Zawgyi
ဒန်နာရီနဲ့ရေးလ်ဟာ သောတပိုင်တောအုပ်ကနေ ထွက်လာပြီးနောက်မှာ ဒန်နာရီဟာ အခြေအနေအားလုံးကို ရေးလ်ကို မေးလိုက်ပြီး ရေးလ်ပြောပြလာတာကြောင့် အကုန်သိလိုက်ရသည်၊
လူတိုင်းဟာ ကံမကောင်းပေမယ့် ရေးလ်ကတော့ အလွန်ကံကောင်းလှသည်၊ဒန်နာရီနဲ့တွေ့ဆုံပြီးနောက်မှာ ကံတက်လာသည်လားပဲ၊ပထမဆုံးက ရွေးချယ်ခံဓားသူရဲကောင်းဖြစ်လာပြီး ဒုတိယ နတ်သူငယ်ဘုရင်မတစ်ပါးရဲ့မျိုးဆက်ဖြစ်နေပြီး မှတ်ဥာဏ်တွေ နိုးထလာကာ စွမ်းအင်တစ်ချို့ပါ ပြန်လည်ရရှိလာသည်၊
နောက်တစ်ချက်က ရေးလ်ဟာ နတ်သူငယ်ဖြစ်တာကြောင့် ဟျူးယာဟာ သူရဲ့အင်ပါယာရှိ နတ်သူငယ်အဖွဲ့ချုပ်ကို အကြောင်းကြားခဲ့ပြီး ရေးလ်ဟာ ထိုအင်ပါယာကို သွားရန်ဖိတ်ခေါ်ခံခဲ့ရသည်၊ဒါပေမယ့် ဒန်နာရီဟာ ပြန်လည်ထွက်မလာသေးတာကြောင့် ရေးလ်ဟာ စောင့်စားရန်သာ အကြောင်းပြန်ခဲ့သည်၊
"မင်းသွားသင့်တယ်... မင်းကနတ်သူငယ်ဘုရင်မတစ်ပါးရဲ့မျိုးဆက်ပဲလေ"
"သွားမှာပါ...ငါရဲ့လက်ရှိဂုဏ်ပုဒ်က သေးငယ်တော့ ထိုလူကို အရမယူနိုင်ဘူးလေ အဲ့တော့ ငါ့အနေနဲ့ အင်အားလိုအပ်တယ်... ငါ့အနေနဲ့ရယ်မဟုတ်ဘူး မင်းလည်း ငါ့အင်အားလိုအပ်တာပဲလေ" ရေးလ်ဟာ ပြုံးကာပြောလိုက်သည်၊
"တစ်လုံးတည်းသောကြယ် မဆုံနိုင်တဲ့ပန်းနှစ်ပွင့်၊မရပ်တန့်နိုင်သောအေးချမ်းမှု မကုန်ဆုံးနိုင်သောလောဘတရားရဲ့အဆက်ကို သိပြီလား"
ဒန်နာရီဟာ ရေးလ်ကိုကြည့်လိုက်ပြီး ခေါင်းညိတ်လိုက်သည်၊
"ပျောက်ဆုံးနေသော ဒဏ္ဍာရီ၊သရဖူပစ်သောဘုရင်၊မိုက်မဲသောနတ်သူငယ်၊သက်ဝင်လာသော အရှင်" ဒန်နာရီဟာ အဆက်ကို ရွတ်ပြလိုက်တော့ ရေးလ်ဟာ သောတပိုင်တောအုပ်ကြီးကိုကြည့်လိုက်သည်၊
"ရှေ့က နှစ်ကြောင်းက ငါ့ကို ညွှန်းပြီး နောက်တစ်ကြောင်းက ငါ့မိခင်ကို ညွှန်းစေပြီး နောက်ဆုံးစာကြောင်းက မင်းကိုပဲ ဒန်နာရီ"
"ငါ့ကို" ဒန်နာရီဟာ နားမလည်ဟန်ပြန်မေးလိုက်သည်၊ထိုကဗျာဟာ အလွန်ကြာမြင့်စွာတည်ရှိနေခဲ့ပြီး ဒန်နာရီဟာ ဘာကြောင့် သူနဲ့သက်ဆိုင်လည်း နားမလည်ခဲ့ပေ၊
YOU ARE READING
FantasyStarted date: 10.8.2021 End date: 1.3.2023 Own Creation Season-1 (The End) သူ့ချစ်သူက သူ့အပေါ် သစ္စာဖောက်ခဲ့တယ်... သူ့သက်တော်စောင့်ကလည်း သူ့အပေါ် နောက်ကျောဓားထိုးခံတယ်... သူရဲ့မိသားစုကလည်း သူအပေါ် မိသားစုတစ်ယောက်လို မဆက်ဆံခဲ့ဘူး... သူရဲ့ပညာတွေ .သူရ...