Zawgyi
ဧည့်တွေ့ခန်းကို ရောက်ချိန်မှာ မက်စ်ဟာ ဂျော့ဖရေးကိုထိုင်ခိုင်းလိုက်ပြီး လာရင်းအကြောင်းကိုမေးလိုက်သည်၊ဂျော့ဖရေးဟာ အင်္ကျီရင်ဘက်ကြားကနေ စာအိတ်ကိုထုတ်လိုက်ကာ မက်စ်ရှေ့ကို ပို့လိုက်သည်၊မက်စ်ကလည်း စာအိတ်ကို ယူဖတ်လိုက်ပြီး မျက်မှောင်ကြုတ်သွားတော့သည်၊
ထိုနောက်မှာ ဟားတိုက်ကာ ရယ်မောလှတော့သည်၊ုန်နာရီကတော့ သူ့အဖေကရယ်မောနေပေမယ့် ဒေါသထွက်နေကြောင်း ရှင်းလင်းစွာသိလှသည်၊စာထဲက မည်သည့်အကြောင်းအရာက သူ့ရဲ့အဖေကို ဒေါသထွက်စေရတာလား...၊
"သူတို့က ဒီလိုလိမ်လည်ရုံနဲ့ ငါ့သားနေရာကို လုနိုင်မယ်ထင်နေလားပဲ" မက်စ်ရဲ့အေးစက်စက်အသံနဲ့အရှိန်အဝါကြောင့် စာထဲကအကြောင်းအရာက ကိစ္စကြီးမှန်းသိလိုက်ပြီး သူနဲ့ပတ်သတ်နေကြောင်း ဒန်နာရီနားလည်သွားတော့သည်၊
"ဒယ်ဒီ..." ဒန်နာရီဟာ သိချင်စိတ်ဖြင့် မက်စ်ကိုမော့ကြည့်လိုက်သည်၊မက်စ်က စောနကဒေါသထွက်နေပေမယ့် ဒန်နာရီရဲ့အသံကိုကြားချိန်မှာ မီးကိုရေကငြိမ်းလိုက်သလို လေထုကလည်း ချက်ချင်းသက်သောင့်သက်သာဖြစ်သွားတော့သည်၊
"ကလေးလေး အရင်သုံးနှစ်တုန်းက မှော်အင်းကွက်ဆွဲခဲ့တါ မှတ်မိတယ်မလား"ဒန်နာရီဟာ မက်စ်ရဲ့စကားကြောင့် အနည်းငယ်တွေးတောလိုက်ပြီး မှတ်မိသွားတော့သည်၊နတ်သူငယ်တောအုပ်ထဲကနေ သူထွက်လာချိန်မှာ မှော်အင်းကွက်နှစ်ကွက်ဆွဲကာ ယူနိုရက်စ်ဂိတ်ကို ကာကွယ်ပေးခဲ့သည်၊
"မှော်အဖွဲ့အစည်းရုံးက ကလေးလေးရဲ့မှော်အင်းကွက်ကို ထောက်လှမ်းမိခဲ့ပြီး အင်ပါယာတိုင်းရဲ့မှော်အဖွဲ့အစည်းခွဲတွေကနေ စုံစမ်းခဲ့တယ်...ပြီးတော့ ဇီရာလ်အင်ပါယာကဆိုတာ သိခဲ့ပြီး အင်ပါယာမင်းကိုလည်း စာပို့ခဲ့တယ်" ဒန်နာရီဟာ နားလေးစွင့်ထားပြီး မက်စ်ပြောသမျှ ငြိမ်ငြိမ်လေးနားထောင်နေတော့သည်၊ဒါပေမယ့် ဒန်နာရီက ဥာဏ်ပြေးလှတဲ့သူဖြစ်တာကြောင့် သူ့ဖခင်ဆက်မပြောရင်တောင် နားလည်နေပြီဖြစ်သည်၊
"အင်ပါယာမင်းက ဒီကိစ္စကို သေချာမစုံစမ်းပဲ ထိုအခွင့်အရေးကို တစ်ယောက်ယောက်လက်ထဲထိုးထည့်လိုက်တာလား" ဒန်နာရီရဲ့စကားကြောင့် မက်စ်ဟာခေါင်းညိတ်လိုက်သည်၊
YOU ARE READING
FantasyStarted date: 10.8.2021 End date: 1.3.2023 Own Creation Season-1 (The End) သူ့ချစ်သူက သူ့အပေါ် သစ္စာဖောက်ခဲ့တယ်... သူ့သက်တော်စောင့်ကလည်း သူ့အပေါ် နောက်ကျောဓားထိုးခံတယ်... သူရဲ့မိသားစုကလည်း သူအပေါ် မိသားစုတစ်ယောက်လို မဆက်ဆံခဲ့ဘူး... သူရဲ့ပညာတွေ .သူရ...