Zawgyi
ဒန်နာရီ ပြန်နိုးလာတော့ သူရဲ့မွေ့ယာပေါ်ပြန်ရောက်နေသည်ကို သတိထားမိလိုက်သည်။ကြည့်ရတာ အန်နာဟာ ကြမ်းပြင်မှာ အိပ်နေသည့်သူ့ကို မြင်ပြီး ကုတင်ပေါ်ပြန်တင်ခဲ့ပုံရသည်။ ဒန်နာရီ ထလိုက်ရင်း အနည်းငယ်နောက်နေသည့် သူခေါင်းကို ကြည်သွားစေရန် ခဏအနားပေးလိုက်သည်။ထိုနောက် သူရဲ့မှော်အင်းကွက်အောင်မြင်လားမမြင်လား သိစေရန် အခန်းပတ်ဝန်းကျင်ကို ကြည့်လိုက်ချိန်မှာ တံခါးရဲ့ထိပ်ပိုင်းမှာ ရွှေရောင်မှော်အင်းကွက်သေးသေးလေးကို မြင်လိုက်ရတော့သည်။
'မဆိုးဘူးပဲ ရွှေရောင်အဆင့်ပဲ...ဟဟ ဒါဆို ဟိုအဘိုးကြီးရေးနက်စ် သတိထားမိနေလောက်ပြီ...' ကိစ္စမရှိပါဘူး၊ အဘိုးကြီးရေးနက်စ်နဲ့ ပြန်ဆုံတွေ့ဖို့ အချိန်မတန်သေးပေ၊အခုတော့ ထိုအဘိုးကြီး ခေါင်းမွှေးပြောင်သွားတဲ့အထိ သူ့ကို ရှာပါစေအုံး၊
"သခင်လေး နိုးပြီလား" အန်နာဟာ အစားအသောက်ထည့်ထားသည့်တွန်းလှည်းဖြင့်ဝင်လာရင်း သူနိုးသည်ကို မြင်တော့ ပြုံးကာ မေးလာတော့သည်။ဒန်နာရီဟာ ခေါင်းညိတ်လိုက်ပြီး ကုတင်ပေါ်က ဆင်းလိုက်ပြီး ခုံပုပေါ်တင်ထားသည့် ငွေဇလုံထဲက ရေသန့်နဲ့ မျက်နှာကို သန့်စင်လိုက်ပြီး အနားမှာချထားသည့် မျက်နှာသုတ်ပုဝါသန့်နဲ့ ရေစက်ပြောင်အောင်သုတ်လိုက်ပြီးနောက်မှာ အန်နာပေးသည့် အဖျားမှာ အမွှေးမျှင်များစုထားသည့် သွားတိုက်တံကိုယူကာ ဆားရယ် တခြားအရည်နှစ်ရောထားသည့်အဖြူနှစ်ကို ရောသုတ်လိုက်ပြီး သူရဲ့ပါးစပ်ထဲထည့်ကာ သွားတိုက်လိုက်သည်၊နောက်တော့ ပလုတ်ကျင်းလိုက်ပြီး မနက်စာပြင်ထားသည့် စားပွဲခုံမှာ ဒန်နာရီဟာ အန်နာအကူအညီနဲ့ ထိုင်လိုက်ရင်း မနက်စာကို စတင်စားသုံးတော့သည်။
သူရဲ့မနက်စာဟာ ရိုးရိုးရှင်းရှင်းသာ၊ရွှေဖရုံ၊အားလူးကို ပဲနီနဲ့ရောပြုတ်ထားသည့် စွပ်ပြုတ်၊ ခပ်ကြမ်းကြမ်းပေါင်မုန့် ၊ ထောပတ်ကို ရွက်စိမ်းနဲ့ရောလုပ်ထားသည့်ယို၊ကင်ထားသည့်အမဲသား၊ ဒါ ဒန်နာရီရဲ့မနက်စာပင်၊သာမန်ကလေးငယ်အတွက်တော့ များပြားလှသည်ဟုထင်ရသော်လည်း ဒန်နာရီတို့လို သခင်လေးတွေအတွက်တော့ သူတောင်းစားထက်မသာရုံ အစားအစာဟု ဆိုရမည်။
![](https://img.wattpad.com/cover/280895908-288-k325809.jpg)
KAMU SEDANG MEMBACA
FantasiStarted date: 10.8.2021 End date: 1.3.2023 Own Creation Season-1 (The End) သူ့ချစ်သူက သူ့အပေါ် သစ္စာဖောက်ခဲ့တယ်... သူ့သက်တော်စောင့်ကလည်း သူ့အပေါ် နောက်ကျောဓားထိုးခံတယ်... သူရဲ့မိသားစုကလည်း သူအပေါ် မိသားစုတစ်ယောက်လို မဆက်ဆံခဲ့ဘူး... သူရဲ့ပညာတွေ .သူရ...