Zawgyi
တစ်နှစ်ကြာပြီးနောက်မှာ~
ဒန်နာရီဟာလည်း ခုနှစ်နှစ်အရွယ်ကို ရောက်ရှိလာတော့သည်၊ကလေးလေးနှစ်ယောက်ဟာ ချယ်ရီပင်အောက်မှာ တစ်ယောက်ဟာ ထိုင်ကာ စာဖတ်နေပြီး နောက်တစ်ယောက်ကတော့ သစ်ပင်ရဲ့ပင်စည်ကို ကျောဖြင့်မှီထားပြီး ရပ်နေသည်၊သူတို့ကြားရှိ လေထုဟာလည်း သက်သောင့်သက်သာရှိနေပြီး နှစ်ယောက်လုံးဟာ တိတ်ဆိတ်ငြိမ်သက်နေတော့သည်၊
ထိုအချိန်မှာ နဖူးမှာ သရဖူပုံပါတဲ့ငှက်လေးတစ်ကောင်ဟာ ပျံဝဲလာပြီး စာဖတ်နေတဲ့ကလေးလေးရဲ့ပခုံးပေါ် နားခိုလာတော့သည်၊
"သခင်လေး အချိန်ပြည့်ပြီထင်တယ်" မတ်တပ်ရပ်နေတဲ့ကလေးလေးဟာ မတ်မတ်ရပ်လိုက်ပြီး ပြောလာတော့သည်၊သူတို့နှစ်ယောက်ဟာ ဒန်နာရီနဲ့ရေးလ်ဖြစ်သည်၊
"ရေးလ် နောက်သုံးရက်နေရင် ယူနိုရက်စ်နယ်မြေကို ငါတို့သွားရတော့မယ်" ဒန်နာရီဟာ ငှက်လေးရဲ့ခေါင်းထိပ်ကိုပွတ်ပေးရင်း ပြောလိုက်သည်၊တစ်နှစ်အတွင်းမှာ ရေးလ်ဟာလည်း သူ့ထက် အရပ်အနည်းငယ်ရှည်လာရုံသာမက ဓားရေးမှာလည်းထက်မြက်လာတာကြောင့် အစ်ကိုဆိုရက်စ်ရဲ့အစောင့်အရှောက်ပင် အမြဲချီးမွမ်းနေတတ်သည်၊
ဒန်နာရီဟာလည်း အနည်းငယ်အံ့အားသင့်နေတာအမှန်ပေ၊ဒါပေမယ့် ရေးလ်ဟာ အစောင့်အရှောက်သူရဲကောင်းအဖြစ်မွေးဖွားလာတဲ့သူဖြစ်တာကြောင့် တိုက်ခိုက်ရေးမှာ တဟုန်ထိုးတိုးတက်လာသည်ဟာ မထူးဆန်းပေ၊
"သခင်လေး ဘယ်နေရာကိုသွားပါစေ ရေးလ်က အမြဲလိုက်လံစောင့်ရှောက်မှာပါဗျ"
ဒန်နာရီဟာ ခေါင်းသာညိတ်လိုက်ပြီးနောက်မှာ လေထုဟာလည်း ပြန်လည်ဆိတ်ငြိမ်သွားတော့သည်၊ဒါက သူတို့နှစ်ယောက်ကြားဖြစ်နေကျမို့လို့ ဒန်နာရီနဲ့ရေးလ်ဟာ ကိုးရိုးကားရိုးမဖြစ်သွားပဲ အေးဆေးနေနေတော့သည်၊
"ဒန်လေး!!!" အဝေးကနေ ယောကျာ်းတစ်ယောက်အသံကြားချိန်မှာ ဒန်နာရီဟာ နားသာစွင့်လိုက်ပြီး မော့မကြည့်ပဲ စာအုပ်သာဆက်ဖတ်နေလိုက်သည်၊ခြေသံအနားရောက်လာသည့်အခါမှ ဒန်နာရီဟာ စာအုပ်ကိုပိတ်လိုက်ပြီး မတ်တပ်ထရပ်လိုက်ပြီး နူတ်ဆက်လိုက်သည်၊
YOU ARE READING
FantasyStarted date: 10.8.2021 End date: 1.3.2023 Own Creation Season-1 (The End) သူ့ချစ်သူက သူ့အပေါ် သစ္စာဖောက်ခဲ့တယ်... သူ့သက်တော်စောင့်ကလည်း သူ့အပေါ် နောက်ကျောဓားထိုးခံတယ်... သူရဲ့မိသားစုကလည်း သူအပေါ် မိသားစုတစ်ယောက်လို မဆက်ဆံခဲ့ဘူး... သူရဲ့ပညာတွေ .သူရ...