Zawgyi
"မင်းကကော လက်ခံနိုင်လား နော့စ်"
နော့စ်ရဲ့အကြည့်တွေက မဒမ်နွန်းဘက်ကိုရောက်သွားပြီး သူဟာ ပြုံးလိုက်သည်၊
"ကျွန်တော်တို့မျိုးနွယ်စုနှစ်စုကြားမှာ စေ့စပ်ထိမ်းမြားလမ်းကို စတင်တည်းက ဒီလိုမျိုးကြုံရမယ်ဆိုတာ သိပြီးသားပါ မဒမ်"
"မင်းသဘောကကော" ဒါပေမယ့် မဒမ်နွန်းက နော့စ်ရဲ့သဘောထားကိုသာသိချင်သည်၊ပြီးတော့ မဒမ်နွန်းရဲ့ပန်းရောင်မျက်ဝန်းများက တောက်ပနေပြီး နော့စ့်လိမ်လည်သည်နှင့် တန်းသိသည်၊
"အီရှက အန်းလ်တိုကိုသဘောကျတဲ့အပေါ် ကျွန်တော်လည်း လက်မခံနိုင်စရာအကြောင်းမရှိပါဘူး ဒါပေမယ့် အီရှမှာ ကျွန်တော်နဲ့အန်းလ်တိုပဲ ရှိရမယ်"
နော့စ်က ပြတ်သားစွာပြောလာခဲ့ပြီး သူ့စကားထဲတွင်လည်း အမှားမရှိပေ၊အန်းလ်တိုနဲ့အီရှက ငယ်ရွယ်စဉ်တည်းက သိခဲ့ရပြီး သူ့အနေနဲ့ ထိုနှစ်ယောက်ကို ခွဲပစ်မရပေ၊ ပြီးတော့ အန်းလ်တိုက အီရှကို ဒုက္ခရောက်အောင်လုပ်မည့်လူမျိုးလည်းမဟုတ်တာကြောင့် နော့စ်အနေနဲ့ လက်ခံနိုင်သည်၊ဒါပေမယ့် ပထမတစ်ယောက်ကို လက်ခံလိုက်ရုံနဲ့ ဒုတိယတစ်ယောက်ကို ထပ်လက်ခံမည်ဟု ဆိုလိုလို့မရပေ၊
"ဟုတ်တယ်...ကျွန်တော်လည်း နော့စ်ကို လက်ခံနိုင်ပေမယ့် နောက်တစ်ယောက်ကိုတော့ လက်မခံနိုင်ဘူး" အန်းလ်တိုကလည်း မဒမ်နွန်းကိုကြည့်ရင်းပြောလိုက်သည်၊ သာမန်အချိန်ဆိုရင် မဒမ်နွန်းက ပြန်လည်ပြောဆိုမိပေမယ့် ဒီလူငယ်နှစ်ယောက်ရဲ့နောက်ခံက သူ(မ)တို့မျိုးနွယ်စုအင်အားနဲ့ထပ်တူညီလှသည်၊
"အီရှ မင်းကော ဘယ်လိုသဘောရလဲ" မဒမ်နွန်းက သူ(မ)ရဲ့သားဘက်လှည့်ကာမေးလိုက်သည်၊အီရှက မဒမ်နွန်းကို ကြည့်ရင်း အန်းလ်တိုနဲ့နော့စ်ကို လှည့်ကြည့်ရင်း တွေးလိုက်မိသည်၊
'ဒီအချောလေးနဲ့အလှလေးနှစ်ယောက်ထက် ပိုပြီးသာမဲ့သူရှိမယ်တဲ့လား...မင်းတို့ပဲ သူတို့မျက်နှာလေးတွေကြည့်လေ... ဒီနှစ်ယောက်နဲ့တင် ငါ့ဘဝကြီးက သာယာနေပြီကို ငါက နောက်တစ်ယောက်ကို ဘာလို့ထပ်ရှာမှာလဲ...ဘယ်လိုတောင် ဥာဏ်ရည်နိမ့်ကျနေကြလဲမသိဘူး'
YOU ARE READING
FantasyStarted date: 10.8.2021 End date: 1.3.2023 Own Creation Season-1 (The End) သူ့ချစ်သူက သူ့အပေါ် သစ္စာဖောက်ခဲ့တယ်... သူ့သက်တော်စောင့်ကလည်း သူ့အပေါ် နောက်ကျောဓားထိုးခံတယ်... သူရဲ့မိသားစုကလည်း သူအပေါ် မိသားစုတစ်ယောက်လို မဆက်ဆံခဲ့ဘူး... သူရဲ့ပညာတွေ .သူရ...