Part 4

4.5K 382 45
                                    

"နေရောင်ကိုကျောခိုင်းထားတဲ့နေကြာ"

အပိုင်း (၄)

ကိုခန့်အိမ်သို့ ပိုင်ငယ်ရောက်သွားသည့်အခါ ကြီးမေလက်ရာဖြစ်သော နန်းကြီးသုတ်ကို စားချင်စဖွယ် ပြင်ဆင်ထားပြီးဖြစ်သည်။ ကြီးမေနှင့် မေမြတ်က နံနံပင်များညှပ်ထည့်ပြီး စားသော်လဲ ကိုခန့်က နံနံပင်ထည့်မစားပေ။ ထို့ကြောင့် ကိုခန့်က နန်းကြီးသုတ်ထဲမှ နံနံပင်နှင့် ကြက်သွန်များကို ဖယ်နေလေသည်။

"ကိုခန့်က ကြက်သွန်မစားဘူးမလား"

ပိုင်ငယ်၏ အမေးကို ကိုခန့်မဖြေခင် ပြန်ဖြေသူက မေမြတ်ဖြစ်လေသည်။

"ဟုတ်တယ် ကိုကိုက ကြက်သွန်စိမ်းမစားဘူး.. မြတ်က မေ့ပြီးအကုန်ထည့်ပေးလိုက်တော့ ကြီးမေက နယ်လိုက်တာ ဖယ်ချိန်မရလိုက်တော့ဘူး"

"ကိုခန့် အဆင်ပြေလား ကျွန်တော် အသစ်သုတ်ပေးမယ်လေ နန်းကြီးဖတ်တွေရှိသေးလား မြတ်"

"ရှိတယ် သွားသုတ်ပေးလိုက်လေ"

"အင်း... ကိုခန့် မစားနဲ့ဦး"

သို့သော် ပိုင်ငယ် ထခါနီး ကိုခန့်က တားလေသည်။

"ရတယ်ပိုင်ငယ် ဒါပဲစားလိုက်မယ် ကြက်သွန်တွေက ဖယ်လိုက်လို့ရပါတယ်"

"ကြက်သွန် အနံ့တွေကျန်နေမယ်လေ ကိုခန့်ရယ်"

"ရတယ် ပိုင်ငယ် ကိစ္စမရှိဘူး.. နန်းကြီးတွေ ပွကုန်မယ် စားတော့"

ထို့နောက် ကိုခန့်က ကြက်သွန်များဖယ်က နန်းကြီးသုတ်စားရင်း နာရီတကြည့်ကြည့် လုပ်နေလေသည်။

"ကိုခန့် သွားစရာရှိလို့လား ဒီနေ့က စာသင်စရာတွေလဲမရှိဘူးမဟုတ်လား"

"အင်း စာသင်စရာမရှိပါဘူး ပိုင်ငယ်... မကေလာလည်မယ်တဲ့ အဲ့တာကြောင့်ပါ"

"ဪ မကေကို စောင့်နေတာလား"

"အင်း"

ကိုခန့်က မကေလာလည်လျှင် ပျော်နေတတ်သည်။ မကေကလဲ ကိုခန့်ကို အတော်လေးအလေးထား ဆက်ဆံသည်ကို ပိုင်ငယ်သိပြီးသားဖြစ်လေသည်။ ခဏအကြာတွင် တံခါးဘဲလ်သံကြားရသဖြင့် ကိုခန့်က အပြေးအလွှားသွားဖွင့်ပေးသည်။

နေရောင်ကိုကျောခိုင်းထားတဲ့နေကြာ (Completed)حيث تعيش القصص. اكتشف الآن