Part 27 (Z)

262 9 0
                                    


အပိုင်း (၂၇)

ကိုခန့်က အလုပ်များနေသည့်အတွက် ခရီးကိစ္စကို ပိုင်ငယ်ကပင်စီစဉ်ခဲ့သည်။ ဗီဇာလျှောက်သည့် တစ်ရက်သာ ကိုခန့်က သံရုံးသို့ သွားခဲ့ရပြီး ကျန်သောကိစ္စအားလုံကို ပိုင်ငယ်ကသာ လစ်လပ်မှုမရှိအောင် စီစဉ်ထားခဲ့သည်။ ကိုခန့်က ပိုင်ငယ့်ကို ဘာမှစောဒကတက်ခြင်း မရှိပဲ ပိုင်ငယ် လိုသမျှကိုသာ ဘေးကနေကူညီပေးခဲ့ရသည်။

မတ်လဖြစ်သည့်အတွက် ကိုရီယားတွင် နွေဦးရာသီဖြစ်သည်။ ကိုရီးယားတွင် ရာသီလေးခုရှိသည်။ နွေဦး၊ နွေ၊ ဆောင်းဦး၊ ဆောင်း ဟူ၍ လေးရာသီရှိပြီး ပိုင်ငယ်တို့ သွားရောက်လည်ပတ်မည့် မတ်လသည် ကိုရီးယား၏ ချယ်ရီကြွေချိန် နွေဦးဖြစ်သည်။ အလွန်လှသော အချိန်များထဲတွင် ပါဝင်သည့်လလည်း ဖြစ်သည်။

နွေဦးဆိုသော်လည်း ညပိုင်းတွင် အပူချိန် ၈ ဒီဂရီစင်တီဂရိတ်လောက်သာရှိပြီး နေ့လည်ပိုင်းများတွင် ၁၅ ဒီဂရီစင်တီဂရိတ်လောက်သာရှိသည်။ ထို့ကြောင့် မြန်မာနိုင်ငံမှ ရန်ကုန် ဆောင်းတွင်းထက်ပင် ပို၍ အေးသည်ဟု ဆိုနိုင်သည်။ ထို့ကြောင့် ပိုင်ငယ်က အနွေးထည် လက်အိတ်နှင့် မာဖလာများကို အဓိကထား ပြင်ဆင်ထားခဲ့လေသည်။

ကိုရီးယားသို့ လည်ပတ်ရန် အကောင်းဆုံးအချိန်မှာ အောက်တိုဘာလနှင့် မတ်၊ ဧပြီလများဖြစ်သည်။ အောက်တိုဘာလတွင် မေပယ်များအရောင်ပြောင်းပြီး မတ်လတွင် ချယ်ရီများပွင့်ပြီး ကြွေသည်။ ထို့ကြောင့် ထိုလများက လည်ပတ်ရန် အကောင်းဆုံးဟုဆိုနိုင်သည်။

ပိုင်ငယ်က လေကြောင်းလိုင်းများစွာထဲမှ တိုက်ရိုက်လေကြောင်းဖြစ်သည့် Korean Air ကိုရွေးချယ်ထားသည်။ တည်းခိုမည့်ဟိုတယ်ကို နာမည်ကျော် မြောင်ဒုံးဈေးအနီးရှိ Golden Tulip Hotel ကိုရွေးချယ်ထားခဲ့သည်။ ညပိုင်းတွင် ဈေးဝယ်ထွက်နိုင်စေရန် ထိုဟိုတယ်ကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

လေယာဉ်က ည ၁၀ နာရီ ကွင်းချိန်းဖြစ်သည့်အတွက် ကိုခန့်နှင့် ပိုင်ငယ်က လိုအပ်သည်များကို ထည့်နေကြရသည်။

နေရောင်ကိုကျောခိုင်းထားတဲ့နေကြာ (Completed)Hikayelerin yaşadığı yer. Şimdi keşfedin