အပိုင်း (၃၀)
Gyeongbok Palace က ကိုရီးယားနိုင်ငံ ဂျိုဆွန်းခေတ် နောက်ဆုံးမင်းဆက်၏ နန်းတော်ဖြစ်ပြီး လာရောက်လည်ပတ်သူများပြားသည့် နေရာများထဲမှတစ်ခုဖြစ်သည်။ နန်းတွင်းဇာတ်လမ်းများ ရိုက်ကူးရာနေရာလည်းဖြစ်သည်။ ထို့ကြောင့် ကိုရီးယားခရီးစဉ်များထဲမှ ဖယ်ထုတ်မရသည့် လည်ပတ်ရာနေရာပင်။ ယနေ့တိုင် ရှေးမူမပျက်ထိန်းသိမ်းထားပြီး စိတ်ဝင်စားဖွယ်လည်းကောင်းလှသည်။
နန်းတော် အပြင်ဘက်တွင် ရိုးရာဝတ်စုံဆိုင်များရှိပြီး မလည်ပတ်မီ အဝတ်အစားများ ငှားရမ်းဝတ်ဆင်နိုင်သည်။ သို့သော် ကိုခန့်က အဝတ်မလဲချင်ဟု ဆိုသဖြင့် ပိုင်ငယ်မှာ မျက်နှာမသာမယာဖြစ်နေလေသည်။ နံနက်စာစားချိန်တွင် စိတ်မပါလက်မပါဖြစ်နေသည့် ပိုင်ငယ်က ကိုခန့်ကို စကားတစ်လုံးမျှမပြောပါ။ ထမင်းများကို တစ်လုံးချင်းရေတွက်ကာ စိတ်မပါလက်မပါစားနေသည်။
"မင်း ဘာဖြစ်နေတာလဲ"
"မောင် ဘာမှ မဖြစ်ဘူး"
စိတ်ကောက်နေသော်လည်း ပိုင်ငယ်က မောင်ဟုသာ သုံးနှုန်းလိုက်သည့်အတွက် ကိုခန့်ပြုံးမိသွားသည်။
"ဘာပြုံးတာလဲ"
"မင်း စိတ်ကောက်နေတာကို ရီချင်လို့"
"ဘယ်သူက စိတ်ကောက်နေလို့လဲ"
"စိတ်ကောက်နေတာပဲလေ"
"မကောက်ပါဘူး"
"မင်း စဉ်းစားကြည့်လေ"
"ဘာစဉ်းစားရမှာလဲ.. ပျင်းတယ်"
"ရာသီဉတုကအေးတယ်လေ အဝတ်တွေ ချွတ်လိုက်ဝတ်လိုက်မလုပ်ချင်လို့.. ပြီးတော့ Hanbok က ဝတ်ရလွယ်တယ်မှတ်နေလား"
"ဝတ်ရလွယ်အောင် လုပ်ထားပါတယ် ကိုခန့်ရဲ့.. ကျွန်တော်ဝတ်ဖူးပါတယ်"
"မင်းဝတ်ဖူးပြီးသားကို ဘာလို့ ထပ်ဝတ်ချင်နေရတာလဲ"
"ကိုခန့်နဲ့ အတူတူမှ မဝတ်ဖူးသေးတာ"
"ကဲ ကလေးလား.. အဲ့ပန်းကန်ကို ဇွန်းနဲ့တွန်းမနေနဲ့တော့"
"သူများတွေက နန်းတော်ထဲမှာ ရိုးရာဝတ်စုံနဲ့ လည်ကြတာကို .. ဟူး"
BẠN ĐANG ĐỌC
နေရောင်ကိုကျောခိုင်းထားတဲ့နေကြာ (Completed)