Zawgyi
[အန်းတိုလ် Vs အီသန် မစ်နိုလ်ထရ်]
အန်းတိုလ်က တိုက်ခိုက်ရေးစနစ်မှာ သူ့နာမည်ပေါ်လာတာကြောင့် အီရှကို ပြောလိုက်ပြီးထွက်သွားတော့သည်၊အန်းတိုလ်ထွက်သွားချိန်မှာ နော့စ်က အီရှအနားကို ရောက်လာတော့သည်၊
"ဟယ်လို အီရှ"
"ကျွန်တော့်ကို ရင်းရင်းနှီးနှီးမခေါ်နဲ့"
အီရှက မျက်မှောင်ကြုတ်သွားပြီး နော့စ်ကိုကြည့်လိုက်ပြီး 'ငါ့နာမည်ကို ဘယ်လိုသိနေရတာလဲ'ဟုအမူအရာဖြစ်သွားပေမယ့် အနီးနားမှာ အန်ဒီးယားလည်းရှိတာကြောင့် ထိုတစ်ယောက်ကြောင့်ဟုသာ သတ်မှတ်လိုက်သည်၊
"ကိုယ်က နော့စ် ဖရီဒဲရစ်ခ်လေ "
"ဖရီဒဲရစ်ခ်"
ထိုမျိုးရိုးနာမည်ကြောင့် အီရှကအနည်းငယ်အံ့အားသင့်သွားတော့သည်၊ထို့နောက်မှာတော့ အီရှက နော့စ်ကို မော့ကြည့်ရင်း အံကြိတ်ပြီးပြောတဲ့အသံနဲ့ပြောလိုက်သည်၊
"ဖရီဒဲရစ်ခ်ရဲ့နတ်ဘုရားသားတော်လား" အီရှကမေးလိုက်ပေမယ့် အဖြေကိုသိပြီးသားပေ၊ဖရီဒဲရစ်ခ်မျိုးနွယ်ကြီးရဲ့နတ်ဘုရားသားတော်ကို မမြင်ဖူးပေမယ့် ကောလဟာလတွေကြောင့် မည်သို့သောပုံသဏ္ဍာန်ရှိလည်းဆိုတာ သိပြီးသားပင်၊ဒါကြောင့် နော့စ်ဘက်က မိတ်ဆက်လာချိန်မှာ အီရှက ဘာမှမပြောနိုင်တော့ပေ၊
ဒန်နာရီတို့ကလည်း အီရှနဲ့နော့စ်ကြားက ထူးဆန်းတဲ့လေထုကြောင့် မျက်ခုံးများပင့်တက်သွားတော့သည်၊ရှီရယ်ကလည်း အီရှနားကပ်ပြီးမေးလိုက်သည်၊
"မင်းနဲ့သိလို့လား" သူမြင်ရသလောက်တော့ အီရှနဲ့နော့စ်က စောနကမှ သိပုံရသည်ကို မြင်ပြီးပြီမလား၊
"နွန်းရိုလ်မို့နဲ့ဖရီဒဲရစ်ခ်တို့ကြားမှာ သားတော်ချင်း လက်ထပ်ထိမ်းမြားဖို့ စေ့စပ်ကမ်းလှမ်းထားတာ ရှိပြီး အကြီးအကဲတွေကလည်း သဘောတူထားတယ်လေ" အီရှစကားကြောင့် နော့စ်ရဲ့အပြုံးများက အသက်ဝင်လာတော့သည်၊သူတို့က ငယ်စဉ်ကတွေ့ဖူးပေမယ့် အသက်အရွယ်ရောက်လာချိန်မှာတော့ တစ်ခါမှမတွေ့ဖြစ်တော့ပေ၊ဒါပေမယ့် အီရှရဲ့ပုံစံဟာ လူတွေကြားမှာ တစ်မူထူးခြားလှတာကြောင့် နော့စ်က တန်းသတိထားမိလိုက်သည်၊ပြီးတော့ အီရှက အန်းတိုလ်အပေါ် အလေးအနက်ရှိမှန်းလည်းရိပ်မိသည်၊
![](https://img.wattpad.com/cover/280895908-288-k325809.jpg)
YOU ARE READING
FantasyStarted date: 10.8.2021 End date: 1.3.2023 Own Creation Season-1 (The End) သူ့ချစ်သူက သူ့အပေါ် သစ္စာဖောက်ခဲ့တယ်... သူ့သက်တော်စောင့်ကလည်း သူ့အပေါ် နောက်ကျောဓားထိုးခံတယ်... သူရဲ့မိသားစုကလည်း သူအပေါ် မိသားစုတစ်ယောက်လို မဆက်ဆံခဲ့ဘူး... သူရဲ့ပညာတွေ .သူရ...