အပိုင်း (၁၃)
ကိုခန့်နိုးလာသောအခါ မြတ်မင်းသာက ရှိနေမနေတော့ပဲ ပိုင်ငယ့်ကိုသာတွေ့လိုက်ရသည်။ သို့သော် ကိုခန့်ပတ်ဝန်းကျင်ကို ကြည့်လိုက်သည့်အခါ မြတ်မင်းသာ ခေါ်လာသည့် ဆေးခန်းမှာပင် ရှိနေသေးသည်။
"ပိုင်ငယ်"
ဖုန်းကြည့်နေသည့် ပိုင်ငယ်က ကိုခန့်ခေါ်သံကြောင့် ဖုန်းကိုပိတ်လိုက်သည်။ ထို့နောက် ထိုင်နေရာမှ ထလာကာ ကုတင်ပေါ်တွင်ဝင်ထိုင်သည်။
"နေမကောင်းတာကို ဘာလို့မပြောတာလဲ.. ဒီလိုနဲ့ သေသွားဦးမယ်"
"ခုရက်ပိုင်း နည်းနည်းပင်ပန်းနေတာပါ.. အထွေထူးမရှိပါဘူး.. သေလောက်တဲ့အထိတော့ မဖြစ်သေးပါဘူး ပိုင်ငယ်"
"ဆေးခန်းရောက်တဲ့အထိက အထွေအထူးမရှိဘူးလား ကိုခန့်"
"ပိုင်ငယ်... ဟိုလေ"
"ကျွန်တော် ဘယ်လိုရောက်လာတာလဲ မေးမလို့လား"
"အင်း"
"ကိုမြတ်လှမ်းခေါ်တာ ... သူအလုပ်ကိစ္စပေါ်လာတော့ ကိုခန့်ကို အိမ်ပြန်မပို့နိုင်တော့ဘူးတဲ့ ကိုခန့်ကားကိုလည်း သူယူသွားတယ်"
"ကိုမြတ်က ပိုင်ငယ့် ဖုန်းနံပတ်ကို..."
" အိမ်မှာတုန်းက ကျွန်တော့်ဖုန်းနံပတ်တောင်းသွားတယ်လေ"
"အာ"
"ထနိုင်လား လာ... ကျွန်တော်ထူပေးမယ်"
ဆေးသွင်းလိုက်သဖြင့် အနည်းငယ်သက်သာသော်လည်း ကိုခန့်နေရသည်ကတော့ သိပ်မသက်သာသေးပေ။ ထို့ကြောင့် ပိုင်ငယ်ထူပေးသည်ကို မငြင်းတော့ပဲ လက်ခံလိုက်သည်။
"Junction Mawtin နဲ့ နီးတယ် ကြေးအိုးစားကြမလား"
ပိုင့်ငယ့်အမေးကို ကိုခန့်က မဖြေပဲ ကြည့်သာပြန်ကြည့်လိုက်မိသည်။
"ကြည့်မနေနဲ့ ကပ်စီးနဲလေးကိုခန့်ရယ်.. ကျွန်တော်ကျွေးမှာ ကျွန်တော်ဝယ်ကျွေးမယ် .. နေ့လည်ကလည်း ထမင်းကောင်းကောင်းမစားဘူးမဟုတ်လား"
"မင်း ဝယ်ကျွေးရင်တော့ စားမယ်"
"ဟုတ်ကဲ့ဗျာ ကျွန်တော်မျိုးကပဲ ဝယ်ကျွေးပါ့မယ်... ဝက်သားတုတ်ထိုးလေး တစ်ခါလောက်စားမိပါတယ် အကြည့်ခံရတာတောင် ကျောချမ်းစရာကြီး"
YOU ARE READING
နေရောင်ကိုကျောခိုင်းထားတဲ့နေကြာ (Completed)