Zawgyi
ဒန်နာရီရဲ့အကြည့်တွေက ထိုကျောင်းသားအပေါ်ရောက်လာတော့သည်၊ထိုကျောင်းရဲ့ရင်ဘက်မှာ ရွှေရောင်တံဆိပ်ပြားရှိနေပြီး ရွှေရောင်တံဆိပ်ပိုင်ဆိုင်ထားတဲ့ကျောင်းသားတွေထဲသိသာလှပြီး အမူအရာကလည်း မောက်မာလှသည်၊
"ခင်ဗျားကို ကျွန်တော်က သိစရာလိုလို့လား"
"မင်း! သခင်လေးဝေးလ်ကိုတောင် ဘယ်လိုတောင် မခန့်မလေးစားလုပ်ရဲတာလဲ!"
"ဟုတ်ပ ပြန်တောင်းပန်လိုက်စမ်း" သခင်လေးဝေူလ်ရဲ့လက်မောင်းကို ဖက်တွယ်ထားတဲ့ကျောင်းသူလေးကလည်း ဆူပုပ်နေတဲ့မျက်နှာထားနဲ့အော်ဟစ်ပြောဆိုလာတော့သည်၊
"ကျောင်းတော်ရဲ့စာကြည့်တိုက်ထဲမှာ အသံကျယ်ကျယ်နဲ့အော်ဟစ်ခွင့်မရှိဘူးဆိုတာ ခင်ဗျားတို့မသိဘူးလား" ဒန်နာရီက သူ့ကိုအော်ဟစ်နေတဲ့သူတွေကို မျက်မှောင်ကြုတ်ကာကြည့်လိုက်ပြီးထပ်ပြောလိုက်သည်၊
"သခင်လေးဝေးလ်က ရွှေအဆင့်ကျောင်းသားလေ...ဆရာတွေက သူ့ကို အပြစ်ပေးမှာမဟုတ်ဘူး"
"အော်... " ဒန်နာရီက စီနီယာကျောင်းသားတွေစကားကြောင့် သူ့အိတ်ကပ်ထဲက တံဆိပ်တစ်ခုကိုထုတ်လိုက်ပြီးတော့ ပြလိုက်သည်၊
"ဒါက လုံလောက်လား"
လူတိုင်းက ဒန်နာရီလက်ထဲက ရွှေရောင်တံဆိပ်ပြားကိုကြည့်ရင်း အာစေးသွားတော့သည်၊သူတို့အမူအရာက မယုံနိုင်ဖြစ်နေပြီး ဒန်နာရီကိုတစ်ချက်ကြည့်ရုံနဲ့ ပထမနှစ်ကျောင်းသားဆိုတာ သိလှသည်မလား၊
"မင်းက ပထမနှစ်၊ပထမတန်းက ဒန်နာရီ ရိုစဲဆလပ်ဖြစ်ရမယ်" ရွှေရောင်အဆင့်ကျောင်းသားဝေးလ်စကားကြောင့် ဘေးကကျောင်းသားတွေ အံ့သြသွားတော့သည်၊ ဒန်နာရီ ရိုစဲဆလပ်ဆိုတာ လတ်တလောကမှ ကျော်ကြားလာတဲ့ကျောင်းသားသစ်တစ်ဦးဖြစ်ပြီး ကျောင်းတော်ရဲ့အစောင့်အရှောက်ထဲက သခင်ကျောင်းဖြူရဲ့ကာကွယ်မှုကိုရရှိထားတဲ့ကျောင်းသားဖြစ်သည်၊ဒီတစ်ချက်နဲ့တင် သူတို့စော်ကားလို့မရတာ သေချာလှတာကြောင့် စီနီယာကျောင်းသားတွေရဲ့မျက်နှာက ရှုံ့မဲ့သွားပြီး ပါးစပ်ပိတ်သွားတော့သည်၊
VOUS LISEZ
FantasyStarted date: 10.8.2021 End date: 1.3.2023 Own Creation Season-1 (The End) သူ့ချစ်သူက သူ့အပေါ် သစ္စာဖောက်ခဲ့တယ်... သူ့သက်တော်စောင့်ကလည်း သူ့အပေါ် နောက်ကျောဓားထိုးခံတယ်... သူရဲ့မိသားစုကလည်း သူအပေါ် မိသားစုတစ်ယောက်လို မဆက်ဆံခဲ့ဘူး... သူရဲ့ပညာတွေ .သူရ...