Zawgyi
ဒန်နာရီ အခန်းထဲရောက်လာချိန်မှာတော့ သူ့ကိုယ်သူပြန်တည်ငြိမ်အောင်လုပ်လိုက်ပြီး ထိုတားမြစ်နယ်မြေဆီကို သွားဖို့အတွက် အချက်အလက်တွေသာ စုရန်တွေးလိုက်သည်၊
*စိန်အဆင့်ရောက်မယ်ဆိုရင် မင်းက အခွင့်ထူးခံကျောင်းသားတစ်ယောက်ဖြစ်လာလိမ့်မယ်*
'စိန်အဆင့်ရောက်ဖို့ဆို မလွယ်ကူဘူးလို့ထင်တာပဲ'
သူတို့လို ပါရမီရှင်တွေတောင် ရွှေအဆင့်သာသတ်မှတ်ခံထားရသည်မလား၊စိန်အဆင့်ရောက်ဖို့က စစ်မြေပြင်ကို သွားရန်လည်း လိုအပ်သေးသည်၊ဒါပေမယ့် သူက ပထမနှစ်ရဲ့ပထမတန်းပဲ ရှိသေးတာကြောင့် ကျောင်းတော်က ခွင့်ပြုမည်မဟုတ်ပေ၊နောက်တစ်နည်းကတော့ လေ့ကျင့်ရေးကွင်းပြင်မှာ အဆင့်တစ်ဆယ်ဝင်မှဖြစ်လိမ့်မည်၊
*တကယ်တော့ နောက်တစ်နည်းရှိပါသေးတယ် လူငယ်လေး...ဂျော့ဖရေးရဲ့ဝတ်စုံကို မင်းပြုပြင်ပေးခဲ့တာပဲမဟုတ်ဘူးလား...အဲ့နည်းလမ်းကို မင်းတစ်ယောက်တည်းပဲ သိတာပဲလေ...ကျောင်းသားတိုင်းက ကောင်းမွန်တဲ့ကာကွယ်ရေးမှော်ဝတ်စုံကို လိုချင်ကြတာပဲမလား...*
ဇီနိုစကားကြောင့် ဒန်နာရီလည်း အကြံရသွားကာခေါင်းညိတ်လိုက်သည်၊သူ့ရဲ့အရည်အချင်းတွေကို အသုံးချသင့်တာ အမှန်ပေ၊ မှော်အင်းကွက်ရေးဆွဲတဲ့သူတွေထဲမှာ အရာဝတ္ထုထဲပြန်လည်ထည့်သွင်းမွမ်းမံတာ အခက်အခဲဆုံးမဟုတ်ပေမယ့် ထိုမှော်ဆရာတွေက ရှားပါးနေဆဲပေ၊
တကယ်လို့ သူသာ ကျောင်းဝတ်စုံထဲက အဆင့်နိမ်မှော်အစီအရင်ကို အလယ်အလတ်အဆင့်ထိ မြှင့်တင်ပေးလိုက်ရင် သူ့အရည်အချင်းကို ကျောင်းတော်က သံသယမဝင်သလို သတိလည်းထားမိလာလိမ့်မည်၊
ဂျော့ဖရေးရဲ့ဝတ်စုံလိုတော့ အကောင်းဆုံးအဆင့်ထိတော့ သူမမြှင့်တင်ပေးနိုင်သေးပေ၊ဒါက သူ့လို ငယ်ရွယ်တဲ့သူတစ်ယောက်အတွက် အန္တရာယ်ကို ဖိတ်ခေါ်သလိုဖြစ်လိမ့်မည်၊
နောက်တစ်နေ့ရောက်တဲ့အချိန်မှာ ဒန်နာရီက သူ့ရဲ့သူငယ်ချင်းတွေနဲ့အတန်းတက်တော့သည်၊
"ဒီတစ်ခေါက် မင်းတို့ကို သင်ပေးမှာကတော့ မှော်ပေါင်းစပ်ခြင်းပဲ" ပါမောက္ခက လေစွမ်းအင်နဲ့ရေခဲစွမ်းအင်ကို အသုံးပြုပြပြီး ရေခဲစွမ်းအားရအောင် ဖန်တီးပြတော့သည်၊
أنت تقرأ
خيال (فانتازيا)Started date: 10.8.2021 End date: 1.3.2023 Own Creation Season-1 (The End) သူ့ချစ်သူက သူ့အပေါ် သစ္စာဖောက်ခဲ့တယ်... သူ့သက်တော်စောင့်ကလည်း သူ့အပေါ် နောက်ကျောဓားထိုးခံတယ်... သူရဲ့မိသားစုကလည်း သူအပေါ် မိသားစုတစ်ယောက်လို မဆက်ဆံခဲ့ဘူး... သူရဲ့ပညာတွေ .သူရ...