Part 8

3.5K 342 55
                                    

"နေရောင်ကိုကျောခိုင်းထားတဲ့နေကြာ"

အပိုင်း (၈)

"ဟင့်အင်း မြတ်သဘောမတူဘူး ကိုကို.. သူတို့အသိုင်းအဝိုင်းက ချမ်းသာတာပဲ.. သူတို့ဘာသာ အလှူရှင်ရှာလိမ့်မယ်"

"အလှူရှင်က လွယ်လွယ်နဲ့မရဘူးလေ မြတ်ရယ်.. ဆေးစစ်ကြည့်ပြီး အချက်အလက်တွေ အကုန် ကိုက်ညီမှရမှာလေ"

"အဲ့တာက သူတို့ ကိစ္စလေ.. ကိုကိုက ဘာလို့ ကျောက်ကပ်လှူမှာလဲ"

"မြတ်လေး.. ကိုကို့ညီမလေးက စိတ်နှလုံးဖြူစင်တဲ့သူလေးပါ.. ဘာဖြစ်လို့ လူ့အသက်တစ်ချောင်းကို မကယ်ချင်ရတာလဲ"

"ဟင့်အင်း.. ကိုကိုက ကျောက်ကပ်တစ်ခုတည်းနဲ့ ဘယ်လိုနေမှာလဲ.. မြတ် သိသလောက်ဆိုရင် ကျောက်ကပ်ထုတ်လိုက်ရတဲ့အတွက် အလုပ်ကြမ်းတွေမလုပ်နိုင်တော့ဘူးတဲ့"

"ကိုကိုက အလုပ်ကြမ်းလုပ်ရမှာကျနေတာပဲ"

"ဟင့်အင်း ဟင့်အင်း... မြတ် သဘောမကျဘူး ကိုကို.. ပြီးတော့ ခွဲစိတ်ရင်း အမှားယွင်းတစ်ခုခုရှိခဲ့ရင် ဘယ်လိုလုပ်မှာလဲ.. မြတ်မှာက ကိုကိုပဲရှိတာ"

"မြတ်က လိမ္မာပါတယ်ကွာ.. ကြီးမေကတောင် သဘောတူထားတာပဲ.. ကျောက်ကပ်အစားထိုးတာက အမှားအယွင်း မဖြစ်ပါဘူး မြတ်လေးရဲ့"

"မလိမ္မာဘူးကိုကို ... မြတ် မလိမ္မာချင်တော့ဘူး.. မြတ်မှာ ကိုကိုပဲရှိတာ"

ခါးခါးသီးသီးဖြစ်နေသော ညီမငယ်မေမြတ်ကို ကိုခန့်က ပြုံးရင်းကြည့်နေမိသည်။ မေမြတ်ကတော့ ငိုထားသဖြင့် မျက်လုံးလေးများ ဖောင်းအစ်နေရှာသည်။

ကိုခန့်က နှင်းကိုကျောက်ကပ်လှူရန် စစ်ဆေးကြည့်သည့်အခါ အချက်အလက်များအားလုံးက ကိုက်ညီလျှက်ရှိသည်။ ထို့ကြောင့် လှူရန်လည်းဆုံးဖြတ်မိသည်။ အလှူရှင်စောင့်နေပါက ပိုင်ငယ်ပြောသကဲ့သို့ ရေရှည်တွင် တောင့်မခံနိုင်မည်ကိုစိုးရိမ်ရသည်။ ထို့ကြောင့် ကိုခန့်က လှူရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ သို့သော် တစ်ဦးတည်းသော ညီမဖြစ်သည့် မေမြတ်က ခါးခါးသီးသီးဖြစ်နေလေသည်။ သဘောတူသည့် အရိပ်ယောင်လုံးဝမရှိပါလေ။

နေရောင်ကိုကျောခိုင်းထားတဲ့နေကြာ (Completed)Where stories live. Discover now