Zawgyi
စာလုံးပေါင်းပြန်မစစ်ရသေးတာကြောင့် သည်းခံပေးဖတ်ပေးပါဗျ
-------
ဒန်နာရီ သူရဲ့တင်းမာနေသည့်စိတ်တွေကို ဖြေလျော့ချလိုက်ပြီး အန်ဒီးယားရဲ့လက်ကိုတွဲကာ သူတို့ဆီလျှောက်လာသည့် အိမ်ရှေ့စံမင်းသား အိုလီဘာကို ကြည့်လိုက်သည်၊အိုလီဘာဟာ ပြုံးပျော်ရွှင်နေပြီး တချက်ချက် အန်ဒီးယားကို ကြည့်ကာ အန်ဒီးယားပြောသမျှကို ရယ်မောကာ ပြန်ပြောနေသည်ကို တွေ့ရသည်၊ထိုနောက် သူတို့ဆီရောက်လာကာ အိုလီဘာဟာ ဆိုရက်စ်ကို ပြုံးကာကြည့်လိုက်ပြီး
"အစ်ကိုဆိုရက်စ် မတွေ့တာကြာပြီ" လို့ ပြောလာတော့ ဆိုရက်စ်လည်း ခေါင်းညိတ်လိုက်ပြီး ပြန်လည်နူတ်ဆက်လိုက်သည်၊ထိုနောက် ဒန်နာရီဘက်ကိုလှည့်ကာ
"အိမ်ရှေ့စံမင်းသား ဒါကျွန်တော်တို့ရဲ့ခုနှစ်ယောက်ညီငယ် ဒန်နာရီလေ" လို့ ပြောလိုက်တော့ အိုလီဘာရဲ့အပြာရောင်မျက်ဝန်းများဟာ ဒန်နာရီပေါ်ကျရောက်လာတော့သည်၊ဒန်နာရီဟာလည်း အိုလီဘာကိုစိုက်ကြည့်လိုက်ပြီးနောက်မှာ မျက်လွှာချလိုက်ပြီး အရိုအသေပေးကာ
"တွေ့ရတာ ဝမ်းသာပါတယ် အိမ်ရှေ့စံမင်းသား" လို့ ပြောလိုက်ပြီးနောက်မှာ အိုလီဘာကို ဒန်နာရီဆက်မကြည့်ဘဲ သူအကြည့်များကို အိုလီဘာရဲ့အင်္ကျီဆီသာ အကြည့်ပို့ထားလိုက်သည်၊တကယ်လို့ သူနောက်တစ်ကြိမ်စိုက်ကြည့်မိခဲ့ရင် သူရဲ့မျက်ဝန်းထဲက မုန်းတီးမှုများကို ထိန်းချုပ်နိုင်မည်မဟုတ်ပေ၊
အိုလီဘာဟာလည်း အန်ဒီးယားနဲ့ရွယ်တူကလေးလေးကို ကြည့်ရင်း သူဟာ ပြုံးလိုက်ပြီး...
"အို ငါသူ့ကို ပထမဆုံးမြင်ဖူးတာပဲ..." လို့ ပြောရင်း ရိုစဲဆလပ်ရဲ့တခြားမျိုးဆက်များနဲ့မတူ တမူထူးခြားနေသည့် အနက်ရောင်ဆံပင်တိုများကို ကြည့်ရင်း သူရဲ့မျက်ခုံးတဖက်ဟာ ပင့်တက်သွားပြီး ထိုကလေးလေးရဲ့ဆံပင်များကို ထိရန်လက်လှမ်းလိုက်ပေမယ့် သူ့ကို မော့ကာ စူးစိုက်ကြည့်လာသည့် ပတ္တမြားလိုနီရဲနေသည့်အနီရောင်မျက်ဝန်းလေးများကြောင့် သူရဲ့လက်ဟာ လေထဲမှာ ရပ်တန့်သွားတော့သည်၊ထိုနောက် ဒန်နာရီလို့ခေါ်တဲ့ကလေးဟာ သူ့ကို အရိုအသေပေးလိုက်ပြီးနောက်မှာ ဆိုရက်စ်ဘက်လှည့်သွားကာ သူ့ကိုလုံးလုံးလျားလျားကို လစ်လျူရှုထားရုံသာမက သူစိတ်ထဲ ဒန်နာရီဆိုတဲ့ကလေးဟာ သူ့ကိုမနှစ်မြို့သလိုခံစားနေရသည်၊ဒါပေမယ့် အန်ဒီးယားဟာ သူ့ကိုစကားလာပြောသည့်အခါမှာတော့ သူလည်း သိပ်စိတ်ထဲမထားတော့ပေ၊သူဟာ အခြားသူတွေဘက်ကို လှည့်ကာ
![](https://img.wattpad.com/cover/280895908-288-k325809.jpg)
ВЫ ЧИТАЕТЕ
ФэнтезиStarted date: 10.8.2021 End date: 1.3.2023 Own Creation Season-1 (The End) သူ့ချစ်သူက သူ့အပေါ် သစ္စာဖောက်ခဲ့တယ်... သူ့သက်တော်စောင့်ကလည်း သူ့အပေါ် နောက်ကျောဓားထိုးခံတယ်... သူရဲ့မိသားစုကလည်း သူအပေါ် မိသားစုတစ်ယောက်လို မဆက်ဆံခဲ့ဘူး... သူရဲ့ပညာတွေ .သူရ...