Zawgyi
ဒန်နာရီဟာ ခုံပေါ်ကို ပစ္စည်းတစ်မျိုးထင်လိုက်သည်၊ထိုပစ္စည်းကြောင့် ထရစ်ချူရဲ့အမူအရာဟာ လေးနက်သွားတော့သည်၊
"နတ်မိမယ်နှလုံးသားကျောက်" ထရစ်ချူစကားကြောင့် ဒန်နာရီဟာ ခေါင်းညိတ်လိုက်သည်၊ဒီပစ္စည်းကို သောတပိုင်ရဲ့မြင့်မြတ်နယ်မြေကနေ ရရှိခဲ့ခြင်းဖြစ်ပြီး နတ်မိမယ်နှလုံးသားကျောက်ဟာ ကျိန်စာတွေကို ဖြေဖျောက်နိုင်စွမ်းရှိသည်၊ဒါပေမယ့် အန်နာအတွက်တော့ အသုံးမဝင်တာကြောင့် ထရစ်ချူနဲ့အပေးအယူလုပ်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်၊
"အလကားစားရတဲ့ညနေစာဆိုတာ မရှိဘူးဆိုတော့... သခင်လေးဒန်နာရီက ဘယ်လိုအပေးအယူမျိုး လုပ်ချင်တာလဲ"
"အလင်းပုလဲကို ကျွန်တော်လိုချင်တယ်"ဒန်နာရီရဲ့စကားကြောင့် ပတ်ဝန်းကျင်ဟာ အနည်းငယ်တိတ်ဆိတ်သွားသလိုပင်၊အလင်းပုလဲဆိုတာ အင်ပါယာတိုင်းရဲ့အဖိုးတန်ရတနာပင်၊
"အလင်းပုလဲက အင်ပါယာအတွက် အဖိုးတန်မှန်း နားလည်ပါတယ် ဒါပေမယ့် နတ်မိမယ်နှလုံးသားကျောက်ကလည်း အင်ပါယာတိုင်း လိုအပ်တဲ့အဖိုးတန်ကျောက်ဆိုတာ မမေ့ပါနဲ့ အိမ်ရှေ့စံမင်းသား"
"ပြီးတော့ ဒီနတ်မိမယ်နှလုံးသားကျောက်က နှစ်ပေါင်းတစ်ထောင့်ငါးရာသက်တမ်းရှိနေပြီးပြီ မင်းသားရဲ့ကျိန်စာကို ဖြေဖျောက်နိုင်ရုံမကဘူး အင်ပါယာကိုလည်း တိုးတက်အောင် လုပ်ပေးနိုင်စွမ်းရှိသေးတယ်" ဒန်နာရီဟာ အလင်းပုလဲကို လိုအပ်လွန်းတာကြောင့် အနစ်နာခံပြီး ဒီကျောက်ကို ထုတ်သုံးရခြင်းသာဖြစ်သည်၊ဇီလ်ရာအင်ပါယာမှာ ရှိပေမယ့် သူရဲ့ရန်သူလက်ထဲကို ဘာကြောင့် အဖိုးတန်ရတနာကို သွားထည့်ပေးရမလဲ၊ ရန်သူရဲ့ရန်သူဟာလည်း ကိုယ်ရဲ့မိတ်ဆွေဖြစ်နိုင်သေးတာပဲလေ၊
ထရစ်ချူဟာ လက်ဖက်ရည်ခွက်ကို ချလိုက်ပြီး အလေးအနက်တွေးတောနေတော့သည်၊ဒီနှစ်တွေမှာ ကျိန်စာကြောင့် သူရဲ့ခွန်အားဟာ တဖြေးဖြေးယုတ်လျော့လာတာကြောင့် နန်းတော်ထဲရှိ တချို့လူတွေဟာ စတင်သတိထားမိလာတော့သည်၊သူ့မှာ သစ္စာရှိဘက်တော်သားများရှိတာကြောင့် သူရဲ့နေရာကို ထိန်းသိမ်းနိုင်ပေမယ့် ရေရှည်မှာ လွယ်ကူမည်မဟုတ်တော့သည်ကို နားလည်သဘောပေါက်သည်၊
YOU ARE READING
FantasyStarted date: 10.8.2021 End date: 1.3.2023 Own Creation Season-1 (The End) သူ့ချစ်သူက သူ့အပေါ် သစ္စာဖောက်ခဲ့တယ်... သူ့သက်တော်စောင့်ကလည်း သူ့အပေါ် နောက်ကျောဓားထိုးခံတယ်... သူရဲ့မိသားစုကလည်း သူအပေါ် မိသားစုတစ်ယောက်လို မဆက်ဆံခဲ့ဘူး... သူရဲ့ပညာတွေ .သူရ...