Zawgyi
အန်ဒီးယားဟာ သူရဲ့တတိယအစ်ကို အိုင်းမက်စ်ပေါ်ကနေ ထိုင်နေရင်း သူရဲ့အစ်ကိုကြီးနဲ့ဒုတိယအစ်ကိုကိုတစ်လှည့် ဒန်နာရီကို တစ်လှည့်ကြည့်ရင်း သူရင်ထဲမှာ မကောင်းသည့်ခံစားချက်ကြီးရနေတော့သည်။
ဒီခံစားချက်ကို ဟိုတစ်ခေါက်ပါတီတည်းက ခံစားဖူးပေမယ့် ဘာခံစားချက်မှန်းမသိပေမယ့် သူမကြိုက်ပေ၊အရင်က ကိုကိုဆိုရက်စ်(ပထမအစ်ကို)နဲ့ကိုကိုဒေ့ကိုးနက်စ်ဟာ သူ့ကိုဂရုစိုက်ကြပေမယ့် ဒန်နာရီပေါ် ဂရုစိုက်သလိုတော့ ဂရုမစိုက်ပေ၊သူရဲ့ကိုကိုဆိုရက်စ်ဆိုရင် ပိုဆိုးသည်၊စည်းကမ်းအရမ်းကြီးတာကြောင့် အန်ဒီးယားလေးစားချစ်ခင်ပြီး ကိုကိုဆိုရက်စ် သူ့ကိုဂရုစိုက်သည့်အခါတိုင်း ဟက်ရက်စ်၊တိုနီးယားတို့ရဲ့အားကျစွာကြည့်နေသည်ကို မြင်ရင် သူ့စိတ်ထဲ အရမ်းကိုပျော်ရွှင်စေတာအမှန်ပေ၊
အခုတော့ ဒန်နာရီဟာ သူရဲ့နေရာကို လုယူသွားခဲ့ပြီ၊ သူတို့နဲ့မတူ မျိုးကွဲကောင်က ဘာလို့ သူရဲ့အစ်ကိုတွေကို လာလုယူစေချင်နေတာလဲ၊ဒါကြောင့် အန်ဒီးယားဟာ မကျေနပ်စွာဖြင့် သူရဲ့ကိုကိုဆိုရက်စ်ကို ကြည့်ကာ
"ကိုကိုဆိုရက်စ်... အန်ဒီးယားလည်း ကိုကို့ပေါ် ထိုင်ချင်တယ်" လို့ သူတောင်းဆိုလိုက်သည်။ဒါမှ ဒန်နာရီကို သူဟာ ပိုအချစ်ခံရကြောင်း ပြသချင်သည်။ဒါပေမယ့် မထင်မှတ်ထားသလို ဖြစ်သွားသည်။
"အန်ဒီးယား ကိုကိုက ခဏနေရင် ဧည့်သည်တွေကို ဧည့်ဝတ်ခံရမှာ ထလိုက်ထိုင်လိုက် လုပ်ရမှာမို့လို့... အိုင်းမက်စ်ပေါ်ပဲ ငြိမ်ငြိမ်ထိုင်နေနော်" လို့ ချော့မော့စွာပြောနေပေမယ့် အန်ဒီးယားဟာ မကျေမနပ်ဖြစ်သွားတာ အမှန်ပေ၊ဒါသိသိသာသာကို သူ့ကို ငြင်းလိုက်တာလေ၊ပြီးတော့ ဒန်နာရီရဲ့မျက်ဝန်းများဟာ သူ့ကို လှောင်ရီနေသလို ခံစားနေရသည်။ဒါသူ့ရင်ကို ပိုမကျေမနပ်ဖြစ်သွားစေတာ အမှန်ပေ၊
ဒန်နာရီဟာ အန်ဒီးယားအသံထွက်လာတာကြောင့် လှမ်းကြည့်လိုက်ရုံသာဖြစ်သည်။သူ့မျက်ဝန်းအကြည့်များဟာ အစထဲက အန်ဒီးယားပေါ်ရောက်တိုင်း မုန်းတီးမှုများဟာ တားဆီးမရတာကြောင့် အန်ဒီးယားတစ်မျိုးထင်သွားစေတာ မထူးဆန်းပေ၊
YOU ARE READING
FantasyStarted date: 10.8.2021 End date: 1.3.2023 Own Creation Season-1 (The End) သူ့ချစ်သူက သူ့အပေါ် သစ္စာဖောက်ခဲ့တယ်... သူ့သက်တော်စောင့်ကလည်း သူ့အပေါ် နောက်ကျောဓားထိုးခံတယ်... သူရဲ့မိသားစုကလည်း သူအပေါ် မိသားစုတစ်ယောက်လို မဆက်ဆံခဲ့ဘူး... သူရဲ့ပညာတွေ .သူရ...