Zawgyi
နောက်တစ်နေ့မှာတော့ ဒန်နာရီတို့ဟာ ဆရာမုရှီမှာထားတဲ့အတိုင်း ရုပ်ထုကြီးရှေ့မှာစောင့်နေကြတော့သည်၊သူတို့ဟာ ရုပ်ထုကြီးကိုကြည့်ရင်း အလွန့်ကိုစိတ်ဝင်စားနေတော့သည်၊
ထိုချိန်မှာ သူတို့နဲ့အတူ စာမေးပွဲအောင်မြင်ခဲ့တဲ့ကျောင်းသားသစ်အဖွဲ့ဟာလည်း ရောက်လာတော့သည်၊ထိုအဖွဲ့ကလည်း ဆရာမဂျူယာစကားကြောင့် ရုပ်ထုရှေ့ရောက်လာခြင်းဖြစ်သည်၊သူတို့ဟာလည်း ဒန်နာရီတို့အဖွဲ့ကိုမြင်တော့ တစ်ချို့ဟာ မနာလိုကြသလို တချို့ကတော့ အားကျနေကြတော့သည်၊
အန်ဒီးယားကလည်း ဒန်နာရီကို မနာလိုစွာစိုက်ကြည့်နေတော့သည်၊သူက ပထမက ဒန်နာရီမြောက်ဘက်ကိုသွားချိန်မှာ ပျော်ရွှင်နေပြီး ဒန်နာရီစာမေးပွဲမှာ ကျဆုံးပါစေလို ဆုတောင်းနေခဲ့သည်၊ ဒါပေမယ့် သူရွေးချယ်တဲ့လမ်းမှာ မှော်သားရဲတွေကို ကြုံတွေ့ခဲ့ရပြီး အကြိမ်ကြိမ်တိုက်ခိုက်ခံခဲ့ရသည်၊နောက်ဆုံးမှ သူတို့ဟာ ကျောင်းတော်ဆီ ဆွဲခေါ်ခံလိုက်ရပြီး အကြီးအမှူးတွေဟာ ရွေးချယ်ခံရတဲ့ကျောင်းသားသစ်ငါးဦးကို ချီးမွှမ်းနေချိန်မှာ သူ(အန်ဒီးယား)ကတော့ ကြည့်နေခဲ့ရသည်၊
သူငယ်ရွယ်တည်းက ဒန်နာရီနဲ့ယှဉ်ရင် အစစအရာကာသာယာခဲ့သည်၊အင်ပါယာရဲ့အိမ်ရှေ့စံမင်းသားကအစ ဧကရီကလည်း သူ့ကိုသာ မျက်နှာသာပေးခဲ့သည်၊မြို့တော်မှာလည်း လူတိုင်းဟာ သူ့ကိုအားကျငေးမောနေတတ်ကြသည်၊ဒါပေမယ့် ဒန်နာရီပေါ်လာတဲ့အချိန်တိုင်း သူဟာ ဒန်နာရီလောက် မတောက်ပသလိုခံစားရသည်၊
အန်ဒီးယားဟာ ဒန်နာရီကို မုန်းတီးစွာစိုက်ကြည့်လိုက်သည်၊သူကလည်း မှော်အစောင့်အရှောက်တွေရဲ့ရွေးချယ်မှုကို ရချင်သည်၊ဘာကြောင့် သူ့ကိုကျ မရွေးချယ်ရတာလဲ၊
အန်ဒီးယားရဲ့နှလုံးသားမှာတွယ်ငြိနေတဲ့အနက်ရောင်အလုံးဟာ တဖြေးဖြေးလှုပ်ရှားနေတော့သည်၊ဒါကိုတော့ အန်ဒီးယားဟာမသိခဲ့ပေ၊
"မင်းတို့ရောက်လာပြီပဲ" ထိုချိန်မှာ ဆရာမုရှီနဲ့ဆရာမဂျူယာဟာ ရောက်လာတော့သည်၊သူတို့ဟာ ရိုသေစွာနူတ်ဆက်လိုက်ပြီးနောက်မှာ ဆရာမုရှီဟာ စပြီးပြောလာတော့သည်၊
![](https://img.wattpad.com/cover/280895908-288-k325809.jpg)
VOUS LISEZ
FantasyStarted date: 10.8.2021 End date: 1.3.2023 Own Creation Season-1 (The End) သူ့ချစ်သူက သူ့အပေါ် သစ္စာဖောက်ခဲ့တယ်... သူ့သက်တော်စောင့်ကလည်း သူ့အပေါ် နောက်ကျောဓားထိုးခံတယ်... သူရဲ့မိသားစုကလည်း သူအပေါ် မိသားစုတစ်ယောက်လို မဆက်ဆံခဲ့ဘူး... သူရဲ့ပညာတွေ .သူရ...