Zawgyi
"ပြောကြည့်ပါအုံး ညီငယ်လေး...မင်းက ငါ့ကို အနိုင်ရရှိမယ်လို့ ထင်နေလား"
ထရစ်ချူရဲ့စကားကြောင့် အန်ချူဟာ မျက်နှာဖြတ်ရိုက်ခံလိုက်ရသလို ခံစားလိုက်ရသည်၊ပြီးတော့ သူဟာ အနည်းငယ်ရှုပ်ထွေးနေသလို ခံစားရသည်၊သူရဲ့မယ်တော်ကိုယ်တိုင်က ထရစ်ချူအပေါ် လုပ်ကြံခဲ့သည်ကို သူမြင်ခဲ့သည့်တိုင် ယနေ့မှာတော့ ထရစ်ချူဟာ ဘာမှမဖြစ်သလို အလင်းစွမ်းအားဟာလည်း သူ့ထက် သာလွန်နေသေးသည်၊
"ဘာကြောင့်လဲ...မင်း ကျိန်စာ မိနေတာမဟုတ်ဘူးလား..." အန်ချူဟာ စိတ်မထိန်းနိုင်စွာမေးမြန်းလိုက်တော့သည်၊ထရစ်ချူဟာ အန်ချူရဲ့တုန်လှုပ်နေတဲ့အမူအရာကိုစိုက်ကြည့်ပြီးနောက်မှာ သူဟာ ရယ်မောလိုက်ပြီး ခေါင်းခါလိုက်သည်၊
"ငါ့ကျိန်စာက ပျောက်သွားတာကြာပြီ"
"မဖြစ်နိုင်တာ! အဲ့ကျိန်စာက ဖိနှိပ်ဖို့မလွယ်ကူဘူး!" အန်ချူဟာ ကျိန်စာကို သိနေသလိုပြောဆိုလာတာကြောင့် ထရစ်ချူဟာ အန်ချူကိုမျက်မှောင်ကြုတ်ကာကြည့်လိုက်သည်၊
"မင်းက ဘာကျိန်စာမှန်း သိလို့လား" ထရစ်ချူရဲ့လေသံဟာ အေးစက်နေပြီး အန်ချူကို စစ်ဆေးနေတဲ့တရားသူကြီးလိုပင်၊အန်ချူဟာ အနည်းငယ်တုန်လှုပ်သွားပြီး လက်ဖျားခြေဖျားများအေးစက်သွားတော့သည်၊
"ငါ...မသိဘူး" အန်ချူဟာ လိမ်လည်ပြောဆိုလိုက်သည်၊အမှန်တိုင်းပြောရရင် သူ့မယ်တော်ပါ ဒုက္ခရောက်သွားလိမ့်မည်၊ထိုအချိန်ရောက်ရင် ခမည်းတော်လည်း သူတို့ကို ကယ်တင်နိုင်မည်မဟုတ်တော့ပေ၊ရှေးဆက်တည်းက တော်ဝင်မျိုးနွယ်စုအချင်းချင်း ထိခိုက်မှုကို တားမြစ်ထားသလို ထိခိုက်မှုဟာ ကြီးမားခဲ့ရင် ပြစ်ဒဏ်ဟာ သေဒဏ်သာဖြစ်သည်၊ဒီပြစ်ဒဏ်ကနေ ကယ်တင်ခံရဖို့ လက်ရှိအင်ပါယာမင်းမှာတောင် အာဏာမရှိပေ၊
"ဒီပွဲမှာ အနိုင်ရရှိသူက ပေါ်သွားပြီပဲ အင်ပါယာမင်းက ဘက်မလိုက်ဘဲ ကတိအတိုင်းဆုံးဖြတ်ဖို့ မျှော်လင့်တယ်" ဧကရီဟာ အန်ချူကို ပြုံးကာစိုက်ကြည့်ရင်းပြောလိုက်သည်၊အန်ချူဟာ ဧကရီကိုမုန်းတီးစွာကြည့်လိုက်သည်၊ သူဟာ လက်သီးကိုကျစ်ကျစ်ဆုပ်လိုက်ပြီးနောက်မှာ သူရဲ့ခမည်းတော်ကို သနားစရာကောင်းတဲ့အကြည့်နဲ့ကြည့်လိုက်သည်၊
ANDA SEDANG MEMBACA
FantasiStarted date: 10.8.2021 End date: 1.3.2023 Own Creation Season-1 (The End) သူ့ချစ်သူက သူ့အပေါ် သစ္စာဖောက်ခဲ့တယ်... သူ့သက်တော်စောင့်ကလည်း သူ့အပေါ် နောက်ကျောဓားထိုးခံတယ်... သူရဲ့မိသားစုကလည်း သူအပေါ် မိသားစုတစ်ယောက်လို မဆက်ဆံခဲ့ဘူး... သူရဲ့ပညာတွေ .သူရ...