Zawgyi
"ဒါကြောင့် အမတ်ကြီးချာမက်လက်စ်ရဲ့ခုနှစ်ယောက်မြောက်သားက ထူးကဲနေတာ မဆန်းကျယ်တော့ဘူး..."
"မြို့စားမင်းမက်စ်နဲ့ သခင်လေးဒန်နာရီက တကယ်ဆင်တာပဲ...ပြီးတော့ သခင်လေးဒန်နာရီက သုံးမြွှာမှော်ဆရာလေ...ဒီကိစ္စကိုသိတယ်မလား"
ပွဲတက်လာသူတွေဟာ မက်စ်နဲ့ဒန်နာရီအကြောင်းကိုသာပြောနေရင်းနောက်မှာတော့ မြို့စားမင်းရက်စ်ထရစ်ဟာ အကုန်လုံးကို တိတ်တိတ်နေရန်ပြောလိုက်သည်၊ထို့နောက်မှာတော့ သူဟာ အဓိကအကြောင်းအရာကို ဆက်ပြောတော့သည်၊
"လွန်ခဲ့တဲ့ငါးနှစ်ကျော်တုန်းက အင်ပါယာမင်းရှေ့မှာ ကျုပ်မြေးကိုယ်တိုင် တူတော်ဒန်နာရီကို လက်ထပ်ခွင့်တောင်းခဲ့ပြီး အင်ပါယာမင်းကလည်း သဘောတူခဲ့တယ် အခု တူတော်ဒန်နာရီက အသက်ဆယ်နှစ်ကျော်ပြီး ဆယ့်သုံးနှစ်ထဲဝင်လာပြီတော့ ဒါက ကျုပ်မြေးနဲ့သူ့ကြားက လက်ထပ်ပွဲကို ခိုင်မြဲဖို့ သူတို့ကို စေ့စပ်လမ်းကြောင်းခင်းချင်တယ်..." မြို့စားမင်းရက်စ်ထရစ်ရဲ့စကားအဆုံးမှာ ရုတ်ရုတ်သဲသဲဖြစ်သွားတော့သည်၊တချို့ကသေချာသိပေမယ့် မြို့စားမင်းရက်စ်ထရစ်ကိုယ်တိုင် ပြောလာချိန်မှာ သက်ပြင်းချလိုက်မိသည်၊
အင်အားကြီးလှတဲ့အိမ်တော်နှစ်အိမ်ပေါင်းစီးမှုပဲ၊ဒါဆိုရင် မင်းသားဂျော့ဖရေးရဲ့နောက်မှာ ရက်စ်ထရစ်အိမ်တော်တင်မကဘူး ယူနိုရက်စ်ရဲ့မြို့စားမင်းမက်စ်ပါရှိနေပြီဆိုတော့ အိမ်ရှေ့စံနေရာအတွက်အရည်အချင်းအပြည့်အဝပင်ရှိနေပြီ၊ဒါက အိမ်ရှေ့စံမင်းသားအတွက် အကြီးမားဆုံးသောအခက်အခဲဖြစ်လာတော့မည်၊
ဲအန်ဒီးယားဘေးနားမှာ ရပ်နေတဲ့အိုလီဘာလည်း ဒီအကြောင်းအရာလာမည်မှန်းနားလည်ပေမယ့် ဒန်နာရီ ရိုစဲဆလပ်ကို မက်စ်ရိုစဲဆလပ်ရဲ့ကလေးမှန်းမသိခဲ့တာ အမှန်ပေ၊ဒါဆိုရင် ဒန်နာရီရိုစဲဆလပ်ကတောင် အန်ဒီးယားထက် ပိုအသုံးဝင်နေသေးသည်၊သူချိန်လိုက်တဲ့မြှားက ပစ်မှတ်လွဲသွားတာလား၊
ချာမက်လက်စ်ကလည်း မက်စ်ကိုစိုက်ကြည့်နေတော့သည်၊မက်စ်က သူ့ထက်အာဏာပိုရှိတာကို သူသိသည်၊ဘာလို့လဲဆိုတော့ ယူနိုရက်စ်နယ်မြေမှာ ကိုယ်ပိုင်တပ်ရှိပြီး အင်ပါယာမင်းပင် ကြောက်လန့်နေသည့်မြို့စားမင်းသုံးယောက်ထဲမှာ မက်စ်လည်းပါဝင်သည်၊သူကတော့ မြို့တော်က ပညာရှိတော်ဝင်အမတ်ထက်မပိုပင်၊သူ့ရဲ့အာဏာက တကယ်တမ်း မက်စ်ရဲ့အာဏာလောက်အသုံးမဝင်ပေမယ့် အိမ်ရှေ့စံမင်းသားအိုလီဘာကိုတော့ ထောက်ပံ့ပေးနိုင်သေးသည်၊
YOU ARE READING
FantasyStarted date: 10.8.2021 End date: 1.3.2023 Own Creation Season-1 (The End) သူ့ချစ်သူက သူ့အပေါ် သစ္စာဖောက်ခဲ့တယ်... သူ့သက်တော်စောင့်ကလည်း သူ့အပေါ် နောက်ကျောဓားထိုးခံတယ်... သူရဲ့မိသားစုကလည်း သူအပေါ် မိသားစုတစ်ယောက်လို မဆက်ဆံခဲ့ဘူး... သူရဲ့ပညာတွေ .သူရ...