Zawgyi
ဒန်နာရီအတွက် အဝတ်အစားပြင်ဆင်လို့အပြီးမှာပဲ ဒုတိယအစ်ကိုဒေ့ကိုးနက်စ်ဟာ ရောက်လာတော့သည်၊သူဟာ ငွေရောင်ပိုးထည်နဲ့ရွှေရောင်အမျှင်များ သေသပ်စွာချုပ်ထားသည့်အဝတ်အစားကို ဝတ်ကာ ချစ်စရာကောင်းလှသည့်ညီငယ်လေးကို ကြည့်ကာ ပြုံးလိုက်သည်၊
"ငါ့ညီငယ်လေးက ဘယ်လိုဝတ်ထားပါစေ သိပ်ချစ်စရာကောင်းတာပဲ"
"အဟမ်း" ဒေ့ကိုးနက်စ်ဟာ သူ့ကိုယ်သူပြန်ထိန်းလိုက်ပြီး ချောင်းဟန့်လိုက်ပြီး ဒန်နာရီဆီသွားကာ
"အဆင်သင့်ဖြစ်ရင် ကိုကိုတို့သွားရအောင်"လို့ပြောကာ လက်ကမ်းလိုက်တော့ ဒန်နာရီကလည်း သူ့အစ်ကိုဒေ့ကိုးနက်စ်ကို ကြည့်ကာ ခေါင်းညိတ်လိုက်ပြီး သူရဲ့လက်သေးသေးလေးကို ပေးလိုက်သည်၊သူထင်တာက လက်တွဲလျှောက်မယ်ထင်ခဲ့ပေမယ့် သူရဲ့အစ်ကိုဟာ သူ့ကိုချီကာ အပြင်ထွက်သွားတော့သည်၊
ဒန်နာရီမှာ ရုတ်တရက်အပြုအမူကြောင့် အလန့်တကြားဖြစ်သွားကာ ဒေ့ကိုးနက်စ်ရဲ့အဖြူရောင်ပွဲတက်ဝတ်စုံကို အတင်းဆုပ်ကိုင်ထားမိလိုက်သည်၊နောက်မှ သူရဲ့စိတ်ကို ပြန်ဖြေလျော့လိုက်ပြီး သူ့အစ်ကိုပေါ်မှာ သက်သောင့်သက်သာနေနေတော့သည်၊သူအစ်ကိုတွေနဲ့ဆိုရင် သူလမ်းလျှောက်စရာပင်မလိုပင်၊ပထမအစ်ကိုဟာလည်း အမြဲချီထားပြီး ဒုတိယအစ်ကိုကလည်း ထိုနည်းတူစွာပင်၊
"ဒီပွဲက ဒန်နာရီနဲ့အန်ဒီးယားကို ရည်ရွယ်ပြီးလုပ်တဲ့ပွဲပဲ ဒါပေမယ့် ညီငယ်လေးကို တစ်ချို့လူတွေက သတိထားစောင့်ကြည့်နေလိမ့်မယ်၊ဒါကြောင့် ကိုကိုနားမှာပဲ နေနော် ကြားလား" အစ်ကိုဒေ့ကိုးနက်စ်စကားကြောင့် ဒန်နာရီဟာ နားလည်စွာခေါင်းညိတ်လိုက်သည်၊ထိုနောက်မှာ သူအစ်ကိုရဲ့လည်ပင်းကို သူလက်နှစ်ဖက်ဖြင့်ဖက်တွယ်ထားလိုက်ပြီး
"အစ်ကိုဆိုရက်စ်ရော..."
"အစ်ကိုဆိုရက်စ်က တော်ဝင်ကျောင်းတော်ရဲ့ပင့်ခေါ်စာကို မနေ့ညဦးပိုင်းက အကြောင်းလွှာရရှိခဲ့လို့ အိမ်တော်က ဒီမနက်အာရုံဦးပိုင်းတည်းက ထွက်သွားတယ်...ရက်အနည်းငယ်ပဲ ကြာမှာဆိုတော့ အစ်ကိုဆိုရက်စ်က ဒန်နာရီကို လာမပြောတော့တာလေ" ဒန်နာရီဟာ ခေါင်းညိတ်လိုက်ပြီး အစ်ကိုဆိုရက်စ်လမ်းခရီးဖြောင့်ဖြူးပါစေလို့တွေးလိုက်သည်၊
VOUS LISEZ
FantasyStarted date: 10.8.2021 End date: 1.3.2023 Own Creation Season-1 (The End) သူ့ချစ်သူက သူ့အပေါ် သစ္စာဖောက်ခဲ့တယ်... သူ့သက်တော်စောင့်ကလည်း သူ့အပေါ် နောက်ကျောဓားထိုးခံတယ်... သူရဲ့မိသားစုကလည်း သူအပေါ် မိသားစုတစ်ယောက်လို မဆက်ဆံခဲ့ဘူး... သူရဲ့ပညာတွေ .သူရ...