Zawgyiကလီနာရဲ့ပြုံးနေတဲ့နူတ်ခမ်းများဟာ တောင့်တင်းသွားတော့သည်၊သူမဟာ ရှေ့ထွက်လာပြီးတော့ အင်ပါယာမင်းနဲ့ဧကရီကိုမော်ကြည့်ကာ ပြောလာတော့သည်၊
"ဒန်နာရီက ငယ်သေးတယ်...ဒီလိုလက်ထပ်ပွဲက သူ့ကို စိတ်ထိခိုက်သွားစေနိုင်တယ်"
"စိတ်ထိခိုက်စေတယ်..." အေးစက်တဲ့ကလေးအသံဟာ ထွက်လာတော့သည်၊
"ယူနိုရက်စ်နယ်မြေကို ဒန်နာရီကိုပို့တုန်းကရော ဒန်နာရီက ငယ်သေးလို့ စိတ်ထိခိုက်စေနိုင်တယ်လို့ ခင်ဗျားတွေးလား ခင်ဗျားက ဝမ်းသာအားရနဲ့သာ ကျေးဇူးတင်လိုက်သေးတယ်!" ဒေ့ကိုးနက်စ်ဟာ ကလီနာကို အေးဆေးစွာကြည့်လိုက်သည်၊ဒီလက်ထပ်ပွဲဟာ သူ့ညီငယ်လေးကို ကယ်တင်နိုင်သည်ကို သူနားလည်သည်၊သူဟာ ငတုံးတစ်ယောက်မှ မဟုတ်ပဲ၊သူ့ညီငယ်ကို အခက်တွေ့အောင်လုပ်တဲ့နောက်ကွယ်ကသူက ဧကရီနဲ့ကလီနာပဲ၊
"မင်းက တော်ဝင်အမိန့်ကို ဖီဆန်ချင်တာလား၊ကလီနာက ရိုစဲဆလပ်သခင်မကြီးပဲ သူတို့က မင်းတို့ရဲ့အမေပဲ သူ့မှာ ဆုံးဖြတ်ပိုင်ခွင့်ရှိတယ် " ဧကရီဟာ ဒေ့ကိုးနက်စ်ကို ခြိမ်းခြောက်ကာပြောဆိုလာတော့သည်၊ဒေ့ကိုးနက်စ်ဟာ ကြောက်လန့်မှုမရှိပဲ စိုက်ကြည့်လာတော့သည်၊
"သူက ဒန်နာရီရဲ့ကောင်းကျိုးအတွက် ဆုံးဖြတ်နိုင်လား" ဒေ့ကိုးနက်စ်ဟာ ဧကရီကိုစိုက်ကြည့်ကာမေးလိုက်သည်၊
"ကလီနာက မင်းတို့ရဲ့ကောင်းကျိုးကိုပဲ ငဲ့ညှာတာတဲ့မိခင်တစ်ယောက်ပဲ" ဧကရီရဲ့အသံကြောင့် ဒေ့ကိုးနက်စ်ရယ်မိသွားတော့သည်၊ထိုနောက်မှာ သူဟာ ကလီနာကို ကြည့်ကာ
"ဒါဆို သူရဲ့သားအန်ဒီးယား ရိုစဲဆလပ်ကို ယူနိုရက်စ်နယ်မြေကို ပို့လိုက်လေ၊ဒါကလည်း သူမသားအတွက် ကောင်းစေတာပဲလေ"
"မင်း!အန်ဒီးယားက အိမ်ရှေ့စံမင်းသားရဲ့တွဲဖက်ပညာသင်ယူမဲ့သူပဲ!"
"အဟက်... " ဒေ့ကိုးနက်စ်ဟာ လှောင်ပြုံးလိုက်သည်၊အမတ်ကြီးချားမက်လက်စ်ဟာလည်း ဒေ့ကိုးနက်စ်ကို ဝင်ဟောက်တော့သည်၊
"ဒေ့ကိုးနက်စ် ဒီကိစ္စက မင်းဝင်ပါရမဲ့ကိစ္စမဟုတ်ဘူး"
"အစ်ကိုကြီးသာရှိရင်လည်း ကျွန်တော်လို ဝင်ပါမှာပဲ၊ ပါရမီရှင်ကို သေတွင်းထဲပို့တဲ့မိုက်မဲတဲ့အင်ပါယာမင်းကို ပထမဆုံးမြင်ဖူးတာပဲ!" ဒေ့ကိုးနက်စ်ရဲ့စော်ကားပြောဆိုမှုကြောင့် အကုန်လုံးဟာ ထိတ်လန့်နေတော့သည်၊ဒန်နာရီဟာလည်း အနည်းငယ်တုန်လှုပ်သွားသည်၊သူဟာ သူ့အစ်ကိုဒေ့ကိုးနက်စ်ရဲ့လက်ကို ညှစ်ဖျစ်ကာဆွဲလိုက်သည်၊
![](https://img.wattpad.com/cover/280895908-288-k325809.jpg)
YOU ARE READING
FantasyStarted date: 10.8.2021 End date: 1.3.2023 Own Creation Season-1 (The End) သူ့ချစ်သူက သူ့အပေါ် သစ္စာဖောက်ခဲ့တယ်... သူ့သက်တော်စောင့်ကလည်း သူ့အပေါ် နောက်ကျောဓားထိုးခံတယ်... သူရဲ့မိသားစုကလည်း သူအပေါ် မိသားစုတစ်ယောက်လို မဆက်ဆံခဲ့ဘူး... သူရဲ့ပညာတွေ .သူရ...