Zawgyi
ပြင်းထန်တဲ့အော်ရာကြောင့် မြေပြင်ပေါ် လဲမကျသွားအောင် သူရဲ့ဓားကို မြေပြင်ပေါ် အလျင်စိုက်ကာ ထိန်းလိုက်ပြီး နားထဲကနေ စီးကျလာတဲ့သွေးတွေကို လစ်လျူရှုသာ အုနိုသားရဲကို ကြည့်လိုက်သည်၊ထိုနတ်ဆိုးသားရဲဟာ သူ့ကိုစိုက်ကြည့်နေပြီး ထိုအော်ရာဟာ ပိုမိုပြင်းထန်လာတော့သည်၊
သူရဲ့တစ်ကိုယ်လုံးက အားအင်တွေကို စုတ်ယူသွားသလိုခံစားနေရပြီး သူတို့တပ်ဖွဲ့ဟာလည်း နတ်ဆိုးသားရဲတွေကြောင့် အချိန်မရွေးပြိုကျသွားနိုင်သည်ကို နားလည်သဘောပေါက်နေတော့သည်၊
သခင်ကြီးက သူ့ကိုစိတ်ချစွာ ထားခဲ့ပေမယ့် သူက အသုံးမကျစွာ ရန်သူတွေရဲ့လက်အောက်မှာ ကျဆုံးတော့မှာလား၊ ရစ်နိုလ် တစ်ခါမှ ထိုလိုစိတ်ဓာတ်မကျဖူးတာ အမှန်ပေ၊
ထိုချိန်မှာ သူရဲ့ပါးပေါ် နွေးထွေးတဲ့ခံစားချက်လေးဖြတ်သန်းသွားပြီး သူရဲ့ကိုယ်ဟာလည်း ပေါ့ပါးသွားကာ ခုနက နတ်ဆိုးသားရဲအော်ရာရဲ့နာကျင်မှုတွေ အလုံးစုံပျောက်ဆုံးသွားတော့သည်၊
'ကာကွယ်ရေးမှော်စက်ဝန်းလား' ဘေးပတ်ဝန်းကျင်က တပ်သားတွေဟာလည်း ပြန်လည်အဆင်ပြေသွားတာမြင်တော့ ဘာကြောင့်ရယ်မဟုတ် သူဟာ ဂိတ်တံတားရဲ့ထိပ်ဆုံးကို ကြည့်လိုက်တော့သည်၊ သခင်ကြီးနဲ့တူညီလှတဲ့ကလေးလေးဟာ သူ့ကိုစိုက်ကြည့်နေတော့သည်၊ထိုမျက်ဝန်းထဲမှာ သူ့အပေါ်ယုံကြည်မှုများ ရှိနေပြီး ထိုကလေးလေးဟာ သူ့ကို တူညီမှန်း ရစ်နိုလ်နားလည် သဘောပေါက်သွားတော့သည်၊
"သခင်လေးရဲ့စွမ်းအင်တွေ အလဟသမဖြစ်စေရဘူး" ရစ်နိုလ်ဟာ ကြိမ်းဝါးလိုက်ပြီးနောက်မှာ ဆေးတပ်ဖွဲ့ကို ကယ်တင်ဖို့ အမိန့်ပေးစေခိုင်းတော့သည်၊သူကတော့ သူရဲ့လူတစ်ချို့နဲ့ အုနိုနတ်ဆိုးသားရဲကို တိုက်ခိုက်ရန် ချီတက်တော့သည်၊
အုနိုဟာ ထူးဆန်းလှတဲ့အခြေအနေကြောင့် ဒေါသထွက်စွာအော်ဟစ်မြည်းတွန်းလိုက်ပြီးနောက်မှာ သူရဲ့အတောင်ပံတွေကို ပြင်းထန်သည့်အရှိန်နဲ့ခတ်လိုက်တော့သည်၊
အုနိုတွေဟာ တစ်ချိန်က ကောင်းကင်နတ်သားရဲများဖြစ်ကျပေမယ့် ကြီးလေးတဲ့ပြစ်ဒဏ်ကြောင့် ဒဏ်ခတ်ခံရကာ နတ်ဆိုးသားရဲများဖြစ်သွားပြီး သူတို့ရဲ့အားနည်းချက်ကတော့ မပျံသန်းနိုင်ခြင်းဖြစ်သည်၊
VOUS LISEZ
FantasyStarted date: 10.8.2021 End date: 1.3.2023 Own Creation Season-1 (The End) သူ့ချစ်သူက သူ့အပေါ် သစ္စာဖောက်ခဲ့တယ်... သူ့သက်တော်စောင့်ကလည်း သူ့အပေါ် နောက်ကျောဓားထိုးခံတယ်... သူရဲ့မိသားစုကလည်း သူအပေါ် မိသားစုတစ်ယောက်လို မဆက်ဆံခဲ့ဘူး... သူရဲ့ပညာတွေ .သူရ...