရိမ်ပူပန်နေသေးပေမယ့် သခင်လေးရဲ့စွမ်းအားကို ယုံကြည်တာကြောင့် သူဟာ စိတ်ကိုဖြေလျော့လိုက်တော့သည်။
မနေ့ညက အက်စ်နဲ့ဂီနိုရာ အခန်းရှေ့မှာ စောင့်ပေးနေတာတောင် ဘာလို့ အခန်းအတွင်းက အဖြစ်အပျက်ကို မသိကြတာလဲ၊အဲ့နှစ်ကောင်ကို စည်းကမ်းတင်းကြပ်မှ ဖြစ်တော့မည်၊
ထိုနောက်မှာတော့ ရစ်နိုလ်ဟာ ဒန်နာရီကို အဝတ်အစားသေချာပြင်ဆင်ပေးပြီးနောက်မှာ ဒန်နာရီနဲ့အတူ အခန်းပြင်ထွက်လာတော့သည်၊အပြင်ဘက်မှာ နေရောင်ခြည်ဖြာကျခါစဘဲ ရှိသေးပေးမယ့် လုံလောက်တဲ့အလင်းရောင်ဟာ ကမ္ဘာမြေပေါ် ကောင်းစွာကျရောက်နေတော့သည်၊
"သခင်လေး ကျွန်တော် စုံစမ်းကြည့်ရသလောက်ကတော့ မနေ့က အရေးကြီးဧည့်သည်တွေကျရောက်လာလို့ နေရာကူးပြောင်းရေးယန္တာရားကို ရပ်ဆိုင်းလိုက်ရတာလို့ သတင်းရရှိထားတယ်"
"အရေးကြီးဧည့်သည်လား"
"ဟုတ်ပါတယ်ဗျ ဘယ်သူဘယ်ဝါလဲဆိုတာ သူတို့တွေ သိပ်အတိအကျမသိပေမယ့် ထိုထဲမှာကြောက်စရာကောင်းတဲ့လူတစ်ယောက်လည်းပါတယ် သိရတယ်"
ရစ်နိုလ်စကားကြောင့် ဒန်နာရီမျက်မှောင်အနည်းငယ်ကြုတ်သွားတော့သည်၊ဒါပေမယ့် ဒီကိစ္စဟာ သူတို့နဲ့ပတ်သတ်လာစရာအကြောင်းမရှိတာကြောင့် ဒန်နာရီဟာ လစ်လျူရှုလိုက်တော့သည်၊သူတို့တွေ မနေ့က နေရာကို ပြန်ရောက်လာချိန်မှာ ဒီတိုင်းပြည်ရဲ့အလံအပြင် အခြားထူးဆန်းတဲ့အလံများပါ ချိတ်ဆွဲထားတာကိုတွေ့လိုက်ရတော့သည်၊
YOU ARE READING
FantasyStarted date: 10.8.2021 End date: 1.3.2023 Own Creation Season-1 (The End) သူ့ချစ်သူက သူ့အပေါ် သစ္စာဖောက်ခဲ့တယ်... သူ့သက်တော်စောင့်ကလည်း သူ့အပေါ် နောက်ကျောဓားထိုးခံတယ်... သူရဲ့မိသားစုကလည်း သူအပေါ် မိသားစုတစ်ယောက်လို မဆက်ဆံခဲ့ဘူး... သူရဲ့ပညာတွေ .သူရ...