Zawgyi
အီရှတို့အဖွဲ့ကတော့ အန်ရှုရဲ့အတွေးတွေကို မသိပဲနဲ့ အလွယ်တကူထွက်သွားတာကြောင့် အနည်းငယ်တော့အံအားသင်သွားသည်၊ဒါပေမယ့် သူတို့က သိပ်ပြီးတော့ စိတ်ထဲမထားတော့ပဲ မဒမ်နွန်းကိုစောင့်နေခဲ့သည်၊
နေဝင်ပြီး အမှောင်ပျိုးလာချိန်မှာ မဒမ်နွန်းကရောက်လာခဲ့ပြီး မဒမ်နွန်းဟာရောက်လာခဲ့တော့သည်၊မဒမ်နွန်းက ညဘက်အိပ်ဖို့ တည်းဖိုခန်းကိုရှာတွေ့ခဲ့ပြီး သူတို့ဟာ တည်းခိုခန်းရှိရာကိုသွားတော့သည်၊
အီရှတို့က ညနေခင်းတစ်ခင်းလုံး ခုန်ပေါက်ကနေထားတာကြောင့် ပင်ပန်းပြီး စောစောအနားယူချိန်မှာ ဒန်နာရီက အီဆိုနာနယ်မြေနဲ့ပတ်သတ်တဲ့စာအုပ်ကို ထုတ်ကာဖတ်နေလိုက်သည်၊နတ်သူငယ်ဘာသာစကားကို အတော်ကိုကျွမ်းကျင်နေပြီဖြစ်ပြီး စာအုပ်ကိုဖတ်ချိန်မှာ စကားအလုံးတစ်ချို့တလေလောက်ပဲ ထောက်နေပြီး ဒန်နာရီက မသိတဲ့စကားလုံးတွေကို သေချာမှတ်သားထားပြီးနောက် အနားယူအိပ်စက်လိုက်တော့သည်၊
နောက်တစ်နေ့ရောက်တော့ မဒမ်နွန်းဦးဆောင်ကာ သားရဲစီးနင်းပြိုင်ပွဲကို ဒန်နာရီတို့က ရောက်လာတော့သည်၊ ကျယ်ပြန့်ကြီးမားတဲ့ကွင်းပြင်မှာ လူတွေပြည့်ကြပ်နေပေမယ့် မဒမ်နွန်းက အထက်တန်းလွှာတွေအတွက် သီးသန့်လုပ်ပေးထားတဲ့ခုံတန်းမှာ လက်မှတ်ဝယ်ပြီးတာကြောင့် ဒန်နာရီတို့က လူကြားထဲ တိုးဝေ့စရာမလိုပဲ ခုံနေရာကို ချောချောမောမောရောက်သွားတော့သည်၊
"အတော်စည်ကားတာပဲ" ရှီရယ်က လူပြည့်နေတဲ့ကွင်းပြင်ကြီးကို ကြည့်ရင်းပြောလိုက်သည်၊ဒါကြောင့် သူတို့တွေ တည်းခိုခန်းတွေကို အချိန်ကြာမြင့်စွာရှာလိုက်ရတာလည်း မပြောနဲ့လေ၊
"စိတ်လှုပ်ရှားနေပြီ..." အီရှကလည်း သားရဲစီးနင်းပြိုင်ပွဲကို မကြုံဖူးတာကြောင့် အလွန်စိတ်လှုပ်ရှားနေတော့သည်၊
နာရီဝက်အကြာမှာတော့ ကွင်းထဲမှာ မီးဟုန်းဟုန်းတောက်လာပြီးနောက်မှာ လူကြီးတစ်ဦးကပေါ်လာတော့သည်၊
"ကြွရောက်လာတဲ့လူကြီးမင်းများနဲ့ဧည့်ပရိတ်သတ်အပေါင်းတို့ကို သားရဲစီးနင်းပြိုင်ပွဲကနေ ကြိုဆိုပါတယ်ဗျာ..."
YOU ARE READING
FantasyStarted date: 10.8.2021 End date: 1.3.2023 Own Creation Season-1 (The End) သူ့ချစ်သူက သူ့အပေါ် သစ္စာဖောက်ခဲ့တယ်... သူ့သက်တော်စောင့်ကလည်း သူ့အပေါ် နောက်ကျောဓားထိုးခံတယ်... သူရဲ့မိသားစုကလည်း သူအပေါ် မိသားစုတစ်ယောက်လို မဆက်ဆံခဲ့ဘူး... သူရဲ့ပညာတွေ .သူရ...