Zawgyi
မက်စ်နဲ့ဆိုရက်စ် ပူပေါင်းမှုဟာ တော်တော်ကို အကျိုးရှိသည်ဟု ပြောရလိမ့်မည်၊မက်စ်ဟာ ချာမက်လက်စ်ရဲ့ပထမဇနီးကို ကူညီပေးခဲ့ခြင်းတော့မရှိပေမယ့် ဆိုရက်စ်ကို အချို့သောအချက်အလက်များစွာပေးခဲ့ပြီး ဆိုရက်စ်ဟာလည်း တော်ဝင်စစ်တပ်နဲ့ပူပေါင်းကာ အမှူကို ထပ်မံလိုက်ခဲ့သည်။
မြေအောက်ခန်းထဲရှိ စမ်းသပ်ခံများကတော့ အတော်များများဟာ ပထမဇနီးကိုမြင်သည်နဲ့ကြောက်သော်လည်း ဆိုရက်စ်ကတော့ ထိုစမ်းသပ်ခံတွေရဲ့မျက်ဝန်းတွေကို စိုက်ကြည့်ချိန်မှာ တစ်ချိန်တစ်ခုကညို့ယူထားသလိုပင်၊ဒါကြောင့် စမ်းသပ်ခံတစ်ယောက်ကို ဖမ်းခေါ်လာပြီး အခန်းတစ်ခန်းထဲမှာ ထည့်ထားလိုက်သည်၊
"အဲ့လို ထည့်ထားတော့ရော ဘာထူးဆန်းသွားမှာလဲ"မက်စ်ဟာ ဆိုရက်စ်ဘက်လှည့်ကာမေးလိုက်တော့ ဆိုရက်စ်ဟာ ရယ်လိုက်ပြီး ပြောလိုက်သည်။
"ကြည့်နေလိုက်..."
ဆိုရက်စ်ဟာ လက်ဖြောက်တီးလိုက်ချိန်မှာ အခန်းအပူချိန်ဟာလျော့ကျသွားပြီး အနည်းငယ်မှောင်သွားတော့သည်၊ဒါပေမယ့် သူတို့ဟာ မှော်ဆရာတွေဖြစ်တာကြောင့် ထိုအလင်းရောင်ဖျော့ဖျော့အောက်မှာ အခန်းထဲက မြင်ကွင်းကို ကောင်းစွာမြင်တွေ့နေရသည်၊
စမ်းသပ်ခံအများစုဟာ အရုပ်တစ်ရုပ်လိုဖြစ်နေပြီး ရိုစဲဆလပ်ရဲ့ပထမဇနီးကိုမြင်မှသာ အကြောက်တရားတွေပြသခဲ့သည်၊အခုချိန်မှာတော့ စမ်းသပ်ခံဟာ လှုပ်ရှားလာတော့သည်၊မဟုတ်ဘူး စမ်းသပ်ခံရဲ့လည်ပင်းကြွက်သားတွေဟာလှုပ်ရှားလာပြီး ကြီးမားတဲ့အနက်ရောင်မျော့ကြီးဟာ စမ်းသပ်ခံလည်ပင်းကနေ ထွက်ပေါ်လာတော့သည်၊
"ပီုယဲမျော့ပဲ" မက်စ်နဲ့ဆိုရက်စ်ရဲ့မျက်လုံးတွေဟာ အေးစက်သွားတော့သည်၊ပီုယဲမျော့ဟာ မှော်ဆရာတွေပင် သတိထားရသည့်ကပ်ပါးကောင်တစ်ကောင်ဖြစ်သည်၊ထိုမျော့ဟာ လူသားတွေကို ထိန်းချုပ်နိုင်ဘူး လူသားတွေကိုယ်ထဲမှာ ရှင်သန်နေကျတယ် မျော့တစ်မျိုးဖြစ်သည်၊
ပီုယဲမျော့တွေဟာ အအေးခံကို ကြိုက်နှစ်သက်ပြီး အအေးဆုံးနေရာများတွင်သာ မှေးစက်အနားယူတတ်ကျပေမယ့် လတ်ဆတ်တဲ့လူ့အသွေးအသားကိုတော့ စုပ်ယူရတာ ကြိုက်နှစ်ပြန်သည်၊
KAMU SEDANG MEMBACA
FantasiStarted date: 10.8.2021 End date: 1.3.2023 Own Creation Season-1 (The End) သူ့ချစ်သူက သူ့အပေါ် သစ္စာဖောက်ခဲ့တယ်... သူ့သက်တော်စောင့်ကလည်း သူ့အပေါ် နောက်ကျောဓားထိုးခံတယ်... သူရဲ့မိသားစုကလည်း သူအပေါ် မိသားစုတစ်ယောက်လို မဆက်ဆံခဲ့ဘူး... သူရဲ့ပညာတွေ .သူရ...