Zawgyi
နောက်တစ်နေ့ ဒန်နာရီ နိုးလာချိန်မှာတော့ အခန်းထဲမှာ ဘယ်သူမှ မရှိပဲ ခုံပေါ်မှာသာ စာရွက်တစ်ရွက်ခေါက်တင်ထားတာတွေ့လိုက်သည်၊ပြီးတော့ ကုတင်အနီးနားမှာလည်း အဝတ်အစားတစ်စုံနဲ့ မျက်နှာသစ်သန့်စင်ဖို့ ရေဇလုံလည်း ချပေးထားသည်၊
ဒန်နာရီက ကိုယ်လက်သန့်စင်ပြီးနောက်မှ ဂျော့ဖရေးအခန်းထဲရှိ ရေချိုးခန်းကိုသွားကာ တကိုယ်ရည်သန့်ရှင်းရေးလုပ်လိုက်သည်၊ထို့နောက်မှာတော့ ဂျော့ဖရေးထုတ်ပေးထားတဲ့အဝတ်အစားကို ဝတ်ကာ အပေါ်ကနေ ကျောင်းယူနီဖောင်းဝတ်ဆင်လိုက်ပြီး စားပွဲပေါ်က စာရွက်ကိုဖတ်လိုက်သည်၊
ဂျော့ဖရေးဆို့ ဒီမနက်အစောပိုင်းထဲက ထွက်ခွာသွားပြီဖြစ်ကြောင်းနဲ့ မကြာခင် ပြန်လာမည့်အကြောင်းကို ပြောကြောင်းထားခြင်းဖြစ်သည်၊ဒန်နာရီလည်း ဂျော့ဖရေးရဲ့စာကို သိမ်းလိုက်ပြီး အခန်းထဲကနေထွက်ကာ ဂျူနီယာတန်းဆောင်ဘက်ကို ထွက်လာတော့သည်၊
"ဒန်နာရီ မင်းလာပြီးပေါ့!"
"ဒီနေ့ မင်း အတန်းမတက်ဘူးဆိုတာ ထင်ပြီးသားပါ "ရှီရယ်ရဲ့ပြုံးစိစိမျက်နှာဘေးကြောင့် ဒန်နာရီလည်း အနည်းငယ်မျက်မှောင်ကြုတ်သွားသည်၊ဒန်နာရီက ရှီရယ်ပြောတာကို သိပ်နားမလည်တာကြောင့် ပြန်မေးရန်လုပ်ချိန်မှာ နီကိုးလ်(မ်)က ရောက်လာတော့သည်၊
"ဒန်နာရီ မတွေ့တာကြာပြီနော်" နီကိုးလ်(မ်)က ပြုံးပြရင်း နူတ်ဆက်လိုက်သည်၊ဒန်နာရီကလည်း နီကိုးလ်(မ်)မှတ်မိတာကြောင့် ပြန်လည်နူတ်ဆက်လိုက်သည်၊ထို့နောက်မှာတော့ နီကိုးလ်(မ်)က ရှီရယ်တို့ဘက်ကို လှည့်ကာ
"မင်းတို့သူငယ်ချင်းကို အစ်ကို ခဏငှားလို့ရမလား"
"စီနီယာက ဘာလို့ နွန်းရဲ့သူငယ်ချင်းကို ငှားချင်ရတာလဲ" အီရှက ဒန်နာရီကို အနောက်ပို့လိုက်ပြီး နီုကိုးလ်(မ်)ကို သံသယအပြည့်နဲ့ကြည့်ရင်း မေးလိုက်သည်၊
(A/N: အီရှက သူစိမ်းတွေနဲ့ဆို နွန်းလို့ပဲ သုံးတာများတယ် ဒန်နာရီတို့ရှေ့မှ ပုံမှန်လို သုံးနှုန်းတာ)"အစ်ကိုက သူနဲ့ပြောစရာလေး နည်းနည်းရှိလို့ပါ" နီကိုးလ်(မ်)က အီရှရဲ့အထက်စီးဆန်လှတဲ့တုန့်ပြန်မှုပေါ် ဘာမှမဖြစ်ပဲ အပြုံးမပျက်ပေ၊
YOU ARE READING
FantasyStarted date: 10.8.2021 End date: 1.3.2023 Own Creation Season-1 (The End) သူ့ချစ်သူက သူ့အပေါ် သစ္စာဖောက်ခဲ့တယ်... သူ့သက်တော်စောင့်ကလည်း သူ့အပေါ် နောက်ကျောဓားထိုးခံတယ်... သူရဲ့မိသားစုကလည်း သူအပေါ် မိသားစုတစ်ယောက်လို မဆက်ဆံခဲ့ဘူး... သူရဲ့ပညာတွေ .သူရ...